Part 23 Unicode

385 49 2
                                    

နှစ်ဆန်းတစ်ရက်နေ့

ယောပုဆိုးနှင့် ရှပ်လက်ရှည် အဖြူလေး ။
ကျွန်တော့် တောင်းဆိုမှုကြောင့် ဝတ်ထားခြင်းဆိုပေမယ့် စော နဲ့ အရမ်းကို လိုက်ဖက်နေရခြင်းက ကျွန်တော့်ကို ငေးမောရစေပြန်သည် ။
ဘာဝတ်ဝတ် လိုက်ဖက်နေခြင်းက စောရဲ့ အရင်ဘဝ အကျိုးပေး ကောင်းမှုတွေ ဖြစ်ပေလိမ့်မည် ။

အက်ျီလက်ကို ခေါက်တင်ဖို့ ပြင်နေသော စောလက်တွေကို ဟန့်တားလိုက်သည် ။

" ကျွန်တော် ခေါက်ပေးမယ် "

" ကျေးဇူး "

ကျွန်တော် ခေါက်ပေးသည်ကို မလှုပ်မယှက် ငြိမ်ငြိမ်လေး နေပေးလျက်ရှိသည် ။
စောရဲ့ ဝင်သက် ထွက်သက်လေးကိုပင် ခံစားလို့ရသည်အထိ နီးကပ်နေသော အနေအထားလေး ။

စောက အက်ျီခေါက်ပေးနေသော ကျွန်တော့် လက်တွေ အပေါ်သာ အာရုံ ရှိနေသည်ကို အခွင့်ကောင်းယူဖို့ အတွက် ကျွန်တော်ကလည်း မမေ့ ။
ပါးအိအိလေးထဲ နစ်ဝင်သွားသည်ထိ နမ်းရှိုက်လိုက်မိသည် ။

" ကျွန်တော့်စောကတော့ ဘာဝတ်ဝတ် ကြည့်ကောင်းနေတာပဲ "

ဒီကလေး ဒီလို ထပ်လုပ်ပြန်ပြီ ။

" ဘာလဲကွာ ဒီအကြည့်လေးက  "

ပြောရင်း ပါးနှစ်ဖက်ကို ဖျစ်ညစ်လာသည့် ထက်ကိုက ကျွန်တော့်ကို မည်သို့ သဘောထားနေသနည်း ။
သူ့စိတ်ထဲ ကျွန်တော့် ကလေးလို တွေးနေသည်လား မပြောတတ်တော့ ။

" ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော် မစတော့ဘူး "

ပြောရင်းဆိုရင်း ပခုံးပေါ် မျက်နှာဖြင့် ပွတ်သပ်လာပြန်သည် ။
ဒါက သူလုပ်ချင်တာ လုပ်လိုက်ပြီးရင်း ကျွန်တော့်ကို ချော့သည့်နည်းလမ်း ။

" စော... "

" လေးတယ်...ဖယ် "

" အ့! "

ရုတ်တရက် ပုခုံးကို ကိုက်ချလိုက်သော ထက်ကိုကြောင့် စူးတက်လာသော ခံစားချက် ။
အလိုလိုက်ထား၍ အတော်လေး ဆိုးသွမ်းနေသည့် ကလေး ။
ဒါကိုရော မည်သို့အကြောင်းပြဦးမည် မသိ ။

" စော နာသွားလား "

" အကိုက်ခံရမှ မနာပဲ နေမလား "

Eternal ( ခေတ္တရပ်နား )Donde viven las historias. Descúbrelo ahora