Part 11 Unicode

579 69 0
                                    

ဒေါသကြောင့် နီဆွေးနေသော မျက်နှာလေး ။ သူက ရှင်းပြဖို့ ခွင့်တောင်းနေသည်ကိုပင် နားမဝင်ပဲ 'ထွက်သွား'
ချည်းသာ နှင်လွှတ်၍နေသည် ။

" ထွက်သွား! "

" မြတ်လေး ကိုယ် ရှင်းပြမယ် ကိုယ့်ကိုရှင်းပြခွင့်လေးပေးပါဦး "

" ခင်ဗျားက ဘာတွေများ ရှင်းပြချင်နေသေးတာလဲ ခင်ဗျားဘယ်လိုမျိုး အသေးစိတ်စီစဥ်ခဲ့တယ်ဆိုတာကိုလား "

ဝဏ္ဏကျော် အထင်လွဲနေသော ကောင်လေးအား ရှင်းပြချင်သည် ။ ရှင်းပြခွင့်တောင် မပေးသော မြတ်လေးအား ပုခုံးတွေကို လှုပ်ရမ်းကာ ရှင်းပြခွင့်ပေးဖို့ အော်ဟစ်လိုက်ချင်သည် ။ အခွင့်မရှိသောဘဝမှာ ကောင်လေး ပိုမုန်းသွားမှာစိုးလို့ စိတ်ရိုင်းတွေကို ထိန်းချုပ်လိုက်ရသည် ။

" မြတ်လေး.."

" ခင်ဗျား လိုချင်တာရခဲ့ပြီပဲ..ဘာလို့ ကျွန်တော့်ရှေ့ပေါ်လာရသေးတာလဲ..
ဘာလဲ သူ့မိသားစုဝင်တွေဖြစ်တဲ့ ထက်ကိုနှင့်ကျွန်တော်ပါ သေပေးရဦးမှာလား "

" မြတ်လေး! "

သည်းခံနိုင်ခြင်း အတိုင်းအတာတွေ ကုန်ဆုံးသွားသည့်အခါ ဝဏ္ဏကျော် မရည်ရွယ်ထားပါပဲ အော်မိသွားသည်။
သူ့ရှေ့က ကောင်လေးက မျက်လုံးတွေပြူးသွားပြီး နောက်တော့ လှောင်ရယ်လာတော့သည် ။

"ဟား ဟား ဟား... ဦးဝဏ္ဏကျော်၊ ဦးဝဏ္ဏကျော် မမကပြောဖူးတယ် လူတွေရဲ့ဗီဇက မပြောင်းလဲတတ်ဘူးတဲ့ သိပ်မှန်တာပဲ"

မြတ်လေးက ပြောရင်း ခေါင်းရမ်းလိုက်သည် ၊ နောက်တော့ ဆက်ပြောလာပြန်သည် ။

" ကျွန်တော် ဘာလို့များ ခင်ဗျားက ပြောင်းလဲနိုင်တယ်လို့ တွေးမိခဲ့ရတာပါလိမ့် ၊ ကျွန်တော်က သိပ်တုံးတော့ ခင်ဗျားအတွက် လှည့်စားရ လွယ်ကူခဲ့မှာပဲ "

" တော်တော့ မြတ်လေး မပြောနဲ့တော့ ကိုယ် ဆက်ပြီး သည်းမခံနိုင်တော့ရင် ဘာတွေလုပ်မိမလဲ မသိဘူး .."

မြတ်လေးက သူ့ကိုကြည့်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီးနောက်မှာ တည်ငြိမ်သွားသည် ။
သူ့အပေါ် စိတ်ဆိုးခြင်း ၊ ဒေါသထွက်ခြင်းတောင်မရှိတော့ဘူး။
ထိုခဏမှာ သူ စွန့်ပစ်ခံလိုက်ရပြီဆိုတာ ခံစားသိရှိလိုက်ရသည် ။ ထိုအသိက သူ့ကို နွေခေါင်ခေါင် မိုးကြိုးနှင့် ပစ်လိုက်သလိုပဲ ။ သေသွားတာ မြတ်နှင်းမေမဟုတ်ပဲ သူသာ ဖြစ်လိုက်ချင်သည်။ အနည်းဆုံးတော့ မြတ်လေးက သူ့ကို ဒီလို လစ်လျူရှု ၊ ဥပေက္ခာပြုလိုက်မည် မဟုတ်ပေ ။

Eternal ( ခေတ္တရပ်နား )Tempat cerita menjadi hidup. Temukan sekarang