Part 6 Unicode

690 82 1
                                    

ဧည့်ခန်းမှာ သတင်း ထိုင်ကြည့်နေသော စော ။

နီညို့ရောင် ပိုးသားဝတ်စုံ ညအိပ်ဝမ်းဆက်က စောရဲ့ အသားအရောင်နဲ့ စပ်ဟပ်လွန်းလှသည် ။

နဖူးပေါ်ဝဲကျနေသော ဆံပင်စလေးများ ၊ အမြဲလိုလို အေးဆေးတည်ငြိမ်နေဟန် မျက်နှာလေးကလည်း
မီးရောင်အောက်မှာ
ဝင်းလက်၍နေသည်။

ကျွန်တော် သိပ်သဘောကျသော မျက်ဝန်းလှလှလေးများက တီဗွီ စခရင်ပေါ်တွင်သာ အာရုံစူးစိုက်လျက် ကြည့်နေခဲ့သည် ။

ထို မျက်ဝန်းလှလှလေးတွေကို ကာရံထားသော တိုစိစိ မျက်တောင်စိတ်စိတ်လေးများက မျက်ခမ်းစပ်ပေါ် အရိပ်ထင်လျက် ရှိသည် ။

ညာဘက် နားထင်စပ်က ထင်းနေသော မှည့်နက်လေး ၊ ဘေးက ကြည့်မှ ပိုသိသာသော နှာတံစင်းစင်း မေးရိုးသွယ်သွယ် ။

ပိရိသော နှုတ်ခမ်းပါးလေးများက စေ့စေ့တင်းပိတ်ထားသည်မှာ ကိုင်တွယ်ရခက်သည့် လူတစ်ဦးမှန်း သိသာစေသည် ။

ကျွန်တော် ကြိမ်ခုံ လက်ရမ်းကို မှီကာ စောကို အသေးစိတ်ရှုစားနေမိသည် ။

ယခုတလော စောကို ဆိုးသွမ်းပြနေရ၍ စောနဲ့ နီးနီးကပ်ကပ် မနေခဲ့ရသည်မှာ ကြာပြီလေ ။

စောက ပိုပိုပြီး ကြည့်ကောင်းလာတော့တာပဲ ။

စောက သတင်းကြည့်နေရင်းမှ အာရုံရ၍ထင် ကျွန်တော့်ဘက်လှည့်ကြည့်လာသည်။
ကျွန်တော်လည်း ခပ်တည်တည်နဲ့ ပြုံးပြလိုက်ပြီး သတင်းကို အာရုံစိုက်ဟန်ဖြင့် အကြည့်လွှဲလိုက်ရသည် ။

" ၈ နာရီ ထိုးပြီးနေပြီ စာမကြည့်တော့ဘူးလား "

စောကတော့ ကျွန်တော့်ကို အကြည့်မလွှဲပဲ စာကြည့်ဖို့ ဆိုလာသည်။

" စော စောင့်ပေးပါဆို ကျွန်တော် တစ်ယောက်ထဲဆို စာထဲ စိတ်မပါဘူး "

" စော သတင်းပြီးရင် လာခဲ့မယ် သွား အခန်းထဲမှာ စောင့်နှင့် "

" အင်း "

ပျင်းတိ ပျင်းရွဲနဲ့ ပြန်ဖြေပြီးနောက် အကြောဆန့်ကာ မတ်တပ်ရပ်လိုက်သည်။ ပြီးမှ မနမ်းရတာ ကြာပြီဖြစ်သော စောရဲ့ ပါးပြင်ကို မွှေးကြူလိုက်သည် ။ စောက မျက်လုံးတွေ ပြူးကာ အံအားသင့်သွားလေသည် ။

Eternal ( ခေတ္တရပ်နား )Onde histórias criam vida. Descubra agora