Part 22 Unicode

397 45 5
                                    

သင်္ကြန် အကျနေ့

အချိန်အားဖြင့် မနက် ၆နာရီ

မနက်ခင်းက ရောင်ခြည်နုနုဖြင့် လန်းဆန်းနေ၏ ။
မိုးနတ်မင်း၏ သိတတ်မှုကို အထူးကျေးဇူးတင်ရှိသည် ။

အဝတ်အစားလဲရင်း အမေဖြစ်သူကို မှာစရာရှိတာ လှမ်းမှာရသည် ။

" အမေ့ သားရဲ့ ကလေးလေးကို ဆီအပြည့်ဖြည့်ထားပေးဖို့ ပြောလိုက်ပါဦး "

" ဟုတ်ပြီ ဟုတ်ပြီ "

" အမေ့ သား မနက်စာ မစားသွားတော့ဘူး ဦးမြတ်မင်း အိမ်မှာ စားတော့မယ် "

" ဟုတ်ပါပြီရှင် "

အမေ့ဖြေသံအဆုံး သူ၏ ပြင်ဆင်မှုလည်း ပြီးဆုံးသွားသည် ။

" ချောလိုက်တဲ့ ငါလေး "

မင်းသန့် တစ်ယောက် မှန်ထဲကြည့်ကာ ကျေနပ်မှုအပေါင်းကို သရဖူဆောင်းထား၏ ။

ဆံပင်တွေကို ခါရမ်းရင်းဖြင့် ဆင်းလာခဲ့ပြီးနောက် ဧည့်ခန်း၌ ဖုန်းပြောနေသော အမေဖြစ်သူရဲ့ ပါးပြင် ကို သူ့ပါးပြင်ဖြင့် ထိကပ်လိုက်ကာ နှုတ်ဆက်လိုက်သည် ။

" Morning "

" ကောင်းကောင်းသွား... ဂရုစိုက် ဘာမှ မဖြစ်ခဲ့စေနဲ့ "

ဖုန်းပြောရင်း အမေက မှာသည် ။
မင်းသန့် ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြရင်း သူ့ကလေးလေးဆီ လျှောက်သွားလိုက်သည် ။

ကျောင်းမပြီးခင် ကားမစီးရဘူးဆိုသော အိမ်က ဖခင်ကြီး၏ အမိန့်ကြောင့် ဆိုင်ကယ်ဖြင့်သာ အဂ္ဂတို့အိမ်သို့ သွားရသည် ။

အဂ္ဂတို့အိမ်ရောက်တော့ အဆင်သင့် စောင့်ကြိုနေသော အဂ္ဂစိုင်းဆိုသည့်ကောင် ။
ပိတောက်ပင်အိုကြီးအောက် ဆိုင်ကယ်ရပ်လိုက်ရင်း ရယ်ကျဲကျဲ ဖြင့် လှမ်းစလိုက်သည် ။

" ဖေ့သားက အလန်းပါလား "

သူ့စနောက်မှုကို ဂရုပင်စိုက်ဟန်မတူသူက သူ့ကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်နေသည် ။

" ဘာလို့ ဘောင်းဘီအတို ဝတ်လာတာလဲ သွား ပြန်လဲ "

" အာ မင်းကလည်း ပြန်သွားလဲရင် အချိန်ကြာတယ် "

Eternal ( ခေတ္တရပ်နား )Where stories live. Discover now