ပန်မိုးတို့ကားလေးက မြတ်မင်းတို့ခြံထဲဝင်လိုက်တော့ အိမ်ပေါက်ဝမှာ ဆီးကြိုနေသော တူဝရီးနှစ်ယောက်ကို
တွေ့ရသည် ။
မတွေ့ရတာ ကြာပြီဖြစ်သော ထက်ကိုဆိုသည့်ကလေးက ပို၍ ကြည့်ကောင်းလာသည် ။
အရပ်ရှည်သည့် မြတ်မင်းထက်ပင် ထိုကလေးက ပို၍ ရှည်လာခဲ့သည် ။
မြတ်မင်းနားကို အတင်းပူးကပ်ထားသည်မှာ ကော်နှင့်ကပ်ထားသည်ဟုပင် ထင်ရသည် ။
ကားပေါ်က ဆင်းကြကာ သူတို့ရှိရာဆီ လျှောက်သွားလိုက်တော့ မြတ်မင်းက အဖေတို့ကို ခရီးဦးကြိုပြုသည်။" လာ ဦးလေ မတွေ့ရတာတောင် ကြာပြီ "
" ဟုတ်ပါ့ တူကြီး "
အဖေနှင့် မြတ်မင်းတို့က ဧည့်ခန်းမှာ စကားလက်ဆုံကြနေကြသည် ။ သို့ပေမယ့် ထိုစကားဝိုင်းမှာ
မြတ်မင်းတူလေးရဲ့မျက်နှာကတော့ တဖြည်းဖြည်း တည်လာသည် ။
နဂိုကတည်းက ပြုံးနေတာ မဟုတ်ပေမယ့်
အခုကတော့ သိသိသာသာကို တည်လာသည် ။
ဆူပုပ်လာသည်ဟုပင် သုံးနှုန်းရလေမလား ။မနေနိုင်သည့် ပန်မိုးကပင် အမေဖြစ်သူကို လက်တို့ရသည် ။
အမေကလည်း အလိုက်သိစွာ ခင်ပွန်းသည်ကို လက်တို့ကာ မျက်နှာရိပ် မျက်နှာကဲနှင့် အသိပေးသည် ။ထို့နောက်မှာတော့ အဖေဖြစ်သူက ပန်မိုးငြင်းထားသည့် စေ့စပ်ပွဲကို သမက်လောင်းကို အသိပေး ပြောပြရတော့သည် ။
သူမ၏ အဖေလည်း ထိုစကားပြောဖို့
အတော်လေး အရှိန်ယူလိုက်ရသည် ထင်ပါသည် ။" ကဲ သား ပြောရမှာတော့ အားနာပါရဲ့ကွယ် ၊ သား သူငယ်ချင်းက စေ့စပ်ပွဲကို ဖျက်ချင်တယ်တဲ့ ၊ သားနှင့်လည်း
ပြောထားပြီးပြီလို့ ပြောတယ် သားအနေနှင့် အဆင်ပြေရဲ့လား "" ဟုတ်ကဲ့ ဦး ၊ ပန်မိုး အဆင်ပြေတယ်ဆို ကျွန်တော်လည်း အဆင်ပြေပါတယ် ၊ ကျွန်တော်တို့က သူငယ်ချင်းစိတ်ပဲရှိကြတာဆိုတော့ ပန်မိုးကို နားလည်ပေးနိုင်ပါတယ် "
'အမယ်..မြတ်မင်း.. မြတ်မင်း ' မသိရင် သူမကပဲ စေ့စပ်ပွဲကို ဖျက်ပေးဖို့ စပြီး တောင်းဆိုခဲ့သလိုလို ။
" အေးကွယ် သားတို့ချင်း အဆင်ပြေရင် ပြီးတာပါပဲ ၊ ဦးတို့လည်း မင်းတို့လူငယ်တွေကြားထဲ မဝင်ချင်တော့ပါဘူးကွာ "
أنت تقرأ
Eternal ( ခေတ္တရပ်နား )
عاطفيةStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...