Part 35 Unicode

1K 68 27
                                    

ကျွန်တော် မတုန့်ပြန်နိုင်ခင်ပင် ထက်ကိုက ခေါင်းကို
ငုံ့ကိုင်းချကာ ကျွန်တော့် နှုတ်ခမ်းတွေကို ထိထိမိမိပင် ထိကပ်လိုက်သည်ကို ခံစားသိလိုက်ရသည် ။
ကျွန်တော် မှင်သက်ပြီး ဘာမှ မလုပ်နိုင်ခင်မှာပဲ ထက်ကိုက ကျွန်တော့်နှုတ်ခမ်းတွေမှ ဖယ်ခွာ၍ သွားပြန်သည် ။

" စော ဒီနေ့ အရမ်းကြည့်ကောင်းနေတာပဲ "

အမှန်ပင် စောက ကျွန်တော်ရွေးပေးထားသည့် ဝတ်စုံဖြင့် ကြည့်ကောင်းလွန်းနေခြင်း ဖြစ်သည် ။
ကျွန်တော့် အပြုအမူအောက်မှာ မှင်သက်နေသူလေးကို အသိပြန်ဝင်စေရန် ပါးတစ်ဖက်ထဲ နှာခေါင်း နစ်ဝင်သည်ထိ ထိကပ်နမ်းရှိုက်လိုက်သည် ။
အသိမဝင်ပဲ ပိုပို၍ ကျယ်ပြန့်လာသော မျက်ဝန်းအိမ်တွေကြောင့် ကျွန်တော် ခပ်တိုးတိုး ရယ်သွမ်းမိတော့သည် ။
ကျွန်တော့် စောကတော့လေ ။

ဂုဏ်ဆာသလိုလေးပြောလာသော ထိုကလေး၏ အပြောကို အသိစိတ်မကပ်စွာသာ ခေါင်းငြိမ့်ပြမိသည် ။
ထိုထက်ပိုသော အနမ်းတွေကို ရင်ဆိုင်ခဲ့ရဖူးတာတောင်မှ ကျင့်သားမရနိုင်သည့် နှလုံးသားက အရှိန်ပြင်းပြင်း ခုန်ပေါက်လျက် ။
ကျွန်တော့်ရှေ့က လူသားလေးကတော့ အခွင့်အရေးတွေကို ပိုပိုသာသာ ယူ၍သာ နေသည် ။
ပါးပြင်ထက်က အထိအတွေ့ပြီးနောက်မှာတော့ ထက်ကိုဆီက ရယ်သံသဲ့သဲ့ကို ကြားလိုက်ရသည် ။
အခုတော့ လူကြီးကိုတောင် ရယ်စရာလို့ မြင်နေပြီပေါ့... ။

" စောကို လွှတ်ဦး ၊ အလုပ်သွားရဦးမှာ "

ပြောလိုက်တော့လည်း နာခံလွန်းလှစွာ ခါးတစ်ခွင်က လက်တွေကို ဖယ်ခွာပေးသည် ။
ကျွန်တော့်မျက်လုံးတွေထဲသို့ စူးစူးစိုက်စိုက်ကြည့်ကာဖြင့် တောင်းဆိုသလို မျက်ဝန်းလေးတွေဖြင့် သနားစဖွယ် ဆိုလာပြန်သည်က

" စော! ကျွန်တော် စောနဲ့ လိုက်လို့မရဘူးလား "

" မရဘူးလေ ဒီနေ့ ကျောင်းသွားရမှာမလား "

ဒီရက်ပိုင်းအတွင်း ကျွန်တော့်ကို ဂရုမစိုက်တဲ့ ပုံစံကို တစ်ချိန်လုံး ပြထားသော စောက ဒီနေ့ မင်းသန့်တို့ကောင်တွေနဲ့ ချိန်းထားသည်ကိုလည်း သိနေသည်ပင် ။
ဘယ်မှာလဲ လွှမ်းထက်ကို,ကို ဥပကေ်ခါ ပြုနိုင်သည့် မြတ်မင်းစော ။
တကယ်ပါ ဒီလူသားဟာလေ ကျွန်တော့်ကို အကြိမ်ကြိမ် ကျရှုံးအောင် ပြုစားနိုင်စွမ်းသည် ။
သို့ပေမယ့် ကျွန်တော် အဓွန့်တက်ချင်သေးသည် ။

Eternal ( ခေတ္တရပ်နား )Opowieści tętniące życiem. Odkryj je teraz