ကျွန်တော် စောဆီကို ပြေးသွားလိုက်သည် ။ ကားခေါင်းကို စတိုင်လ်ကျကျမှီနေသည့် စောက ကျွန်တော့်ကို တောက်တောက်ပပ ပြုံးပြနေခဲ့သည်။
" စော "
" ပြီးတာ ကြာနေပြီလား "
" မကြာသေးပါဘူး "
ကျွန်တော်က ကားထဲကို လှမ်းကြည့်လိုက်ပြီး ကိုထွန်းဘိုကို မြင်တော့ ကျေနပ်သွားသည် ။
" ကိုထွန်းဘို ပြန်နှင့်လိုက် စောက ကျွန်တော်နှင့် အတူပြန်ခဲ့လိမ့်မယ် "
ပြောရင်း မြန်မြန်ပြန်အောင် အမူအယာပါ လုပ်ပြလိုက်သည် ။ ကားဘေးနား ရပ်နေဆဲဖြစ်သော စောကို ကျွန်တော့်ဘေးနားကို ဆွဲယူလိုက်ပြီး ကိုထွန်းဘိုကို မျက်လုံးနှင့် အသိပေးလိုက်တော့ ကိုထွန်းဘိုက အလိုက်တသိ ကားစက်နှိုးကာ ပြန်သွားတော့သည် ။
" ထက်ကို ဆိုင်ကယ် ပျက်သွားတယ်ဆို "
" ကျွန်တော်ပြောတိုင်း ယုံတာပဲလား ရော့.."
ဆိုင်ကယ်သော့ကို စောဆီ လှမ်းပေးလိုက်တော့ စောက မတတ်သာသည့်ပုံစံဖြင့် သော့ကို လှမ်းယူလိုက်သည်။
" မင်း အတော်ဆိုးတာပဲ "
" စောက ငြိုငြင်သွားတာလား "
ကျွန်တော် မျက်နှာငယ်လေးလုပ်ပြီးမေးလိုက်တော့
" အပိုတွေ လုပ်ပြမနေနဲ့ ပြန်မယ် ဆိုင်ကယ်က ဘယ်နားထားတာလဲ "
" ဟီး...ဟိုးမှာ "
မင်းသန့်တို့ ၊အဂ္ဂတို့ ထိုင်နေသောဆိုင်ရှေ့က အပင်အောက်မှာ ရပ်ထားသော ဆိုင်ကယ်ကို လှမ်းပြလိုက်တော့ စောက ကျွန်တော့်ကို ဂရုမစိုက်ဟန်ဖြင့် ရှေ့ကနေ လျှောက်သွားတော့သည် ။
ဆိုင်ကယ်နားရောက်တော့ ဆိုင်ကယ်ဦးထုတ်အပိုမပါတာကို သိလိုက်ရသည်။
" ဟေ့ကောင် မင်းသန့် မင်းတစ်လုံးပိုနေတယ်မဟုတ်လား ငါငှားသွားပြီ "
မင်းသန့်က စိတ်မပါတပါ ခေါင်းငြိမ့်ပြလာသည် ။ သူမငှားလည်း ကျွန်တော်က ဆောင်းသွားမှာပါပဲ ။ ကျွန်တော့်ဦးထုပ်ကို စောကို ဆောင်းပေးလိုက်ပြီး ၊ မင်းသန့်ဦးထုပ်ကိုတော့ ကျွန်တော်ဆောင်းလိုက်သည် ။
YOU ARE READING
Eternal ( ခေတ္တရပ်နား )
RomanceStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...