သင်္ကြန်အတွင်း ပိတ်မည် ဖြစ်၍ အလုပ်ရှုပ်နေခဲ့သော စောက ဒီနေ့ကစ နားခွင့်ရပေသည် ။
သင်္ကြန်မိုးပြေးများက ခပ်ဖွဲဖွဲ ကျလျက်နေသည် ။
မိုးကျနေ၍ပေလား ၊
အကြိုနေ့မို့လေလား မသိရပေမယ့် လူတွေက သိပ်မကဲကြသေးပုံရသည် ။
မြို့တစ်ခွင်သည်ကား အတန်ငယ် တိတ်ဆိတ်လျက် ရှိနေသည် ။
အကျနေ့ကျရင်တော့ နေပွင့်ဖို့ မျှော်လင့်မိသည် ။
ကျွန်တော်က သင်္ကြန်ပိုးမကြွပေမယ့် စောနဲ့တော့ အတူလည်ဖူးချင်ခဲ့သည် ။
ထိုကြောင့် မနက်ဖြန်ကစ ကျွန်တော်တို့ တစ်စုကဲဖို့ ပြင်ထားကြပြီးသား ဖြစ်သည် ။" စော "
" အင်း ပြောလေ "
" ကျွန်တော်တို့ မနက်ဖြန်လည်ကြမယ်နော် "
" ဘယ်နှစ်ကြိမ် ပြောနေမလဲ စော လက်ခံပြီးသားလေ "
" ဒါပေမယ့် စောက နှစ်တိုင်း အိမ်မှာပဲ ကပ်နေတာလေ မနက်ဖြန်ကျမှ မသွားချင်ဘူးဆို ကျွန်တော်ပဲ စိတ်တိုရဦးမှာ "
မျက်ခုံးပင့်ကြည့်လာသူ စောကို ကျွန်တော်ကလည်း မျက်ခုံးပြန်ပင့်ပြတော့ စောလက်ဖဝါးက ကျွန်တော့် နဖူးကို လာထိခတ်သည် ။
ဖတ်!
" အာ့! "
" စော.. ရဲသွားပြီထင်တယ် "
နဖူးကို ပွတ်ကာ မျက်နှာတည်နဲ့ စလိုက်တော့ စောက သူ လွန်သွားသည် အထင်နဲ့ မျက်နှာလေးကပါ ပျက်ယွင်းသွားသည် ။
" ဆောရီး "
ပြောပြီးသည်နဲ့ နဖူးကို ခပ်ဖွဖွ လာပွတ်ပေးနေပြန်သည် ။
ကျွန်တော့်အကြည့်တွေကလည်း စောနှုတ်ခမ်းပါးမှာသာ ခိုနားပြန်သည် ။
ဘယ်လိုလုပ်ရမလဲ ၊ စောရဲ့ နှုတ်ခမ်းတွေကို အကြင်နာအနမ်းတွေ ပေးချင်နေမိတာ ဘယ်လိုလုပ်ရမလဲ မသိတော့ ။
ညဘက်တွေ အနမ်း ခိုးပေးရအောင်လည်း ကျွန်တော်ကသာ အရင်အိပ်ပျော်သွားတတ်သည် ။
ထို့အတွက်ကြောင့် မနက်မိုးလင်းလို့ မျက်လုံးဖွင့်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မှုတွေဝင်ရောက်ပြီး နိုးထခဲ့ရတာ နေ့စဉ်ရက်ဆက် ။ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျွန်တော့်စိတ်ထဲ ရှိသည့်အတိုင်းသာ လုပ်လိုက်ချင်တော့သည် ။
ကျွန်တော့်ရဲ့ အရှင်သခင်က ကျွန်တော့်ကို ပြည်နှင်ဒဏ်ပေးလိုက်မည်ကို ကြောက်ရွံနေ၍သာ ထိန်းချုပ်ထားနေရခြင်းဖြစ်သည် ။
YOU ARE READING
Eternal ( ခေတ္တရပ်နား )
RomanceStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...