Part 31 Unicode

349 47 4
                                    

ကျွန်တော့်ရဲ့ ခံစားချက်တွေကို စောတစ်ယောက်ကို သိစေချင်သည့်စိတ်နှင့် မသိစေချင်သည့် စိတ်ဆန္ဒတွေ ရောထွေးခဲ့ဖူးသည် ။
မသိစေချင်တာက စောက ကျွန်တော့်ကို ဒီရက်ပိုင်းအတွင်း ဆက်ဆံသလိုမျိုး အေးစက်သွားမည် ဆိုး၍ ဖြစ်သည် ။
သိစေချင်တာက တစ်သက်လုံး စောရဲ့တူလေးအဖြစ် မနေချင်၍ ဖြစ်သည် ။
အခု စောသိသွားပြီ ။
မကြာခင် ကျွန်တော်က စောရဲ့ အဆုံးအဖြတ်ကို နာခံရတော့မည်ဆိုတာကိုလည်း ရိပ်မိသည် ။
ပြောရရင် စောက ကျွန်တော့်ကို အဝေးကို နှင်ထုတ်မယ့် အခြေအနေကိစ္စရပ်မျိုး မလိုချင်ဘူး ။
ပြီးတော့ စောသိသွားရင် ဒီလိုမျိုး အခြေအနေကို ကြုံရမှာ သိပေမယ့်လည်း စောနှင့်ကျွန်တော့်ကြားက  သွေးအေးတိုက်ပွဲကြီးကို အကြာကြီး ရှိမနေစေချင်ဘူး ဖြစ်သည် ။

ထို့အတွက် လုပ်မိလုပ်ရာ လုပ်လိုက်တာက စောကို အတင်းနမ်းရှိုက်မိခြင်းဖြစ်သည် ။
စော နှုတ်ခမ်းတွေကို စောအလိုမပါဘဲ အတင်းသိမ်းယူနေစဥ်အတွင်းမှာ စော တုံ့ပြန်မယ့် အခြေအနေအမျိုးမျိုးကိုလည်း အသည်းအသန် တွေးနေမိခဲ့သည် ။

ကျွန်တော် ခေါင်းထဲ ဖြစ်နိုင်ခြေ အမျိုးမျိုး ပေါ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ စော တုံ့ပြန်ခဲ့တာက ကျွန်တော် မထင်ထားခဲ့တာ တစ်ခု ။
ကျွန်တော် ကြောက်သည် ။
ကျွန်တော့်ကို ဆူပူ ကြိမ်းမောင်းလိုက်တာထက် ဥပေက္ခာ ပြုလိုက်မည်ကို ပို၍ကြောက်သည် ။
အခန်းထဲက ထွက်သွားတော့မည် ကြံသည့် စောကို တားဆီးဖို့အတွက် ကျွန်တော် လုပ်နိုင်ခဲ့တဲ့ တစ်ခုတည်းသောအရာက စောကို ဆွဲထားခြင်းသာ ။
ယခုလို အခြေအနေမျိုးဖြင့် စောက အခန်းထဲက ထွက်သွားခဲ့ရင် စောနှင့်ကျွန်တော် ပို၍ သွေးအေးသွားလိမ့်မည် ။
ဒါက ကျွန်တော် လိုချင်ခဲ့တာမျိုး မဟုတ်ပေ ။
ကျွန်တော် ရူးရူးမိုက်မိုက်နဲ့ ခြိမ်းခြောက်မိတော့ စောဆီက တုံ့ပြန်မှုတစ်ခုကို လက်ခံရရှိသည် ။

' မင်းကို ဘယ်သူက စွန့်ပစ်မှာလဲ 'တဲ့ ။

စောရဲ့ စကားတစ်ခွန်းမှာ ကျွန်တော့်ရဲ့ စိတ်တင်းကျပ်မှုတွေအားလုံးနီးပါး ပြေလျော့ကာ သွားခဲ့ရသည် ။
ကျွန်တော် မေ့နေခဲ့တာဖြစ်သည် ။
စောက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော့်ကို စွန့်ပစ်မယ့် သူမှ မဟုတ်လေပဲ ။
စောအတွက် အချိန်လိုနေခဲ့ခြင်းသာ ဖြစ်မည် ။

Eternal ( ခေတ္တရပ်နား )Où les histoires vivent. Découvrez maintenant