Part 30 Unicode

349 46 6
                                    

နေ့အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်လာသည် ။
အလင်းရောင်ကွယ်ပျောက်သွားသည်နဲ့ နေကြာစံအိမ်မှ မီးသီး မီးဆိုင်းများက ထိန်ထိန်လင်းလာသည် ။
နေကြာပွင့်ပုံစံ နာရီအိမ်ကြီးမှ စက္ကန့်လက်တံက အချိန်မှန် ရွေ့လျားနေခဲ့သည် ။

ကြယ်တွေက တဖြည်းဖြည်းနဲ့ စုံလာသည် ။
အနောက်ဘက်မှ လခြမ်းလေးတောင် ကောင်းကင်ယံထက် မြင့်တက်လာပြီဖြစ်သည် ။
ညက တစ်စထက်တစ်စ ပိုပီပြင်ကာ တိတ်ဆိတ်လာလေသည် ။
စံအိမ်ကြီးရှေ့ ငြိမ်ငြိမ်ထိုင်မနေနိုင်ပဲ ဟိုလျှောက်သည်လျှောက် လုပ်နေသည့် ကျွန်တော့် ခြေထောက်တွေပင် ထုံကျဥ်၍ နေပြီဖြစ်သည် ။

ညောင်းလာသည်မို့ ဒန်းပေါ်မှာ ထိုင်လိုက်သည် ။
လက်မှ နာရီကို ကြည့်မိတော့ ရှစ်နာရီခွဲနေပြီဖြစ်သည် ။

မနေ့က နှစ်ကြိမ်ပင်  ' နောက်နေ့တွေ လာမကြိုနဲ့ ငါ အိမ်ပြန် နောက်ကျမယ် ' ဆိုသော စကားဖြင့် လာကြိုခြင်းကို ပိတ်ပင်တားဆီးလိုက်သဖြင့် ဒီနေ့တော့ အိမ်ကပ်နေရသည် ။

ဒီရက်ပိုင်း စောနှင့် တွေ့ရသည့် အချိန်တွေက အရင်ကထက် နည်းလာသည် ။
ပြီးတော့ စောက အမှန်တကယ်ပင် ကျွန်တော့်ကို အဝေးကို တဖြည်းဖြည်း တွန်းပို့လာသည် ။
စောက ဆိုးလိုက်လေခြင်း ။

' စော ပြန်လာတော့မှာလား '

စောဆီ မက်ဆေ့  ပို့လိုက်ပေမယ့် အကြောင်းပြန်စာက တော်တော်ကြာသည်ထိ ရောက်မလာခဲ့ ။
ဖုန်းကို ဘေးနားချထားလိုက်ကာဆံပင်တွေထဲ လက်ထိုးတည့်ကာ မျက်နှာကို ပွတ်လိုက်မိသည် ။
ခဏကြာမှ ချထားသော ဖုန်းကို ပြန်ယူလိုက်ကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည် ။
ဖုန်းက ဝင်နေပေမယ့် ကိုင်သူမဲ့နေသည် ။
ဒီရက်ပိုင်းအတွင်း ထိန်းချုပ်ထားသော အလိုမကျမှုတွေက စုပြုံလာသည် ။
လက်ထဲက ဖုန်းကို ကြည့်ကာ လက်တွေက တုန်လာပြီး လက်ထဲက ဖုန်းကို လွှင့်ပစ်မိသည် ။

စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်း ရှုလိုက်ကာ ခြံတံခါးဝကိုသာ စူးစိုက်ကြည့်နေမိသည် ။
လက်က နာရီကို ကြည့်မိပြန်တော့ ၉နာရီ ထိုးဖို့ မိနစ်အနည်းငယ်သာ လိုတော့သည် ။
စိတ်ပြန်ငြိမ်သွားမှ မြေပေါ်က ဖုန်းကို ပြန်ယူလိုက်ရသည် ။
အက်ကွဲနေသော မှန်ပြင်ပေါ်က စောရဲ့ပုံလေးကို ကြည့်ကာ သက်မချလိုက်သည် ။

Eternal ( ခေတ္တရပ်နား )Onde histórias criam vida. Descubra agora