" စော မွှေးနေတာပဲ "
လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်၍ အနားနားမှာ ရစ်သီရစ်သီလုပ်နေသော ထက်ကို ။
" စားချင်နေပြီလား "
" အင်း "
ထက်ကို မျက်နှာကြည့်ရုံဖြင့် စားချင်လှပြီမှန်း သိသာနေပေသည် ။ ငါးသုံးကောင်မှာ တစ်ကောင်ကတော့ ကျက်နေပြီ ဖြစ်သည်မို့ စားပွဲပေါ် ချပေးလိုက်သည်။
" စော အရိုး နွှင်ပေးစရာလိုသေးလား "
" နွှင်ပေးရင် အကောင်းဆုံးပဲပေါ့ "
ကျွန်တော် ငါးအရိုးတွေကို သေချာနွှင်ပေးနေတဲ့အချိန် ထက်ကိုက ဘေးနားကနေ ပြုံး၍ ကြည့်နေလေသည် ။
ထိုကလေးက ကျွန်တော့် အပေါ်ဆို အတော်လေး ဆိုးနွဲ့ချင်သည်ကိုတော့ ကျွန်တော် ရိပ်မိသည် ။" ဒီနေ့ မင်းသန့်တို့ လာဦးမှာလား "
" ဟုတ်.. "
" ဒါဆို သူတို့အတွက်ရော ချန်ထားလိုက်ဦးမယ် "
" ဟင့်အင်း တော်ပြီ.. အားလုံး ကျွန်တော့်အတွက်ပဲ ကျွန်တော်စားချင်လို့ပါဆို စောကလည်း.. သူတို့ကို လုံးဝ မကျွေးဘူးနော် "
" အင်းပါ အင်းပါ မင်းအတွက်ပဲ ဖြည်းဖြည်းပြောပါ နင်နေဦးမယ် "
အသည်းအသန်ကို 'မကျွေးချင်ဘူး' ဟူ၍ ငြင်းနေစဉ် မင်းသန့်နှင့် အဂ္ဂတို့နှစ်ယောက်က အသံပေးကာ ထမင်းစားခန်းသို့ ဝင်လာခဲ့သည် ။
" လွှမ်းထက် ၊ အစ်ကို ကျွန်တော်တို့ ရောက်ပြီ...ဟာ ငါးကင်နေတာလား စားရကံကြုံလို့ ..."
" မင်းတို့အတွက်မပါဘူး! "
မင်းသန့်မှာ စကားပုံလေးတောင် ဆုံးအောင်ပြောခွင့်မရလိုက် ၊ ထက်ကို၏ စကား ဖြတ်ပိတ်ခြင်းကို ခံလိုက်ရသည် ။
" သူ့စကားကို အလေးထားမနေနဲ့.. အစ်ကို အပိုကင်ထားတယ် "
" စောကလည်း ကျွန်တော်ပဲ စားပါမယ်ဆို သွား သွား မင်းတို့ ဧည့်ခန်းမှာ ထိုင်စောင့်နေကြ "
အတင်းကို နှင်လွှတ်နေသော ထက်ကိုကြောင့် ကျွန်တော် မျက်လုံးပြူးပြရသည်။
သို့ပေမယ့် ထိုကလေးက ဂရုမစိုက် ။
YOU ARE READING
Eternal ( ခေတ္တရပ်နား )
RomanceStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...