စောရဲ့ နှုတ်ခမ်းသားလေးတွေက ထိုမျှလောက် နူးညံ့နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဖူးဘူး ။
လောဘတက်စွာ နှုတ်ခမ်းသားတစ်ခုလုံးကို စုပ်ယူလိုက်ချင်စိတ်ကို အတင်းချိုးနှိမ်လိုက်ရသည် ။
အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာ ရှိပြီးသားဖြစ်သည် ။
ကျွန်တော် ဒီ့ထက် နယ်ကျွံရင် စောဆီက ရလာမှာက ' မင်း... ငါ့ရှေ့က ထွက်သွား 'ဆိုတာမျိုး ဖြစ်သွားနိုင်သည် ။ထိသည်ဆိုရုံမျှထက် မဆိုစလောက်လေးပိုသော အနမ်းလေးတစ်ခု ။
မလွှတ်ချင်ပေမယ့် လွှတ်ပေးလိုက်ရသော နှုတ်ခမ်းသားလေးဆီက အကြည့်ခွာရင်း စော မျက်ဝန်းတွေကို ရင်ဆိုင်မိသည် ။အံသြနေသော မျက်ဝန်းလေးတွေက ကျွန်တော့် မှတ်ဉာဏ်တွေထဲကနှင့် တစ်ပုံစံတည်းပင် ဖြစ်သည် ။
မတူတာလေးတစ်ခုက အခု ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ စောရဲ့မျက်နှာလေး အနည်းငယ် ရဲနေသလိုပင် ။' စော ရှက်သွားတာလား '
' အင်း ကလေးပေါက်စလေး နမ်းတာနှင့် လူပျိုပေါက်လေး နမ်းတာ ၊ ခံစားချက်က ဘယ်တူနိုင်ပါ့မလဲလေ '
ကျွန်တော် ကြည်နူးရမည် မကြံရသေး ၊ စောရဲ့ မျက်ခုံးလေးတွေ တဖြည်းဖြည်း တွန့်ချိုးလာတာကို တွေ့လိုက်ရသည် ။
နဖူးကြောလေးတွေ တွန့်သွားတာကို မြင်တော့ ကျွန်တော် စိုးရိမ်သွားသည် ။
ကျွန်တော် အချိန်မှီ ထိန်းလိုက်နိုင်တယ် ထင်ထားခဲ့တာ ဖြစ်သည် ။
စောသာ ရိပ်မိသွားမယ်ဆိုရင် ကျွန်တော်..." အကျင့်က ငယ်ငယ်က အတိုင်းပဲ ၊ ဒါဆို စိတ်ဆိုးပြေပြီလို့ စော သတ်မှတ်လို့ ရပြီလား "
ခံစားချက်က တက်လိုက်ကျလိုက်ဖြင့် နှလုံးရောဂါ ရနိုင်သည် ။
ငယ်ငယ်တုန်းက စောကို စိတ်ဆိုးပြေတော့ ဘာစိတ်ကူးပေါက်ခဲ့သည်မသိ စော နှုတ်ခမ်းပါးပါးလေးကို ကျွန်တော့်နှုတ်ခမ်းတွေနဲ့ ထိကပ်ဖူးသည် ။
ထိုအချိန်တုန်းက ကျွန်တော့်ကို အံသြတကြီး စိုက်ကြည့်ခဲ့ဖူးသော စောမျက်ဝန်းတွေက
အခုနဲ့ တစ်ပုံစံတည်း ဖြစ်နေခဲ့သည်ကိုလည်း ရေးရေးလေး ထင်ထင်ရှားရှားပင် မှတ်မိနေသေးသည် ။
ကျွန်တော့်မှတ်ဉာဏ်တွေထဲ ထိုအဖြစ်အပျက်က စွဲထင်ကျန်ခဲ့သလို
စောကလည်း မေ့ပစ်ခဲ့ဖို့ မပေါ်ပေ ။
ထိုအဖြစ်အပျက်လေးက ကျွန်တော့်ကို ကယ်ခဲ့လေသည် ။
BINABASA MO ANG
Eternal ( ခတ်ေတရပျနား )
RomanceStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...