Part 19 zawgyi

205 22 0
                                    

မနက်ပိုင်းက မိုးရွာထား၍ထင်သည် ၊ နေရောင်ရှိန်ရှိန်လေးအောက်မှာ လေပြေအေးအေးက တိုးဝှေ့တိုက်ခတ်လျက်ရှိနေသည်  ။
အရိပ်ရ ကုက္ကိုလ်ပင်ကြီးအောက်တွင်တော့ တိတ်ဆိတ်စွာ ရပ်နေကြသော လူသားနှစ်ဦးရှိလေသည် ။

လေပြေညင်းက တိုးဝှေ့လိုက်ချိန် ကုက္ကိုလ်ရွက်လေးက မြတ်လေး ဘေးနားကနေ သက်ဆင်းကြွေကျချိန်၌ မြတ်လေးက စကားစလိုက်သည် ။

" ကျွန်တော်တို့ မတွေ့ဖြစ်ကြတာ ဆယ်နှစ်ကျော်သွားပြီပဲ "

အခု သူ့ရှေ့မှာ ရှိနေသော မြတ်လေးက ရင့်ကျက်လာသော အမျိုးသားတစ်ဦးဖြစ်လာခဲ့သည်မှာ ထင်ရှားသည် ။
ထိုအချိန်တုန်းကလို တဇွတ်ထိုးမဆန်တော့ ။

ထိုမျက်နှာနုနုက သူနှလုံးသားထဲဝင်ရောက်ခဲ့တဲ့ ကောင်လေးနဲ့ ထထေရာတည်း တူသော်ငြား အခုတွင်တော့ တည်ငြိမ်ရင့်ကျက်ခြင်းတို့ အစားထိုး ဝင်ရောက်လာသည် ။
ပြောရရင် ထိုပြောင်းလဲလာသော မြတ်လေးကို သူ မရင်းနှီးပေ ။
အချိန်တိုင်းစောင့်ကြည့်နေခဲ့ပေမယ့်၊ တဖြည်းဖြည်း ရင့်ကျက်လာတာကို မြင်နေခဲ့ရပေမယ့် ၊ ကိုယ့်ရှေ့မှာ နီးကပ်စွာ ရပ်နေသည့်အခါမှသာ သူဟာ မြတ်လေးနှင့် အများကြီး ဝေးကွာသွားခဲ့ရမှန်း သေချာသိတော့သည် ။

အငေးလွန်နေ၍ အဖြေမပြန်နိုင်သော သူ့ကို မြတ်လေးက စောင်းငဲ့ကြည့်သည် ။

" မြတ်လေးက လူကြီးတစ်ယောက်တောင် ဖြစ်လာပြီပဲ "

ရေရွတ်သလို ဆိုမိတော့ မြတ်လေးက ပြုံးသည် ။
ဒီအတိုင်း မိတ်ဆွေတစ်ယောက်ရှေ့မှာ ပြုံးပြသလိုမျိုးပင် ၊ ထိုအပြုံးက သူစိမ်းဆန်လှသည် ။

" ဒီနှစ်တွေမှာ ခင်ဗျားသာ မကူညီခဲ့ရင် ကျွန်တော့်ဘဝက အများကြီး ပိုခက်ခဲခဲ့မှာ "

မြတ်လေးစကားကြောင့် သူ၏ ဖွင့်ဟမည်ပြင်လိုက်သော နှုတ်ခမ်းကို မြတ်လေးက ဦးအောင်ပြောကာ ရပ်တန့်စေပြန်သည် ။

"ခင်ဗျား ငြင်းစရာမလိုပါဘူး ၊ ကျွန်တော် ခန့်မှန်းမိတယ် ၊ 'ကျွန်တော် တကယ် ကျေးဇူးတင်တယ် ' ၊ ဒီစကားကို ပြောခွင့်မရလိုက်မှာ စိုးရိမ်နေခဲ့တာ တကယ် ကျေးဇူးတင်ပါတယ် "

Eternal ( ခတ်ေတရပျနား )Donde viven las historias. Descúbrelo ahora