Part 26 Unicode

348 46 8
                                    

Sunflower ကုမ္ပဏီ ရုံးချုပ်ရှေ့၌ ကုက္ကိုပင်ကြီး တစ်ပင်ရှိသည် ။
အရိပ်ကောင်းကောင်းရသည်မို့ မခုတ်ပဲ ထားခြင်းဖြစ်သည် ။
ယခုလောလောဆယ်တွင်တော့ ထိုကုက္ကိုလ်ပင်ကြီးအောက်တွင် ဆိုင်ကယ်တစ်စီး ရပ်ထားလေသည် ။

ကုက္ကိုလ်ပင်ကြီး၏ အနောက်ဘက် ရရ၌ နေကြာပွင့် မီးအိမ်လေးဖြင့် မီးတိုင်လေးရှိလေသည် ။
မီးတိုင်ဘေးမှာတော့ ခုံတန်လျားရှည်ကြီးလည်း တည်ရှိသည် ။
မှောင်ရီပျိုးသည်နဲ့ ထိုနေကြာပွင့် မီးအိမ်လေးမှ မီးလေးလင်းလာလေသည် ။
မီးက ဖြတ်ခနဲ လင်းလာသည်နဲ့ ခုံတန်းလျားပေါ် ထိုင်နေသော လူငယ်လေးက ထည်ဝါလှသော ကုပ္မဏီကို မော့ကြည့်လိုက်လေသည် ။

..........

မီးတိုင်အောက် ရပ်ကာ အပေါက်ဝကို ကြည့်လိုက် ၊ ကျွန်တော့်ရုံးခန်းဆီ မော့ကြည့်လိုက် ၊ ခုံတန်းလျားပေါ် ပြန်ထိုင်လိုက်  ၊ တစ်ခါတစ်ရံ လမ်းလျှောက်လိုက် ၊ တစ်ခါတစ်ရံ ဖုန်းထုတ်ကာ ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေရှာသော ထက်ကို ။
ကျွန်တော် အခုရှိနေရာက မြို့လယ်မှာ ရှိသော ကျွန်တော့်ရဲ့ ရုံးချုပ် ။
ထိုကလေးကို ရှောင်ဖို့နေရာဆိုပေမယ့် ရောက်အောင်လာခဲ့သော ထက်ကိုကြောင့် ဒီနေ့တော့ ပြေးမလွတ်တော့တာ ကျွန်တော် သိလိုက်သည် ။

" သူစောင့်နေတာ ကြာပြီ "

ကျွန်တော့်ဘေးမှာ ယှဥ်ရပ်ကာ ထက်ကို,ကို အတူကြည့်နေသော နေလင်းက မေးလာသည် ။

" မင်းကိုမင်းလည်း ကြည့်ပါဦး ၊ နေနိုင်ကြတာလည်း မဟုတ်ပဲ "

နေလင်းက ကျွန်တော့်ကို ဝေဖန်လျှက်နေသည် ။
သူပြောသလိုပင် ကျွန်တော်က ထိုကလေးကို ဘာဖြစ်ဖြစ်ဆိုပြီး ပစ်မထားနိုင်သလို ၊ ထိုကလေးရဲ့ ပြောင်းလဲသွားသော ခံစားချက်ကိုလည်း လက်မခံနိုင်ပေ ။
ကျွန်တော့်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ပိုပြီးတော့တောင် လက်သင့်မခံနိုင် ။
သွေးသားမတော်စပ်ရင်တောင် တစ်သက်လုံး တူဝရီး အဖြစ်နေလာကြသည်က နောက်ထက် နှစ်နှစ်လောက်ဆိုရင် နှစ်ပေါင်းနှစ်ဆယ် ပြည့်တော့မည် ။
ယခုလောလောဆယ်တော့ မဖြစ်သင့်ဟူသော အသိစိတ်တစ်ခုသာ ကျွန်တော့်ခေါင်းထဲရှိသည် ။

Eternal ( ခေတ္တရပ်နား )Hikayelerin yaşadığı yer. Şimdi keşfedin