Part 3 Unicode

895 104 1
                                    

ကြည့်ကောင်းလွန်းလှသော အရပ်ရှည်ရှည် ယောကျ်ားတစ်ဦးနှင့် လှရက်လွန်းလှသော အမျိုးသမီးတစ်ဦးဟာ မျက်နှာချင်းဆိုင်ထိုင်နေသည့်တိုင် အတွေးတွေကတော့ လွင့်ချင်ရာ လွင့်နေကြသည် ။ ထိုနှစ်ယောက်နှင့် ဆန့်ကျင်စွာ ဆိုင်ထဲရှိ လူများအားလုံးကတော့ ထိုနှစ်ယောက်ထံသာ အာရုံရှိကြလေသည် ။ မသိမသာကြည့်သူများရှိနေသလို ၊ ပေါ်ပေါ်တင်တင် ဗြောင်ကြည့်နေကြသူများလည်း ရှိသေးသည်။

လူတိုင်းက အလှတရားကို သဘောကျနှစ်ခြိုက်ကြခြင်းကြောင့် ထိုကြည့်ကောင်းလွန်းလှသော နှစ်ယောက်ကို ကြည့်နေမိကြခြင်းပင် ဖြစ်သည်။

ပန်မိုးက ကော်ဖီကို တစ်မော့သောက်လိုက်ပြီး အပူချိန်လျော့ကျနေပြီဖြစ်သော နေမင်းကြီးကို ကြည့်နေရင်း ညနေခင်းဆည်းဆာကို အပြည့်အဝခံစားနေလိုက်သည် ။ ထို့နောက် သူ(မ)ရှေ့က ငယ်သူငယ်ချင်းကို ကြည့်လိုက်ရင်း

" ရုတ်တရက်ကြီး ဘာဖြစ်ရပြန်တာလဲ "

" ဒီလိုပါပဲ ငါပြောသလို လုပ်ပေးမှာလား "

ပန်မိုးက တစ်ဖက်သားကို အကဲခတ်ရာမှာ သိပ်ကျွမ်းကျင်သည် ။ အထူးသဖြင့် ငယ်ရွယ်စဥ်ကလေးဘဝကတည်းက သိကျွမ်းခဲ့သည့် သူ(မ) သူငယ်ချင်းကိုဆို ပိုပြီးနားလည်နိုင်ပါသည် ။

" ထက်ကို ကြောင့်လား "

ပြန်မဖြေပဲ ရှေ့က ကော်ဖီခွက်ကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်သော သူ(မ) သူငယ်ချင်းကို ကြည့်ရင်း သရော်ပြုံးလေးသာ ပြုံးမိသည် ။

" နင်သူ့ကို အလိုလိုက်ပုံက ငါ့ကိုတောင် မနာလိုစေတာပဲ "

" အဲ့ဒီတော့ ငါပြောတာ နင် သဘောတူလား "

အမှန်တိုင်းပြောရရင် သူ(မ)က သဘောမတူစရာ အကြောင်းမရှိပေ ။ သူ(မ)က ဒီစေ့စပ်ပွဲကို လက်ခံလိုက်တာက မြတ်မင်းက သူ(မ)ကို ကူညီခဲ့ဖူးလို့ဖြစ်သည်။
မြတ်မင်းကလည်း သူ(မ)ကို ချစ်လို့ လက်ခံခဲ့တာ မဟုတ်သလို သူ(မ)ကလည်း မြတ်မင်းအပေါ် ခံစားချက်တွေ ရှိမနေပေ ။

မြတ်မင်းက တွေးကောင်းတွေးပါလိမ့်မည် ၊ တစ်ခြားမိန်းကလေးတွေထက် သူ(မ)ကို လက်ခံလိုက်တာက အကောင်းဆုံးဖြစ်လိမ့်မည် ဟူ၍ ။ ထို့ကြောင့်  သူ(မ)မိဘတွေက လမ်းဖောက်သည့်အခါ လက်ခံလိုက်ခြင်းဖြစ်မည် ။ သူ(မ)လက်ခံခဲ့တာကတော့ အချိန်တန်ရင် ဒီလိုစကားမျိုး ကြားရမည်ကို သိခြင်းကြောင့်ပင်ဖြစ်သည် ။ ပြောရရင် ထိုစေ့စပ်ပွဲဖျက်ပေးဖို့လာပြောတာက သူ(မ)ထင်ထားတာထက်ပင် ပိုမြန်နေပါသေးသည်။

Eternal ( ခေတ္တရပ်နား )حيث تعيش القصص. اكتشف الآن