Part 25 Unicode

349 48 6
                                    

အခန်းတစ်ခုလုံးက မှောင်မည်း၍နေပြီး သံချေးနံ့ကလည်း လှိုင်လှိုင်ထွက်၍နေသည် ။
လူငယ်လေးတစ်ဦးက ခြေထောက်တွေ လက်တွေကို ကြိုးတုပ်ခံထားရကာ ကြမ်းပြင်တွင် ခွေခွေလေး လဲ၍နေသည် ။
ဝဏ္ဏကျော်က ထိုလူငယ်ရှေ့ ပုံတွေ ကျဲချလိုက်သည် ။
လူငယ်က သူ့ရှေ့ကျလာသော ပုံတွေကိုကြည့်ကာ အံကိုတင်းတင်းကြိတ်လိုက်သည် ။

" တကယ်လို့ မင်းပြောမယ်ဆိုရင် မင်းကောင်မလေးကို လွှတ်ပေးလိုက်မယ် "

သူ့တစ်ဘဝလုံးတွင် သူ့ပေါ်ကောင်းပေးတဲ့ တစ်ဦးတည်းသောသူ ။
နေစရာပေးသည် ၊ စားစရာပေးသည် ။
သူချစ်ရတဲ့သူက ဒုက္ခရောက်နေတဲ့အခါ သူ့မှာ အသက်စွန့် လှုပ်ရှားရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး ။

" ပျောက်နေတာ သုံးပတ်လောက်ရှိပြီ ၊ ဟုတ်လား "

လူငယ်လေးက မည်သည့် တုန့်ပြန်မှုမှ မပေးပေ ။
ဝဏ္ဏကျော်က လေးတွဲ့စွာ မတ်တပ်ရပ်လိုက်ရင်း လူငယ်လေးနားကို လျှောက်သွားလိုက်သည် ။

" မင်းကိုခိုင်းတဲ့သူနဲ့များ ပတ်သက်နေမလား "

လူငယ်လေးက သူ့ရှေ့က လူကို သေသေချာချာ ကြည့်နေသည် ။
စကားပြောဖို့ရာ မစွမ်းနိုင်သည့် လူငယ်လေးက လှောင်ပြုံးပြုံးလိုက်သည် ။

" မင်းပြောပြမယ်ဆိုရင် ငါ ကူညီပေးနိုင်တယ် "

လူငယ်လေးရဲ့ မျက်ဝန်းအိမ်က တောက်ပသွားသည် ။
ဒီလူကြီး လိမ်တော့ မလိမ်လောက်ဘူးမလား ။

ဝဏ္ဏကျော်က စိတ်ရှည်စွာဖြင့် လူငယ်လေးရဲ့ တုန့်ပြန်မှုကို စောင့်လျက်နေသည် ။
အတော်လေးကြာမှ လူငယ်လေးရဲ့ ပါးစပ်က လှုပ်ရှားသွားသည် ။

" ခင်ဗျား တကယ် ပြောတာလား "

ဝဏ္ဏကျော် မျက်ခုံးပင့်လိုက်သည် ။
ဒီတစ်လျှောက်လုံး ဘယ်လောက် နှိပ်စက် နှိပ်စက် တစ်ခွန်းမှ မဟသူက အခုတော့ ပြောပြဖို့ စိတ်ကူးရှိလာပုံရသည် ။

" ငါက မသေချာရင် ဘာမှ မလုပ်ဘူး "

လူငယ်က နာကျင်မှုတွေကြားကပင်
ဝဏ္ဏကျော်ကို အားကိုးတကြီးကြည့်သည် ။

Eternal ( ခေတ္တရပ်နား )Hikayelerin yaşadığı yer. Şimdi keşfedin