ထိုသို့တွေးမှ ငယ်စဉ်က စောဆီ ခဏခဏ လာတတ်သော လူကြီးတစ်ယောက်ကို သတိရမိသည် ။
ကျွန်တော် နှစ်တန်းလောက်တုန်းကထင်သည် ။
ထိုလူကြီးက ကျောင်းဆင်းတိုင်း ရောက်လာပြီး စောကို လာတွေ့တတ်သည် ။
အဲ့အချိန်တုန်းကဆို စောက ကျွန်တော့်လက်ကို တွဲသာတွဲထားသည် ၊ ထိုလူကြီးပြောသည့် စကားတွေကိုသာ နားထောင်ပြီး ထိုလူနဲ့အတူလိုက်ရယ်နေခဲ့သည် ။
ထိုစဉ်က ငယ်သေးသည့်အတွက် မည့်သည့်အကြောင်းအရာတွေကို ပြောပြီး ရယ်နေကြသည်ကိုတော့ မသိတော့ပေ ။
နေ့တိုင်းနီးပါး ထိုလူကြီးက
လာလာကြိုတတ်ပြီး စောကလည်း ထိုလူကြီးနဲ့ ရင်းရင်းနှီးနှီး ရှိလှသည်ကိုတော့ မှတ်မိနေသေးသည် ။စောကလည်း ထိုလူကြီးရှေ့ဆို ရယ်နေတတ်ပြီး ကျွန်တော့်ကို မေ့နေတတ်သည် ။
ထိုလူကြီး မလာတုန်းကဆို ကျွန်တော့်ကိုပဲ စကားတွေပြောပြီး ပျော်အောင်စနေတတ်ပေမယ့် ၊ ထိုလူကြီးလာတော့
စောက ကျွန်တော့်ကို စကားလည်း မပြောတော့သလို စလည်းမစတော့ပဲ
လက်ကိုသာ တွဲကိုင်ထားခဲ့သည် ။ထိုလူကြီးလာတိုင်း စောက ကျွန်တော့်ကိုဂရုမစိုက်တာကို ခံစားမိတော့ ကလေး အတွေးလေးနဲ့တောင် ထိုလူကြီးကို မလာစေချင်ခဲ့ဘူး ။
ကျွန်တော် မှတ်မိသေးတယ် ၊ အဲဒီ့နေ့တုန်းက ကျွန်တော် ရေခဲဂျက်တောင်းနေသည်ကို အာရုံမရပဲ ၊ ထိုလူကြီး ပြောနေသည်ကိုသာ အာရုံရကာ ရယ်နေသော စောကြောင့် တွဲထားသည့်လက်ကို ဆွဲဖြုတ်ကာ အော်ငိုခဲ့သည် ။
ထိုအခါမှ စောက ပြာပြာသလဲ ချော့လာသည် ။
မကျေနပ်ချက်တွေက စုပြုံလာသည်ထင်ပါရဲ့ ၊ အငိုမတိတ်ပဲ တအိအိနဲ့ စောပွေ့ချီထားသည့် လက်တွေပေါ် ပါလာခဲ့သည် ။
ထိုလူကြီးက ပြောင်းချီပေးမလို့ လုပ်တော့လည်း ရုန်းကန်ပြီး ပိုပြီးတော့တောင် အော်ငိုခဲ့သေးသည် ။အိမ်ရောက်တော့လည်း အဖေတို့ဆီမှာပဲ တွယ်ကပ်နေပြီး ၊ စောကို စိတ်ကောက်ပြတော့သည် ။
ထိုအခါမှ စောက စိတ်မကောင်းဖြစ်သွားပုံရသည် ၊ ကျွန်တော့်ကို အမျိုးမျိုး ချော့သည် ။
အမှတ်ကြီးသည် ပြောရလေမလား မသိပေမယ့် ၊ စောအနားကို ရက်တော်တော်ကြာလောက်ထိ မကပ်ခဲ့ ။
ကျွန်တော် စိတ်ကောက်နေတော့မှ စောက ထိုလူကြီးနဲ့ နှစ်ယောက်ထဲ ရယ်မနေတော့ပဲ ကျွန်တော့်ကိုပဲ အလေးထား ချော့နေခဲ့သည် ။
ကျွန်တော် ကျေနပ်နေခဲ့သည် ထင်ပါသည် ။
ကျွန်တော် ကလေးသဘာဝ စိတ်ကောက်ပြေသွားတော့လည်း စောက ကျွန်တော့်ကိုသာ ပိုပြီး အရေးပေးခဲ့သည် ။
ထပ်ပြီးတော့ စိတ်ကောက်မှာ စိုးလို့ထင်သည် ။
YOU ARE READING
Eternal ( ခတ်ေတရပျနား )
RomanceStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...