စီးကရက်အငွေ့တို့ကို မှုတ်ထုတ်နေရင်း ကောင်းကင်ယံကို ငေးကြည့်နေမိသည် ။
ဘဝက အထီးကျန်စရာ သိပ်ကောင်းသည် ။ရင်း...
ဘေးနား ချထားသော ဖုန်းက အသံမြည်လာသည် ။
ယူကာ ကြည့်လိုက်တော့ မသိသည့် ဖုန်းနံပါတ် ။
ဒီအချိန်ကြီး မသိသည့် ဖုန်းနံပါတ်ဝင်လာသည်က အတွေးတော့ များစေသည် ။
နောက်ဆုံးတော့ ကိုင်လိုက်ဖို့ ဆုံးဖြတ်လိုက်သည် ။" ပြော! "
" ဟုန်ခွင်းလား ငါ လွှမ်းထက်ကို "
ကျစ်...
ထိုကောင်က သူ့ဖုန်းနံပါတ်ကို ဘယ်လိုသိသွားတာလဲ ။" ဘာကိစ္စလဲ "
" ဟိုနေ့က မင်းတို့ခေါ်သွားတဲ့ လူအကြောင်းသိချင်တယ် "
အင်း.. ထိုကောင်က သူ့ဦးလေးအတွက် ဖုန်းဆက်တာပေါ့ ။
သူ့ဖုန်းနံပါတ်ကို သိနေတာက မထူးဆန်းတော့ပေ ။" ပြောပြရင် ငါ ဘာရမလဲ "
တဖက်က ရယ်သည် ။
" ဟား... ကြိုက်ပြီ! ငါကလည်း အကြွေးတင်တာ မကြိုက်ဘူးဆိုတော့လေ... နှစ်ဆန်းတစ်ရက်နေ့ကျရင် သွားစရာရှိတယ် မင်းလိုက်မယ်ဆိုရင် မင်းလူကြီးနားမှာ တစ်နေ့လုံးနီးပါး နေခွင့်ရမယ် "
ဟုန်ခွင်း ကြောင်သွားပေမယ့် မကြာခင်မှာပဲ နားလည်လိုက်သည် ။
ထိုကောင်က တစ်ဖက်လူ ဘာလိုချင်လဲဆိုတာ ကောင်းကောင်းကြီးသိသည် ။
မထင်ထားရလောက်အောင် ဉာဏ်များပြီး သူများအားနည်ချက်ကို ရှာနိုင်သည် ။သောက်လက်စ စီးကရက်ကို စားပွဲစောင်းကို ဖိချေလိုက်ရင်း
" ခိုင်းတဲ့သူကိုတော့ မသိရသေးဘူး ၊ ဒါပေမယ့် ဦးဝဏ္ဏကတော့ ရိပ်မိပုံရတယ် ၊ ဒီတစ်ခေါက်တော့ တစ်ဖက်က မင်းဦးလေးကို လွှတ်ပေးမယ့်ပုံ မပေါ်ဘူး "
" နောက်ထပ် အန္တရာယ်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုတာလား "
သူ ဆိတ်ဆိတ်သာ နေလိုက်သည် ။
ဒီလောက်ဆို ထိုကောင် နားလည်ပါလိမ့်မည် ။" ငါ ဂရုစိုက်လိုက်မယ်... ကျေးဇူး "
တီကနဲ ကျသွားသောဖုန်းကိုကြည့်ကာ ဖုန်းကို စားပွဲပေါ် ပစ်ချလိုက်သည် ။
CZYTASZ
Eternal ( ခတ်ေတရပျနား )
RomansStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...