" ကျောင်းသားကဒ်မေ့မယ် "
" အဲ့တာပဲ.. စော မပြောရင် ကျွန်တော် မေ့တော့မှာဗျ "
နံရံမှာ ချိတ်ထားသော ကျောင်းသားကဒ်ကို ယူကာ လည်ပင်းတွင် တစ်ခါတည်း ဆွဲထားလိုက်ရသည် ။
ဒီနေ့က စာမေးပွဲ နောက်ဆုံးနေ့မို့ စိတ်တွေက ပေါ့ပါးနေသည် ။ ပေါ့ပါးနေပေမယ့် အနည်းငယ်တော့ ပျာယာခတ်နေခဲ့သည် ။
ဒီနေ့ မပန်မိုးနှင့် သူမ၏ မိဘနှစ်ပါးက စောဆီလာမည်ဖြစ်၍ စိတ်လှုပ်ရှားနေပြန်သေးသည် ။
မဖြေရသေးသော နောက်ဆုံးဘာသာ စာမေးပွဲကို မြန်မြန်ပြီးစေချင်မိသည် ။
ညကျမှ ညစာ စားရင်း စကားလက်ဆုံကျကြမည် ဖြစ်သော်လည်း ရုတ်တရက် အချိန်တွေပြောင်းသွားပြီး ဘာမှ မသိလိုက်ရမှာ စိုးရိမ်သည် ။ကျွန်တော့်ရဲ့ အခု စိတ်လှုပ်ရှားနေသော အခြေအနေက စောစေ့စပ်သည့်နေတုန်းကထက် မလျော့ပေ ။
စောက ငြင်းလိုက်ပေမယ့် သူတို့ လူကြီးတွေက အတင်းအကြပ် ထိမ်းမြားပေးရင်ဖြင့် ကျွန်တော် မည်သို့ လုပ်ရမည်နည်း ။မပန်မိုး၏ မိဘနှစ်ပါးက စော၏ ကျေးဇူးရှင်တွေဆိုရင်လည်း မမှားပေ။ မဟုတ်ရင် ဆယ်ကျော်သက်အရွယ်လေး စောက ကျွန်တော့်ကို အဘယ်ကဲ့သို့ အဘက်ဘက်ကနေ ပြည့်ပြည့်စုံစုံ ထားနိုင်ခဲ့မည်နည်း ။
စောကိုယ်တိုင်ကလည်း ကြိုးစားပေမယ့် မပန်မိုး၏ မိဘနှစ်ပါးက ရှေ့က လမ်းပြ ပဲ့ကိုင်ပေးခဲ့သည့် ကျေးဇူးရှင်များပင် ။ရှုပ်ထွေးသော လောကကြီးမှာ ထိုမိသားစုက စောတို့ ၊ ကျွန်တော်တို့အတွက်တော့ စစ်မှန်သည့် မိတ်ကောင်းဆွေကောင်းများပင် ဖြစ်ခဲ့သည် ။
ကျွန်တော်သာ စောအပေါ် သံယောစဥ်တွေတွယ်ကာ ခံစားချက်တွေမပိုခဲ့ဘူးဆိုရင်ဖြင့် မပန်မိုးနှင့် သဘောတူမိမှာပင်ဖြစ်သည် ။မပန်မိုးဆိုသည်မှာလည်း ပြစ်ချက်မရှိသလောက်ကင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် အမျိုးသမီးကောင်းတစ်ဦးပင်ဖြစ်သည် ။
သို့ပေမယ့် ကျွန်တော်ကိုယ်တိုင်နှင့် ယှဥ်သည့်အခါ စောကို ကျွန်တော်သာ ပိုင်ဆိုင်ချင်သည် ။
ŞİMDİ OKUDUĞUN
Eternal ( ခေတ္တရပ်နား )
RomantizmStart - 1.1.2021(Fri) အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလေးတို့ရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖြစ်သည်။ အလိုလိုက်ပေးပြီး ချစ်ပေးတဲ့ ဦးလေးဖြစ်သူနှင့် ဦးလေးတစ်ယောက်ထဲကိုပဲ မျက်လုံးထဲထည့်သည့် တူလ...