Part 29 Unicode

317 41 1
                                    

ဦးဝဏ္ဏက ကြောက်ဖို့ကောင်းတာ သူသိသည် ။
သူ ဒီနေ့လိုမျိုး ဦးဝဏ္ဏရှေ့ ရှိနေခွင့် ရနေသေးတာက အစ်မဖြစ်သူကြောင့် ဆိုတာလည်း သူသိသည် ။
အတန်ကြာသည်ထိ စကားမဆိုသော ဦးဝဏ္ဏကြောင့် စိတ်ထဲ၌ ပိုပို၍ တုန်လှုပ်လာရသည် ။
သူက အမြဲပြုံးနေတတ်ပေမယ့် ထိုအပြုံးက ရင်ထဲက အကြောက်တရားတွေကို ဖုံးကွယ်ထားသည့် မျက်နှာဖုံးသက်သက်သာ ဖြစ်သည် ။
အခုလည်း သူကြောက်နေသည် ။
ဦးဝဏ္ဏအနားရှိနေရင်ကို လူတိုင်းက စိတ်ထဲ၌ အနည်းငယ်တော့ ကြောက်ရွံကြမည်ပင် ဖြစ်သည် ။

" မင်းက အိမ်ကနေ အဝေးကြီးထိ ထွက်လာခဲ့တာပဲ "

အတော်လေးကြာမှ ဦးဝဏ္ဏက စကားစသည် ။
သူ ဦးဝဏ္ဏကို အပြုံးတု တစ်ခုသာ တုန့်ပြန်နိုင်သည် ။
အပြုံးတစ်ခုကို ဆင်မြန်းထားပေမယ့် အပြုံးနောက်ကွယ်မှာ သူ ဘယ်လောက် ကြောက်ရွံနေသည်ကိုတော့ သူသာလျှင် သိနိုင်သည် ။
မဟုတ်သေး ဦးဝဏ္ဏလည်း သိနိုင်သေးသည် ။

" မင်းကို ငါက ဂိုဏ်းတစ်ခုပေးခဲ့တယ် ၊ ငါတောင်းဆိုခဲ့တာကလည်း အပြစ်မဲ့သူကို မထိရဘူးဆိုတဲ့ ကတိလေးတစ်ခုပဲ "

သူ တိတ်ဆိတ်စွာသာ နေမိသည် ။
အခန့်မသင့်၍ သူ စကားပြောမှားသွားရင် သူ့အစ်မကို မထုတ်ပေးနိုင်ရုံသာမက အသက်ပါ ဆုံးရှုံးသွားနိုင်သည် ။

" မင်းက ဒါလေးတောင် မတည်နိုင်ဘူးလို့ မထင်ထားခဲ့ဘူး ၊ ဥက္ကာစေ...
မင်းက မြတ်လေးကိုတောင် ထိရဲတယ်ဆိုတော့ ဒီနှစ်တွေအတွင်းမှာ အတော်လေး သတ္တိတွေ ရှိလာတာပဲ "

အခြေအနေသိသော သူက အသံတိတ်နေကာ ဦးဝဏ္ဏပြောသမျှ ခွန်းတုံ့မပြန်ခဲ့ပေ ။

" မင်းအကြောင်း ငါသိသလောက်ဆိုရင် ကိစ္စကြီးကြီးမားမား လုပ်ဆောင်တဲ့အခါ အဲဒီ့ အနီးနားတစ်ဝိုက်မှာ ရှိနေတတ်တယ် ဟုတ်တယ်မလား "

အသံတိတ်နေခြင်းက ဝန်ခံခြင်းပင် ဖြစ်သည်ကို ဦးဝဏ္ဏ သိပေလိမ့်မည် ။
ဦးဝဏ္ဏက ဆက်ပြောသည် ။

" ပြောရရင် မင်းက ငါရှိနေလို့ လုပ်ကြံရဲတာပဲ ။
ငါ အရှည်ကြီး မပြောတော့ဘူး မင်းဘာလိုချင်လို့လဲ "

Eternal ( ခေတ္တရပ်နား )Onde histórias criam vida. Descubra agora