ညတုန်းက ကျွန်တော် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပုံရသည် ။ နိုးလာတော့ ခေါင်းတစ်ခုလုံး ကြည်လင်၍ နေသည်။ ဆေးမသောက်ရပဲ ကောင်းကောင်းမွန်မွန် အိပ်ပျော်တဲ့ ပထမဆုံးနေ့ပဲ ။ တစ်ရေးမှ နိုးပုံမထောက်ရင် စောက မနက်ပိုင်းထိ ကျွန်တော်နားမှာ နေပေးပုံရသည် ။
ခေါင်းကို လက်နှစ်ဖက်နှင့်ကိုင်ကာ ညက ယောင်မိသေးလား ပြန်တွေးမိသည် ။ ရေးတေးတေးလေးတော့ မှတ်မိလာသည် ။
" အာ ငါယောင်ခဲ့သေးတာပဲ "
ဒါပေမယ့်လည်း စောရှိနေပေးခဲ့၍ လန့်မနိုးလာခဲ့ပေ ။
ကျွန်တော် စောင်ထဲမှ ထလိုက်ကာ မျက်နှာသစ် သွားတိုက်လိုက်သည်။
အောက်ထပ်ကို အပြေးဆင်းပြီး ဧည့်ခန်းထဲ စောရှိမလားလို့ မျက်စိကစားလိုက်သည် ။ စောကိုတော့ မတွေ့ ၊ ကြီးနွယ်ကိုပဲ တွေ့သည်။ ကြီးနွယ်ကလည်း ကျွန်တော့်ပုံ ကြည့်တာနဲ့ သိပုံရသည်။" သားရဲ့ စောက မနက်စာ စားဖို့ စောင့်နေတယ် "
ကျွန်တော် ကြီးနွယ်ကို ပြုံးပြလိုက်ပြီး ထမင်းစားခန်းထဲ ခြေလှမ်းကျဲတွေနဲ့ ဝင်သွားလိုက်သည်။
" လာပြီလား ထိုင် ၊ နွားနို့ သောက်မှာမို့လား "
" အင်း "
စောတစ်ယောက်ပဲ ကျွန်တော့်အကြိုက်တွေ သိသည်။ စော ကိုယ်တိုင်က နွားနို့မကြိုက်သည့်တိုင်
ကျွန်တော်ကြိုက်မှန်းသိ၍ အမြဲ ဝယ်ပေးထားတတ်သည်။ ဒီကမ္ဘာကြီးမှာ
စောက ကျွန်တော့်အပေါ် အလိုက်သိဆုံး ၊ အလိုလိုက်ဆုံးပဲ ။" ထမင်းဖြူလား "
စားပွဲပေါ်က ပဲပြုတ်ကို ကြက်သွန်နီနဲ့သုတ်ထားသော ခွက်ကိုမြင်၍ မေးလိုက်သည်။
" အင်းလေ ထမင်းပူပူလေးကို ပဲပြုတ်နဲ့စား အာဟာရဖြစ်တယ် မင်းကျန်းမာနေမှဖြစ်မှာ "
စောက တကယ့်ကို အဖေကိုယ်စား လိုလေးသေးမရှိ သုံးဖြုန်းနိုင်အောင် ရှာပေးသလို ၊ အမေ့ကိုယ်စား ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ပေးသည် ၊ ဆိုဆုံးမပေးသည် ။ စောက တကယ်ကို တာဝန်ကျေလွန်းသည် ။
မိဘတွေ မရှိတော့ပေမယ့် ၊ မိဘနှစ်ပါးက ကျွန်တော့်အနားကနေ အစောကြီး ထွက်သွားခဲ့ကြပေမယ့် ကျွန်တော် ဝမ်းမနည်းပါဘူး ။ ကံတရားက ကျွန်တော့်အတွက် စောကို ချန်ပေးထားခဲ့သည်ပဲ ။ ထိုမျှလောက်
ကံကောင်းသည့်အရာ ဤလောကကြီးမှာ ရှိပါ့ဦးမလား ။
KAMU SEDANG MEMBACA
Eternal ( ခေတ္တရပ်နား )
RomansaStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...