" စော လာသေးဘူး မေကြီး ၊ စောကို စောင့်ဦးမှာ "
" စောက စာမေးပွဲကြီးနီးပြီလေ သားလေးရဲ့ ၊ စောက စာတွေ အများကြီး ကျက်နေရလို့ အားမှာ မဟုတ်ဘူး "
" မလိုချင်ဘူး ၊ သားက စောကို စောင့်မှာ "
" လိမ်မာနော် ၊ အပြန်ကျရင် စောအတွက် မုန့်တွေ အများကြီး ဝယ်ပေးခဲ့ကြမယ်လေ အဲ့ဒါဆို စောက သားကို အများကြီး ပိုချစ်ပေးလာမှာပေါ့ "
" တကယ်လား "
ကလေးလေးက မျှော်လင့်ချက်လေးတွေဖြင့် မျက်လုံးတစ်စုံက တောက်ပသွားခဲ့သည် ။
စောကို စောင့်မည်ဟု အတင်းပူဆာနေသော ကလေးက အမေဖြစ်သူရဲ့ မက်လုံးတွေကြောင့် နောက်ဆံမတင်းပဲ ကားပေါ်တက်သွားခဲ့သည် ။
" မေရယ် မင်းသားကတော့ မလွယ်ကြောပဲ "
ထိုကလေးလေးရဲ့ အဖေဖြစ်သူက အမေဖြစ်သူကို ရယ်မောရင်း စနောက်လိုက်သည် ။
ထို့နောက် မိသားစု သုံးယောက်က ကားဖြင့် ထွက်ခွာလာကြသည် ။မြို့ထဲ၌ ရှင်းလင်း၍နေသည် ။
ကားတစ်စီးက ပုံမှန်နှုန်းဖြင့် ရွေ့လျားနေကာ နေအိမ်တိုက်တာတို့ကို နောက်ပါးတွင် ချန်ရစ်ထားခဲ့လေသည် ။အစာစားနေသော ခိုတစ်အုပ်က ကားလာသည်ကို မြင်သည်နဲ့ နေရာရွှေ့လိုက်ကြသည် ။
ကားက ကျော်တက်သွားသည်နဲ့ ပုံမှန်အတိုင်း အစာကောက်၍ နေသည် ။
ကားထဲက ကလေးလေးက ကားမှန်ပြတင်းမှနေ၍ အပြင်ဘက်က အရာတွေကို စိတ်ဝင်တစ်စား ကြည့်၍ ပါလာခဲ့သည် ။" မေကြီး! "
ကိတ်မုန့် ဆိုင်ရှေ့အဖြတ်တွင် ကလေးက အမေဖြစ်သူကို မော့ကြည့်၍ ခေါ်သည် ။
" ပြောလေ သားလေး "
" စောအတွက် နေကြာပန်းပုံ ကိတ်ကြီး ဝယ်ပေးခဲ့ရအောင် "
" သားက နေကြာပန်းကိတ်လေးနဲ့ စောကို အချစ်တွေ တိုးအောင် လုပ်မယ်ပေါ့ "
" ဟုတ်တယ် ၊ သားက စောကို အများကြီး အများကြီး ချစ်တယ် ၊ စောကလည်း သားကို အများကြီး ချစ်တယ်တဲ့ "
ကလေးလေးက အမေဖြစ်သူပေါ်ထိုင်နေကာ မျက်လုံးလေးတွေကပင် တလက်လက်ထနေပြီး ဝမ်းသာအားရပြောနေခဲ့သည် ။
အမေဖြစ်သူက ပါးလေးတွေကို ဖျစ်ညှစ်လိုက်ရင်း သူမထက် ဦးလေးဖြစ်သူကို ပို၍ တွယ်တာနေသော သားဖြစ်သူကို ချစ်မျက်စောင်းလေးထိုးသည် ။
ထိုအချင်းအရာကို သတိထားမိသော ကလေးလေးက ဆက်ပြောလိုက်သည် ။
YOU ARE READING
Eternal ( ခေတ္တရပ်နား )
RomanceStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...