စာမေးပွဲ ပြီးသွားသဖြင့် လွတ်လပ်နေသော ကျွန်တော်က အချိန်တိုင်းနီးပါး စော ဘေးနားသာ အချိန်ဖြုန်းနေခဲ့သည် ။
အခုလည်း စောရုံးခန်းထဲ စောင့်နေရတာ စိတ်မရှည်လို့ Meeting ခန်းရှေ့ တဝဲလည်လည် ။နှစ်နာရီကြာပြီးနောက်
Meeting ခန်းထဲက ထွက်လာသော
စောဘေးနား အပြေး သွားရပ်မိသည် ။" စော "
" ပျင်းနေပြီလား ...ဆောရီး သင်္ကြန် နီးလာပြီဆိုတော့ အလုပ်တွေက ဆက်လာတယ် "
" ကျွန်တော် မပျင်းပါဘူး "
စောရှိသည့် အရပ်မှာ ရှိနေရသ၍ ကျွန်တော် ဘယ်တော့မှ မပျင်းမည်ဖြစ်ကြောင်းကို တစ်နေ့တော့ စောသိအောင် ပြောပြပါဦးမည် ။
" ပြန်ရအောင် "
" အင်း "
မသိမသာရော ၊ သိသိသာသာပါ လိုက်ကြည့်နေမည့် မျက်လုံးပေါင်းများစွာကို လစ်လျူရှုကာ စောရဲ့ ညာလက်ကို ချိတ်တွယ်၍ ကပ်ချွဲကာ လိုက်လာခဲ့မိသည် ။
" ဗိုက်ဆာနေပြီလား "
ကားနားရောက်တော့ စောကအမေးရှိသည် ။
" ဟင့်အင်း "
" ဒါဆိုရင် စော ဝင်စရာ ရှိသေးတယ် အဆင်ပြေမလား "
စော အလုပ်တွေရှုပ်နေမယ်ဆိုတာ ကျွန်တော်သိပေမယ့် တတ်နိုင်သလောက် တွယ်ကပ်ချင်နေသည့် စိတ်ကြောင့် ခေါင်းငြိမ့်ပြမိပြန်သည် ။
" ကျွန်တော်က လူပိုတော့ ဖြစ်မနေဘူးမို့လား "
" မဖြစ်ပါဘူးကွာ "
စောက မငြိုငြင်နိုင်တဲ့အခါ ကျွန်တော်ကပဲ မရင့်ကျက်သေးသလို ခံစားရပြန်သည် ။
ဝင်စရာရှိသည်ဆိုသည်က တစ်ခြားဆီမဟုတ်ပဲ Mall တစ်ခုသို့ ဖြစ်နေခဲ့သည် ။
အကြည့်တစ်ချို့က ကျွန်တော်တို့ဆီ ပျံ့လွင့်လာသည်ကို ကျွန်တော် သတိပြုမိပေမယ့် ပတ်ဝန်းကျင်ကို လစ်လျူရှုတတ်သူစောကတော့ သတိထားမိလိမ့်မည်မထင် ။
တစ်ချို့မျက်ဝန်းထဲက အရိပ်တွေကိုတော့ ကျွန်တော့်ကို နည်းနည်းလေးတော့ အဆင်မပြေ ဖြစ်စေသည် ။
အချိန်မတိုင်ခင် စောက ကျွန်တော့်ခံစားချက်တွေကို စောစောစီးစီး ရှာတွေ့သွားမည်ကို စိုးရိမ်မိသည်မို့... ။
KAMU SEDANG MEMBACA
Eternal ( ခတ်ေတရပျနား )
RomansaStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...