Part 9 Unicode

548 69 0
                                    

" တောက်!  "

မင်းသန့်က စိတ်တိုလွန်းလို့ တက်ခေါက်လိုက်ပြီး ၊ ဆိုင်ကယ်ကိုပါ အားနဲ့ကန်ထည့်လိုက်လေသည် ။
အဂ္ဂသာ မထိန်းထားရင်း ဆိုင်ကယ် အကောင်းစားကြီးက လဲသွားကာ ပျက်ဆီးသွားတော့မှာ ဖြစ်သည် ။

ကန်လိုက်တဲ့လူကတော့ ဂရုမစိုက်စွာ ထွက်သွားလေပြီ ။ အဂ္ဂကတော့ ခပ်လှမ်းလှမ်းရောက်သွားသော မင်းသန့်နောက် ပြေးလိုက်ရပြန်သည် ။

" မင်းသန့် စိတ်လျှော့ပါကွာ "

" ငါ ဘာလို့များ အဲ့လိုကောင်ကို ကြိုက်မိခဲ့ရတာလဲမသိဘူး "

ပြောနေရင်း ပေါက်ကွဲလာပြန်သည်မို့
ရှေ့မှာရှိနေတဲ့ ကျောက်တုံးလေးကို ကန်လိုက်ပြန်သည် ။

" ငါ သတိပေးသားပဲ မင်းကသာ.."

စူးကနဲ ကြည့်လာသော မင်းသန့်ကြောင့် အဂ္ဂတစ်ယောက် ရှေ့ဆက်ပြောရမယ့် စကားတွေတောင် ထစ်ပြီး မေ့သွားသည် ။ ရုတ်တရက်ဆိုသလို မင်းသန့်က သူ့လက်မောင်းကို ကိုက်လာခဲ့သည် ။

" အား..နာတယ် အမေ့..ကယ်ပါ "

အဓိပတိလမ်းက ပလက်ဖောင်းပေါ်မှာ အဂ္ဂရဲ့ အသံသေးအသံကြောင်က ဆူညံစွာ ထွက်ပေါ်လာသည် ။ ဖြတ်သွားဖြတ်လာ ကျောင်းသူ၊ကျောင်းသားတွေက ပြုံးသွားကြသလို ၊ အနီးနားရှိ အပင်ကိုင်းမှာ နားနေသော ငှက်လေးများက ဝေဟင်သို့ ပျံသန်းသွားကြသည်။

" မင်းက ခွေးမို့ ကိုက်ရတာလား ခွေးသားလေးရဲ့ "

" မကျေနပ် ပြန်ကိုက် "

" တော်ပါပြီ... အခု စိတ်ပြေသွားပြီလား "

မင်းသန့်က ခေါင်းငြိမ့်ပြလာသည် ။ အဲ့ကောင်က ရည်းစားနဲ့ပြတ်တိုင်း သူ့လက်မောင်းကိုပဲ ကိုက်ခဲတတ်သည်။
သူ သတိထားနေသည့်ကြားမှပင် အလစ်ချောင်းပြီး ရအောင်အကိုက်ခံလိုက်ရသေးသည် ။

" သေတော့မှာပဲ အား..လား လား "

အဂ္ဂက လက်မောင်းကို ခါရင်း ညီးညူနေသည် ။ တွေးကြည့်မှ ကျွန်တော့်လိုကောင်ကို မေတ္တာမပျက်တာ အဂ္ဂစိုင်းပဲရှိသည် ။ လွှမ်းထက်ကိုကလည်း သူ့အပေါ်ကောင်းတယ်ဆိုပေမယ့် အဂ္ဂစိုင်းကတော့ သူ့အပေါ်ဆို အရာအားလုံးထက် အနွံတာခံပေးသည် ။

Eternal ( ခေတ္တရပ်နား )Where stories live. Discover now