Season 2 (Part 6)

190 40 1
                                    

ZawGyi
About of Consoled Fairy S2
Part-6
အခ်ိန္နည္းနည္းၾကာၿပီးေတာ့ အစိမ္းေရာင္ အလင္းတန္းတခ်ိဳ႕က နန္းေဆာင္အျပင္မွာ ရစ္သိုင္းလာတယ္။ ငါေလး အဲဒီ က်ပ္မျပည့္တဲ့ နတ္ဘုရားရဲ႕ ဂ႐ုစိုက္မႈေတြ ၾကားထဲမွာ ျပားျပားမဝပ္ေအာင္ ေတာင့္မခံႏိုင္ေသးခင္အထိေပါ့။
လူးကပ္စ္က အျပင္ကို တစ္ခ်က္ ေစာင္းၾကည့္လိုက္တယ္။ လက္ကေန အလင္းစစ္ရဲ႕ ေ႐ႊေရာင္ အလင္းတန္းတခ်ိဳ႕ ထြက္ေပၚလာၿပီးတဲ့ ေနာက္မွာ ဇီဒန္က နန္းေဆာင္ထဲကို ေလွ်ာက္ဝင္လာတယ္။
သူ႕နေဘးနားမွာ နတ္သူငယ္ေတာက ပန္းပြင့္ေတြကို ထပ္ညႇပ္ၿပီးေတာ့ သယ္လာတယ္။ ငါေလး အသည္းေတြ နာသြားမိတယ္။ ဒီလိုႀကီး ပန္းပြင့္ေတြကို ထပ္ညႇပ္ၿပီးေတာ့ သယ္လာေတာ့ ဘယ္လို လုပ္ၾကမလဲ။ ႏြမ္းကုန္မွာေပါ့။ ရက္စက္လိုက္ၾကတာ။
ဇီဒန္လက္ထဲမွာ စာအုပ္လိပ္ တစ္ထပ္ကို ပိုက္ထားေသးတယ္။ သူက ဝင္လာၿပီးတာနဲ႔ လူးကပ္စ္ကို အ႐ိုအေသေပးတယ္။ ငါေလးကို ေယာင္လို႔ေတာင္မွ တစ္ခ်က္ မၾကည့္ဘူး။
"မင္းသား၊ ဒါေတြက ျမင့္ျမတ္ေတာ္ဝင္က နတ္သူငယ္ေလးေတြကို ျပဳစုပ်ိဳးေထာင္တဲ့ နည္းလမ္းေတြပါ။ တကယ္လို႔ မင္းသား ထပ္လိုခ်င္ေသးရင္.. မိခင္ေလာင္းဌာနက နတ္ဘုရားမေတြကို ေခၚယူေတြ႕ဆုံဖို႔ စီစဥ္ေပးရမလား"
ဇီဒန္က စာအုပ္ေတြကို ပလႅင္နားမွာ စားပြဲငယ္တစ္လုံး ဖန္တီးၿပီးေတာ့ ခ်လိုက္တယ္။ လူးကပ္စ္က စာအုပ္တစ္အုပ္ကို လွန္ၾကည့္လိုက္ရင္းက ေျပာတယ္။
"ငါ့ညီမကို ဒီအသုံးမက်တဲ့ ျမင့္ျမတ္ေတာ္ဝင္ မိခင္ေလာင္းဌာနက နတ္ဘုရားမေတြ လက္ထဲကို မထည့္ႏိုင္ဘူး။ ငါ ကိုယ္တိုင္ လုပ္လို႔ ရတယ္ ဆိုရင္ ငါပဲ လုပ္လိုက္မယ္။ သူက ငါ့ညီမ ဆိုမွေတာ့ ငါက ေကာင္းေကာင္း တာဝန္ယူေပးသင့္တာေပါ့"
ငါေလးမွာ သူ႕ရဲ႕ တာဝန္ယူခ်င္စိတ္အတြက္ အသံမထြက္ပဲ ႀကိတ္ၿပီးေတာ့ ႐ိႈက္ငိုေနပါၿပီ။ အဲဒီ တာဝန္ယူမႈႀကီးနဲ႔အတူ ငါေလး နတ္သက္ေႂကြသြားမယ္လို႔ပဲ ဘာလို႔ ထင္ေနမိတာလဲ မသိဘူး။
အဲဒီ ဇီဒန္က ငါ့ကို တကယ္ပဲ နတ္သူငယ္ေလးေတြကို ပ်ိဳးေထာင္တဲ့အတိုင္း ပ်ိဳးေထာင္ေစခ်င္ေနတာလား။ အဲလိုေတာ့ မဟုတ္ေလာက္ဘူး မဟုတ္လား။ သူကပါ သိသိေနရဲ႕နဲ႔ အလိုတူ အလိုပါ။ ငါလက္မခံဘူး ငါ ခ်က္ခ်င္း ဇီဒန္အနားကို တိုးသြားၿပီးေတာ့ တီးတိုးေျပာလိုက္တယ္။
"မင္းက ဘာျဖစ္ေစခ်င္ေနတာလဲ မင္းေရာ ငါေရာ သိေနတာႀကီးကို.."
ဇီဒန္က သူ႕ကိုယ္ကို မတ္မတ္ ရပ္လိုက္တယ္။ ငါေလး အရပ္က သူတိုနဲ႔ အကြာႀကီး တီးတိုးေျပာဖို႔ကို အေတာင္ပံ မသုံးရင္ မရဘူး။ ငါေလး အေတာင္ပံခတ္လိုက္ၿပီးေတာ့ ဇီဒန္ကို နားနားမွာ ကပ္ေမးလိုက္တယ္။
"ဒါက ဘယ္လို ျဖစ္တာလဲ။ မင္းရဲ႕ သခင္ေလးက ငါ့ကို ေမ့သြားမွာပါဆို"
"သူ မင္းကို သတိမရပါဘူး.."
"ဒါဆို သူ ငါ့ကို အခုေခၚထားတာကေရာ.."
"သူ႕ ညီမလို႔ ထင္ေနလို႔"
တစ္ခြန္းေမး.. တစ္ခြန္းေျဖ..။ မသိရင္ သူတို႔ကပဲ မဟာ့မဟာ အမွန္တရားဘက္ေတာ္သားႀကီးေတြ အတိုင္း။
"ဒါေပမဲ့ မင္းသိေနတယ္ေလ။ မင္း႐ွင္းျပလိုက္ေလ.."
အဲဒီစကားမွာေတာ့ ဇီဒန္က ငါ့ဘက္ကို ေခါင္းလွည့္ ၾကည့္လာေဖာ္ ရေလတယ္။ ဒါေပမဲ့..။
"မင္းသားက တစ္ေယာက္တည္း ႀကီးလာေတာ့ သူမ်ားေျပာတာကို လက္မခံတတ္ဘူး။ မဟုတ္ရင္ မင္းႀကိဳးစားၾကည့္ပါလား"
"သူက ငါ့ကို လူျပည့္မွာတုန္းက ေမြးစားၿပီးၿပီေလ။ အခုတစ္ခါ ထပ္ၿပီးေတာ့..။ သူ႕မွာ ညီမလိုခ်င္ေနတဲ့ ေရာဂါ ႐ွိတာလား"
"သတိေပးတာ ေက်းဇူးပဲ။ မနက္ျဖန္ ငါ ေက်ာင္းကိစၥေတြ စုံစမ္းရမယ္ ထင္တယ္"
"ဘာ!!.."
ငါ့ အသံက က်ယ္သြားတယ္။ လူးကပ္စ္က နတ္သူငယ္ပ်ိဳးေထာင္ေရး စာအုပ္ေတြ ဖတ္ေနရင္းက ေမာ့ၾကည့္လာတယ္။ သူက စာသားတစ္ေၾကာင္းကို အသံထြက္ၿပီးေတာ့ ဖတ္တယ္။
"ကေလးငယ္ကို ျဖစ္ခ်င္တဲ့ လမ္းေၾကာင္းအတိုင္း ျပဳစုပ်ိဳးေထာင္သင့္တယ္တဲ့။ ညီမေလး ဘာျဖစ္ခ်င္လဲ ဆိုတာ အစ္ကိုေတာ္ကို ေျပာၾကည့္ပါလား"
ေသခ်င္ေနတယ္။ မင္းလက္ထဲမွာ အ႐ုပ္လို ျဖစ္ခ်င္တာ ျဖစ္ခြင့္ေပးရမဲ့ အစား ငါေလး ေသလိုက္တာကမွ ပိုေကာင္းအုံးမယ္။
"အာ ဘာစိတ္ဝင္စားလဲ ဆိုတာ ေမးရမယ္တဲ့။ ညီမေလး ဘာစိတ္ဝင္စားလဲ။ ဘာလုပ္ရတာ စိတ္ဝင္စားလဲ.."
ေမးခြန္းေတြက ထပ္ၿပီး ထြက္လာျပန္တယ္။ ဒီလိုေမးခြန္းေတြ ကေလးကို ေမးတယ္ ဆိုတာ ခ်ိဳခ်ိဳသာသာ ေခ်ာ့ျမဴၿပီးေတာ့ ေမးရတာ မဟုတ္လားဟင္။
ဘာလို႔ ေအးစက္ၿပီး အေျဖတစ္ခုခု မေပးရင္ သတ္ပစ္မယ္ ဆိုတဲ့ အၾကည့္ေတြနဲ႔ ေမးေနရတာလဲဟင္။ ကေလးလို ျပဳစုခံရတာလား။ ကေလးကို ၿခိမ္းေျခာက္ေနတာလား။ ေသာက္က်ပ္မျပည့္တဲ့ နတ္ဘုရားရဲ႕။
"ေျပာေလ ဘာစိတ္ဝင္စားတာလဲ။ ညီမေလး စိတ္ဝင္စားတာ တစ္ခုခု မ႐ွိရင္.."
ငါ..၊ ေနအုံး.. ေတြးစမ္း။ ဒီနန္းေဆာင္ကေန တစ္ခ်ိန္ေလးပဲ ေကာင္းေကာင္းမြန္မြန္ လစ္ထြက္သြားရရင္ေတာင္မွ လစ္ထြက္သြားရမဲ့ ေနရာကို ေတြးစမ္း။
အာ.. လက္ဝတ္ရတနာ..။ လက္ဝတ္ရတနာ ျပဳလုပ္တာကို ဇီခ်န္းနတ္မင္းက တာဝန္ယူထားတာ။ ျမင့္ျမတ္ေတာ္ဝင္က လက္ဝတ္ရတနာေတြကို ဇီခ်န္းနတ္မင္းက လုပ္ေဆာင္ေပးတယ္။ ဇီယုနတ္မင္းနဲ႔ အတူတူ ငါေလး ေတာ္လိုက္တာ။
"လက္.. လက္.."
ငါေလး အားရဝမ္းသာ ေျပာမိေတာ့မယ့္ စကားက ေမာ့ၾကည့္လိုက္တာနဲ႔ ေအးစက္စြာ စိုက္ၾကည့္ေနတဲ့ နတ္ဘုရားႏွစ္ပါးေၾကာင့္ ထစ္အ ထစ္အနဲ႔ ရပ္သြားမိတယ္။ လူးကပ္စ္နတ္ဘုရားက အားပါးတရ ျပဳံးသြားတယ္။
"ငါ့ညီမေလးက ေတာ္သားပဲ။ လက္နက္ေတြ လုပ္ခ်င္တာလား။ ငါ့ညီမေလးက အျမင္လည္း ႐ွိတယ္။ ျမင့္ျမတ္ေတာ္ဝင္မွာ လက္နက္နတ္ဘုရားရာထူး လစ္လပ္ေနတာကို သိေနတာပဲ။ ေကာင္းၿပီ အစ္ကိုေတာ္က ဒါကို လုပ္ေပးမယ္။ ျမင့္ျမတ္ေတာ္ဝင္မွာ အမ်ိဳးသမီး လက္နက္ နတ္ဘုရားမ မ႐ွိေသးဘူး ဆိုေပမဲ့ ငါ့ညီမကေတာ့ မျဖစ္ႏိုင္ဘူး ဆိုတာ မ႐ွိဘူး"
"မဟုတ္ဘူး.."
ငါေလး ဘယ္တုန္းက လက္နက္နတ္ဘုရား ျဖစ္ခ်င္လို႔လဲဟင္။ ငါေလး ဘယ္တုန္းကမွ လက္နက္နတ္ဘုရား မျဖစ္ခ်င္ပါဘူး။ တိုက္ခိုက္ေရး နတ္ဘုရားေတြ စြမ္းအားျမင့္ နတ္ဘုရားေတြ အားလုံးနဲ႔ အဆင္ေျပၿပီးေတာ့ နတ္မီးလွ်ံေတြ နဲ႔ပါ ရင္းႏွီးကြၽမ္းဝင္ရမယ့္ ကိစၥမ်ိဳး ငါေလး တကယ္ မျဖစ္ခ်င္ပါဘူး။
"လက္နက္ နတ္ဘုရား မျဖစ္ခ်င္ပါဘူး။ ေျပာခ်င္တာက လက္.."
လူးကပ္စ္က ငါေလးစကားကို ဆုံးခြင့္ေတာင္မွ မေပးေတာ့ပဲနဲ႔ စာအုပ္ကို ျပန္ငုံ႔ၾကည့္ၿပီးေတာ့ ေျပာတယ္။
"ကေလးေတြက ဦးတည္ခ်က္ အမ်ားႀကီး ႐ွိတာ မေကာင္းဘူးတဲ့။ တစ္ခုကို ျဖစ္ၿပီးမွ က်န္တာကို ေျပာတာေပါ့။ စိတ္မပူပါနဲ႔ အစ္ကိုေတာ္က အားလုံး လုပ္ေပးမွာပါ"
မင္းဖာသာမင္း ထင္တာႀကီးကို မင္းက လုပ္ေနတာေလ။
"ဒီေန႔ေတာ့ အနားယူခ်ိန္ ေရာက္ၿပီ.."
လူးကပ္စ္က ပန္းပြင့္တစ္ပြင့္ကို ဆြဲဖြင့္လိုက္တယ္။ သူ႕လက္နဲ႔ ထိလိုက္တာနဲ႔ ပန္းပြင့္ဟာ ေလာင္ကြၽမ္းသြားတယ္။ လူးကပ္စ္က တိုးတိုး ညည္းညဴတယ္။
"ကေလးေတြရဲ႕ အိပ္ရာကို ခင္းရတာက ထင္သေလာက္ မလြယ္ဘူးပဲ။ မင္းအိပ္ရာ မင္းဖာသာ လာခင္းလာ။ ကေလးဆိုေပမဲ့ ကိုယ့္တာဝန္ ကိုယ္ယူသင့္တယ္"
ငါေလး ပန္းပြင့္နားကို တိုးသြားၿပီးေတာ့ အစိမ္းေရာင္နတ္သူငယ္ဂါထာေတြ စီးေမ်ာေနတဲ့ နတ္စြမ္းအင္ အမႈန္ေတြကို က်ဲခ်လိုက္တယ္။ ပန္းရနံ႔က သင္းသင္းပ်ံ႕ပ်ံ႕ ထြက္ေပၚလာတယ္။
ဇီဒန္က လူးကပ္စ္အနားကို တိုးသြားတယ္။ အတန္ငယ္ အမွားအယြင္း ျဖစ္ေနတဲ့ ဟန္နဲ႔ သတိေပးသလို ေျပာလိုက္တယ္။
"မင္းသား၊ ပန္းရနံ႔ေတြက.."
လူးကပ္စ္က လက္ကာလိုက္တယ္။ ငါေလးကို ၾကည့္လာၿပီးေတာ့ ေျပာတယ္။
"ကိစၥမ႐ွိဘူး။ နတ္သူငယ္ေလးေတြက ပန္းရနံ႔နဲ႔မွ အိပ္ေပ်ာ္တာ။ ၿပီးေတာ့ ျမင့္ျမတ္ေတာ္ဝင္မွာ ေနဖို႔ သူတို႔က ျပည့္ဝတဲ့ နတ္စြမ္းအား လိုတယ္။ အိပ္ေရးပ်က္လို႔ မျဖစ္ဘူး.."
"ဒါေပမဲ့ မင္းသား.."
"စကားေလ်ာ့ေျပာ..။ ၿပီးေတာ့ မနက္ျဖန္ မနက္ခင္း ညီလာခံ မစေသးခင္ ျမင့္ျမတ္ေတာ္ဝင္က ကနဦးနတ္စြမ္းအင္ ပ်ိဳးေထာင္တဲ့ ေက်ာင္းေတြကို စာရင္းလုပ္ေပးထား ရၿပီ ဒီေန႔ မင္းနားေတာ့"
ဇီဒန္က ျမင္ကြင္းကေန ေပ်ာက္သြားေတာ့ လူးကပ္စ္က သူ႕ဖာသာ ပန္းပြင့္ေပၚကို တက္လာတယ္။ နတ္သူငယ္ေတာက ပန္းပြင့္ေတြမွာ ပြင့္ဖက္တစ္ဖတ္ဆီတိုင္းက နတ္ဘုရားတစ္ပါး အိပ္ဖို႔ လုံေလာက္တဲ့ အ႐ြယ္အစားထိ သူတို႔က ႀကီးထြားၾကတယ္။
အဲဒါေၾကာင့္ ငါက တျခားပြင့္ဖတ္ေပၚမွာ တက္လိုက္ေတာ့ သူက နေလးက ပြင့္ဖတ္ေပၚမွာ လဲေလ်ာင္းတယ္။ ပန္းဝတ္မႈန္ကေန ရနံ႔သင္းသင္းေလးက ငါ့ကို စိတ္ၾကည္ေစတယ္။ မနက္ျဖန္ က်ရင္ေတာ့ ေနရာ႐ွာၿပီးေတာ့ တျခားပန္းပြင့္ေတြ ညိဳးမသြားေအာင္လို႔ ငါ ဒီနန္းေဆာင္ထဲမွာ စိုက္ပ်ိဳးထားရမယ္။
"အိပ္ေတာ့.."
လူးကပ္စ္ဆီကေန ခပ္တိုးတိုး အသံေနာက္မွာ နန္းေဆာင္တစ္ခုလုံးက အလင္းေရာင္ေတြ ေပ်ာက္သြားၿပီးေတာ့ ခရမ္းေရာင္ အစက္အေပ်ာက္ အလင္းမွိတ္တုတ္မွိတ္တုတ္ေလးေတြက ေပၚထြက္လာတယ္။
အဲဒီခရမ္းေရာင္ အလင္းအစက္ေလးေတြက ဟိုမွ ဒီမွ ေပၚထြက္ေနတယ္။ သူတို႔ေတြက ပုံစံတက်နဲ႔ အရိပ္ေတြက ေ႐ြ႕လ်ားေနတယ္။
အမ်ိဳးသမီးငယ္ေလး တစ္ေယာက္ပုံစံ ေပၚလာတယ္။ အိမ္ကေန ထြက္ေျပးလာဟန္နဲ႔ ပိုၿပီးေတာ့ လင္းတဲ့ေနရာကို တိုးဝင္သြားတယ္။ သူမအေနာက္ကေန အေပါင္းေဖာ္ေတြက လိုက္ပါလာတယ္။ သူတို႔ေတြက ေပ်ာ္႐ႊင္ေနၾကတယ္။
အဲဒီအမ်ိဳသမီးေလးက အမ်ိဳးသားလို ဟန္ေဆာင္ထားတယ္။ ဒါက.. အေၾကာင္းတစ္ခုကို ပုံေဖာ္ထားသလိုပဲ။ ဟင့္အင္း သိလို႔ မျဖစ္ဘူး။ မသိခ်င္ဘူး။ ငါ့ မ်က္လုံးေလးကို ခပ္ျမန္ျမန္ မွိတ္လိုက္တယ္။
ငါ အဲဒါကို သိသြားရင္ ဘာျဖစ္မွာလဲ။ ၿပီးေတာ့ လူးကပ္စ္က တစ္ရက္ရက္မွာ ငါက သူ႕ညီမ မဟုတ္တာကို သိသြားခဲ့ရင္ေရာ..။ ငါေလး ကိုယ္ေလး ေတာင့္တင္းသြားတယ္။ ဆတ္ခနဲ ျဖစ္သြားေတာ့ လူးကပ္စ္ရဲ႕ ပင္လယ္ျပာလို နက္႐ိႈင္းတဲ့ မ်က္ဝန္းေတြက ပြင့္ဟလာတယ္။
ၿပီးေတာ့ သူက ငါ့လက္ကို လွမ္းဆြဲလိုက္တယ္။ ငါေလး တုန္တက္သြားတယ္။ သူက အသံ ၿငိမ္ၿငိမ္ေလးနဲ႔ ေျပာတယ္။
"မေၾကာက္နဲ႔ အစ္ကိုေတာ္ ႐ွိတယ္.."
ငါေလးကေလ..။ ငါေလး တကယ္ ေၾကာက္ေနတာက မင္းကိုပါ..။ ဒါေပမဲ့ ဒီတစ္ႀကိမ္ေတာ့ လက္ေတြက ေႏြးေနတယ္လို႔ ခံစားမိေနတယ္။
သူ လူသားျဖစ္တုန္းက ငါ့ဆီမွာ လာအိပ္တာကို အမွတ္ရမိေတာ့ ငါစိတ္ထဲမွာ ငိုရမလို ရယ္ရမလို ျဖစ္သြားတယ္။ ေနာက္ေတာ့ ငါလည္း အိပ္ေပ်ာ္သြားတယ္။
ငါ မ်က္လံးေတြ ပြင့္လာေတာ့ ငါ့လက္ေတြက ေႏြးေနတယ္။ ၿပီးေတာ့.. ေက်ာေနာက္မွာ.. နတ္ဘုရား။ အတိအက် ေျပာရရင္ က်ပ္မျပည့္တဲ့ နတ္ဘုရား..။
"အား!.."
ငါေလး ပြင့္ခ်ပ္ေပၚကေန ေအာက္ကို ျပဳတ္က်သြားလုမတတ္ ခုန္ပစ္လိုက္မိတယ္။ ယိမ္းထိုးၿပီး မထိန္းႏိုင္ပဲ ျပဳတ္က်သြားၿပီ ထင္လိုက္ေပမဲ့ ငါ့လက္ကို တင္းေနေအာင္ ဆြဲထားတာကို ခံလိုက္ရတယ္။
ေနာက္ေတာ့ ျပန္ဆြဲပစ္လိုက္ေတာ့ ပြင့္ခ်ပ္ေပၚက လူဆီကို ဒိုင္ဗင္ထိုး ေရာက္သြားတယ္။ ငါေလး ကမန္းကတမ္း ပြင့္ခ်ပ္ေပၚကေန ဆင္းလိုက္တယ္။ ဒါႀကီးက ေၾကာက္ဖို႔ ေကာင္းလြန္းတယ္။ ငါတို႔ ႏွစ္ေယာက္က ပြင့္ခ်ပ္ တစ္႐ြက္တည္းမွာ အိပ္ေနတာက.. ေသေလာက္ေအာင္ ေၾကာက္ဖို႔ ေကာင္းတယ္။
"ေမာင္ႏွမေတြက အတူတူ ဖက္ၿပီးေတာ့ မအိပ္ၾကဘူးေလ.."
ငါေလး အိပ္ခ်င္ေနတဲ့ မ်က္ႏွာနဲ႔ လူးကပ္စ္ႀကီး စိတ္မၾကည္သလို ၾကည့္လာတာကို ကမန္းကတမ္း ႐ွင္းျပလိုက္မိတယ္။
"အင္း.. မေန႔ညက မင္းက ေၾကာက္ေနေတာ့ ဒီအစ္ကိုေတာ္က မင္းလက္ကို ကိုင္ထားေပးခဲ့တာေလ။ ေနာက္ေတာ့ မင္း ေၾကာက္ၿပီး လန္႔ႏိုးမွာစိုးလို႔ မင္းအနားမွာပဲ အိပ္လိုက္တာ.."
ေသလိုက္ေဟ့..။ ငါ ေၾကာက္ေနတယ္ ဆိုတာက မင္းအနားမွာ ေနရမဲ့ အသက္ေဘးနဲ႔ နီးေနတဲ့ အျဖစ္ကိုဟ။ ငါ့ရဲ႕အသက္ေဘးႀကီးက ငါ့အနားမွာ ဘာအိပ္လို႔ မရဘူးေလဟာ။
"မင္းအဲေလာက္ ငယ္ေသးတာ။ အစ္ကိုနဲ႔ ကုတင္တစ္ခုတည္း သုံးတာ အျမင္မဆိုးပါဘူး"
ငယ္ေသးတယ္ ဆိုတာက ငါ့ခႏၶာကိုယ္ေလဟာ ငါ့ဝိညာဥ္မဟုတ္ဘူးေလ။ ငါ့စိတ္မဟုတ္ဘူးေလ။
နန္းေဆာင္ခန္းမ အျပင္ဘက္ကေန အစိမ္းေရာင္အလင္းတခ်ိဳ႕က ေပၚလာတယ္။ လူးကပ္စ္က ဝင္ခြင့္ျပဳလိုက္ေတာ့ ဇီဒန္က ေလွ်ာက္လာတယ္။
"ကနဦးနတ္စြမ္းအင္ ႏိုးထတဲ့ေက်ာင္း ႐ွစ္ေက်ာင္း႐ွိပါတယ္ မင္းသား.. မင္းသား ဘယ္ေက်ာင္းေတြကို ေ႐ြးခ်ယ္ခ်င္ပါသလဲ.."
"ေက်ာင္းခ်ိန္ အနည္းဆုံးေက်ာင္း။ တစ္ရက္ကို တစ္နာရီေလာက္ပဲ သင္တဲ့ေက်ာင္းကို ေ႐ြးမယ္။ ၿပီးေတာ့ အခု ျမင့္ျမတ္ေတာ္ဝင္က ညီလာခံကိုသြားမယ္.."
"ဒါေပမဲ့ မင္းသား.. ညီလာခံကို ဘယ္တုန္းကမွ မသြားခ်င္ခဲ့ပဲနဲ႔ ဘာေၾကာင့္.."
"ငါ အေရးတႀကီး ေၾကျငာစရာ ႐ွိတယ္.."
"ဟုတ္ကဲ့.."
သိပ္မၾကာခင္မွာပဲ ငါတို႔ေတြက ျမင့္ျမတ္ေတာ္ဝင္က ညီလာခံကို သြားဖို႔ အဆင္သင့္ ျဖစ္သြားၿပီ ျဖစ္တယ္။ ငါကေတာ့ ဇီဒန္ကို ခ်က္ခ်င္း သြားယူလာခိုင္းတဲ့ နတ္သမီးဝတ္စုံနဲ႔ ျဖစ္တယ္။ ဒါေပမဲ့ လူးကပ္စ္ကေတာ့ အဝတ္နက္တစ္ထည္ကို ေနာက္တစ္ထည္ ထပ္လဲလိုက္တာပဲ ႐ွိကာ ဘာမွထူးျခားဆန္းျပားတဲ့ ျပင္ဆင္မႈမွ မ႐ွိခဲ့ေပ။
လူးကပ္စ္က ျမင့္ျမတ္ေတာ္ဝင္က ညီလာခံကို သြားေနတဲ့ လမ္းေပၚ ျဖည္းညင္းစြာ ေလွ်ာက္ေနတယ္။ ေအးစက္မႈ အ႐ွိန္အဝါက ႀကီးလြန္းေတာ့ ငါေလးေတာင္မွ ထုံေတာ့မလို ျဖစ္ေနတယ္။ နတ္သမီးငယ္ေလးေတြက ရပ္ေနတဲ့ ေနရာမွာ ေတာင့္တင္းသြားၾကတယ္။ တခ်ိဳ႕ေသာ နတ္ဘုရားေတြက အလ်င္အျမန္ ဦးၫႊတ္ၾကတယ္။
ဒါေပမဲ့ လူးကပ္စ္က အ႐ိုအေသေပးျခင္း မေပးျခင္း အပါအဝင္ တျခားေသာ နတ္ေတြ ဘယ္လိုထင္ထင္ အေရးစိုက္ဟန္လည္း မ႐ွိဘဲနဲ႔ ျဖည္းညင္းစြာ ေလွ်ာက္ေနတယ္။ သူ႕အ႐ွိန္အဝါကို ထုတ္လႊတ္ထားဖို႔လည္း သူက မေမ့ေလဘူး။
သူ႕လက္ထဲမွာ မေန႔တုန္းက ဇီဒန္ ယူလာေပးတဲ့ စာအုပ္ေတြထဲက တစ္အုပ္ကို ကိုင္ထားေသးတယ္။ တစ္ခ်က္ တစ္ခ်က္ ငါ့ကိုလွမ္းၾကည့္တယ္။
အျဖဴေရာင္ ျမင့္မားတဲ့ တိုင္လုံးေတြ ရံထားတဲ့ ခန္းမကို ေရာက္ေတာ့ လူးကပ္စ္က ေျခလွမ္းေတြကို ရပ္လိုက္တယ္။ လူးကပ္စ္အေနာက္က တိုက္ခိုက္ေရး နတ္ဘုရားေတြက အနားက လက္နက္စင္မွာ လက္နက္ေတြကို တင္လိုက္တယ္။
ျမင့္ျမတ္ေတာ္ဝင္က ညီလာခံထဲကို လက္နက္ေတြ မသယ္သြားရဘူး။ ဒါက ျမင့္ျမတ္ေတာ္ဝင္က စည္းမ်ဥ္းပဲ။ ညီလာခံ အျပင္ဘက္က ခန္႔ညားတဲ့ အေတာင္ပံတစ္စုံနဲ႔ နတ္သားတစ္ပါးက ငါ့ဆီကို ေလွ်ာက္လာတယ္။ သူက ငါ့ကို ေျပာလာတယ္။
"ညီလာခံထဲကို လက္နက္မယူသြားရဘူး"
လူးကပ္စ္က အဲဒီနတ္သားကို လွမ္းၾကည့္လိုက္တယ္။ ၿပီးေတာ့ ေမးတယ္။ ငါေလးကေတာ့ ခါးမွာ ခ်ိတ္ထားမိတဲ့ အလင္းႏွင္တံကို ျဖဳတ္ေပးမလို႔ ျပင္လိုက္တယ္။
"မင္း ဒါကို ထိန္းသိမ္းထားမလို႔လား။ ျဖစ္ႏိုင္လို႔လား"
အဲဒီနတ္သားက မ်က္ႏွာပ်က္သြားတယ္။ သူလည္း ဘာလုပ္ရမလဲ မသိ ျဖစ္သြားတဲ့ ပုံစံပါပဲ။ ဇီဒန္က ဝင္ေျပာတယ္။
"အလင္းႏွင္တံက အလင္းစစ္နတ္ဘုရား ကိုယ္တိုင္ လြဲအပ္ထားတဲ့သူ မဟုတ္ပဲနဲ႔ ထိမိရင္ ထိမိတဲ့သူ ဘာျဖစ္မယ္ ဆိုတာ မသိဘူးလား"
ဟင္..။ ငါေလး ဒီႏွင္တံကို ေရာင္းစားဖူးတယ္။ အဲဒီနတ္သူငယ္ေတြ ဘာျဖစ္သြားလဲဟင္။ ငါ ေမးခ်င္လာတယ္။
"ဘာ.. ဘာျဖစ္မွာလဲဟင္.."
"တန္ျပန္ သက္ေရာက္မႈအရ နတ္စြမ္းအား ကုန္ခမ္းသြား႐ုံေလးပါ။ အသုံးျပဳဖို႔ ႀကိဳးစားမိရင္ေတာ့ ေလာင္ကြၽမ္းသြားမွာ.."
"အသုံးျပဳဖို႔ ႀကိဳးစားရင္.. ဟုတ္လား.."
"ေနာက္မွ ေျပာျပမယ္"
လူးကပ္စ္က ငါ့ေခါင္းကို လက္နဲ႔ ပုတ္လိုက္ၿပီးမွ အဲဒီနတ္သားကို ေမးလိုက္တယ္။
"မင္း ယူထားခ်င္ေသးလား.."
အဲဒီနတ္သားက ေခါင္းယမ္းတယ္။ လူးကပ္စ္က တျခား အေစာင့္နတ္သားေတြကို ေဝ့ၾကည့္လိုက္တယ္။
"ဘယ္သူ ယူထားခ်င္ေသးလဲ"
အားလုံးက ၿငိမ္သက္ေနတယ္။
"ဒါဆို .. သြားမယ္"
လူးကပ္စ္က ညီလာခံမွာ ဘာကို ေၾကျငာခ်င္တာလဲ။ ျမင့္ျမတ္ေတာ္ဝင္မွာ စစ္ျဖစ္ၾကေတာ့မွာလား။ ဟူး.. ငါေလး ေၾကာက္တယ္ေနာ္။
ဆက္ရန္--
Unicode
About of Consoled Fairy S2
Part-6
အချိန်နည်းနည်းကြာပြီးတော့ အစိမ်းရောင် အလင်းတန်းတချို့က နန်းဆောင်အပြင်မှာ ရစ်သိုင်းလာတယ်။ ငါလေး အဲဒီ ကျပ်မပြည့်တဲ့ နတ်ဘုရားရဲ့ ဂရုစိုက်မှုတွေ ကြားထဲမှာ ပြားပြားမဝပ်အောင် တောင့်မခံနိုင်သေးခင်အထိပေါ့။
လူးကပ်စ်က အပြင်ကို တစ်ချက် စောင်းကြည့်လိုက်တယ်။ လက်ကနေ အလင်းစစ်ရဲ့ ရွှေရောင် အလင်းတန်းတချို့ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ဇီဒန်က နန်းဆောင်ထဲကို လျှောက်ဝင်လာတယ်။
သူ့နဘေးနားမှာ နတ်သူငယ်တောက ပန်းပွင့်တွေကို ထပ်ညှပ်ပြီးတော့ သယ်လာတယ်။ ငါလေး အသည်းတွေ နာသွားမိတယ်။ ဒီလိုကြီး ပန်းပွင့်တွေကို ထပ်ညှပ်ပြီးတော့ သယ်လာတော့ ဘယ်လို လုပ်ကြမလဲ။ နွမ်းကုန်မှာပေါ့။ ရက်စက်လိုက်ကြတာ။
ဇီဒန်လက်ထဲမှာ စာအုပ်လိပ် တစ်ထပ်ကို ပိုက်ထားသေးတယ်။ သူက ဝင်လာပြီးတာနဲ့ လူးကပ်စ်ကို အရိုအသေပေးတယ်။ ငါလေးကို ယောင်လို့တောင်မှ တစ်ချက် မကြည့်ဘူး။
"မင်းသား၊ ဒါတွေက မြင့်မြတ်တော်ဝင်က နတ်သူငယ်လေးတွေကို ပြုစုပျိုးထောင်တဲ့ နည်းလမ်းတွေပါ။ တကယ်လို့ မင်းသား ထပ်လိုချင်သေးရင်.. မိခင်လောင်းဌာနက နတ်ဘုရားမတွေကို ခေါ်ယူတွေ့ဆုံဖို့ စီစဉ်ပေးရမလား"
ဇီဒန်က စာအုပ်တွေကို ပလ္လင်နားမှာ စားပွဲငယ်တစ်လုံး ဖန်တီးပြီးတော့ ချလိုက်တယ်။ လူးကပ်စ်က စာအုပ်တစ်အုပ်ကို လှန်ကြည့်လိုက်ရင်းက ပြောတယ်။
"ငါ့ညီမကို ဒီအသုံးမကျတဲ့ မြင့်မြတ်တော်ဝင် မိခင်လောင်းဌာနက နတ်ဘုရားမတွေ လက်ထဲကို မထည့်နိုင်ဘူး။ ငါ ကိုယ်တိုင် လုပ်လို့ ရတယ် ဆိုရင် ငါပဲ လုပ်လိုက်မယ်။ သူက ငါ့ညီမ ဆိုမှတော့ ငါက ကောင်းကောင်း တာဝန်ယူပေးသင့်တာပေါ့"
ငါလေးမှာ သူ့ရဲ့ တာဝန်ယူချင်စိတ်အတွက် အသံမထွက်ပဲ ကြိတ်ပြီးတော့ ရှိုက်ငိုနေပါပြီ။ အဲဒီ တာဝန်ယူမှုကြီးနဲ့အတူ ငါလေး နတ်သက်ကြွေသွားမယ်လို့ပဲ ဘာလို့ ထင်နေမိတာလဲ မသိဘူး။
အဲဒီ ဇီဒန်က ငါ့ကို တကယ်ပဲ နတ်သူငယ်လေးတွေကို ပျိုးထောင်တဲ့အတိုင်း ပျိုးထောင်စေချင်နေတာလား။ အဲလိုတော့ မဟုတ်လောက်ဘူး မဟုတ်လား။ သူကပါ သိသိနေရဲ့နဲ့ အလိုတူ အလိုပါ။ ငါလက်မခံဘူး ငါ ချက်ချင်း ဇီဒန်အနားကို တိုးသွားပြီးတော့ တီးတိုးပြောလိုက်တယ်။
"မင်းက ဘာဖြစ်စေချင်နေတာလဲ မင်းရော ငါရော သိနေတာကြီးကို.."
ဇီဒန်က သူ့ကိုယ်ကို မတ်မတ် ရပ်လိုက်တယ်။ ငါလေး အရပ်က သူတိုနဲ့ အကွာကြီး တီးတိုးပြောဖို့ကို အတောင်ပံ မသုံးရင် မရဘူး။ ငါလေး အတောင်ပံခတ်လိုက်ပြီးတော့ ဇီဒန်ကို နားနားမှာ ကပ်မေးလိုက်တယ်။
"ဒါက ဘယ်လို ဖြစ်တာလဲ။ မင်းရဲ့ သခင်လေးက ငါ့ကို မေ့သွားမှာပါဆို"
"သူ မင်းကို သတိမရပါဘူး.."
"ဒါဆို သူ ငါ့ကို အခုခေါ်ထားတာကရော.."
"သူ့ ညီမလို့ ထင်နေလို့"
တစ်ခွန်းမေး.. တစ်ခွန်းဖြေ..။ မသိရင် သူတို့ကပဲ မဟာ့မဟာ အမှန်တရားဘက်တော်သားကြီးတွေ အတိုင်း။
"ဒါပေမဲ့ မင်းသိနေတယ်လေ။ မင်းရှင်းပြလိုက်လေ.."
အဲဒီစကားမှာတော့ ဇီဒန်က ငါ့ဘက်ကို ခေါင်းလှည့် ကြည့်လာဖော် ရလေတယ်။ ဒါပေမဲ့..။
"မင်းသားက တစ်ယောက်တည်း ကြီးလာတော့ သူများပြောတာကို လက်မခံတတ်ဘူး။ မဟုတ်ရင် မင်းကြိုးစားကြည့်ပါလား"
"သူက ငါ့ကို လူပြည့်မှာတုန်းက မွေးစားပြီးပြီလေ။ အခုတစ်ခါ ထပ်ပြီးတော့..။ သူ့မှာ ညီမလိုချင်နေတဲ့ ရောဂါ ရှိတာလား"
"သတိပေးတာ ကျေးဇူးပဲ။ မနက်ဖြန် ငါ ကျောင်းကိစ္စတွေ စုံစမ်းရမယ် ထင်တယ်"
"ဘာ!!.."
ငါ့ အသံက ကျယ်သွားတယ်။ လူးကပ်စ်က နတ်သူငယ်ပျိုးထောင်ရေး စာအုပ်တွေ ဖတ်နေရင်းက မော့ကြည့်လာတယ်။ သူက စာသားတစ်ကြောင်းကို အသံထွက်ပြီးတော့ ဖတ်တယ်။
"ကလေးငယ်ကို ဖြစ်ချင်တဲ့ လမ်းကြောင်းအတိုင်း ပြုစုပျိုးထောင်သင့်တယ်တဲ့။ ညီမလေး ဘာဖြစ်ချင်လဲ ဆိုတာ အစ်ကိုတော်ကို ပြောကြည့်ပါလား"
သေချင်နေတယ်။ မင်းလက်ထဲမှာ အရုပ်လို ဖြစ်ချင်တာ ဖြစ်ခွင့်ပေးရမဲ့ အစား ငါလေး သေလိုက်တာကမှ ပိုကောင်းအုံးမယ်။
"အာ ဘာစိတ်ဝင်စားလဲ ဆိုတာ မေးရမယ်တဲ့။ ညီမလေး ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ရတာ စိတ်ဝင်စားလဲ.."
မေးခွန်းတွေက ထပ်ပြီး ထွက်လာပြန်တယ်။ ဒီလိုမေးခွန်းတွေ ကလေးကို မေးတယ် ဆိုတာ ချိုချိုသာသာ ချော့မြူပြီးတော့ မေးရတာ မဟုတ်လားဟင်။
ဘာလို့ အေးစက်ပြီး အဖြေတစ်ခုခု မပေးရင် သတ်ပစ်မယ် ဆိုတဲ့ အကြည့်တွေနဲ့ မေးနေရတာလဲဟင်။ ကလေးလို ပြုစုခံရတာလား။ ကလေးကို ခြိမ်းခြောက်နေတာလား။ သောက်ကျပ်မပြည့်တဲ့ နတ်ဘုရားရဲ့။
"ပြောလေ ဘာစိတ်ဝင်စားတာလဲ။ ညီမလေး စိတ်ဝင်စားတာ တစ်ခုခု မရှိရင်.."
ငါ..၊ နေအုံး.. တွေးစမ်း။ ဒီနန်းဆောင်ကနေ တစ်ချိန်လေးပဲ ကောင်းကောင်းမွန်မွန် လစ်ထွက်သွားရရင်တောင်မှ လစ်ထွက်သွားရမဲ့ နေရာကို တွေးစမ်း။
အာ.. လက်ဝတ်ရတနာ..။ လက်ဝတ်ရတနာ ပြုလုပ်တာကို ဇီချန်းနတ်မင်းက တာဝန်ယူထားတာ။ မြင့်မြတ်တော်ဝင်က လက်ဝတ်ရတနာတွေကို ဇီချန်းနတ်မင်းက လုပ်ဆောင်ပေးတယ်။ ဇီယုနတ်မင်းနဲ့ အတူတူ ငါလေး တော်လိုက်တာ။
"လက်.. လက်.."
ငါလေး အားရဝမ်းသာ ပြောမိတော့မယ့် စကားက မော့ကြည့်လိုက်တာနဲ့ အေးစက်စွာ စိုက်ကြည့်နေတဲ့ နတ်ဘုရားနှစ်ပါးကြောင့် ထစ်အ ထစ်အနဲ့ ရပ်သွားမိတယ်။ လူးကပ်စ်နတ်ဘုရားက အားပါးတရ ပြုံးသွားတယ်။
"ငါ့ညီမလေးက တော်သားပဲ။ လက်နက်တွေ လုပ်ချင်တာလား။ ငါ့ညီမလေးက အမြင်လည်း ရှိတယ်။ မြင့်မြတ်တော်ဝင်မှာ လက်နက်နတ်ဘုရားရာထူး လစ်လပ်နေတာကို သိနေတာပဲ။ ကောင်းပြီ အစ်ကိုတော်က ဒါကို လုပ်ပေးမယ်။ မြင့်မြတ်တော်ဝင်မှာ အမျိုးသမီး လက်နက် နတ်ဘုရားမ မရှိသေးဘူး ဆိုပေမဲ့ ငါ့ညီမကတော့ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး"
"မဟုတ်ဘူး.."
ငါလေး ဘယ်တုန်းက လက်နက်နတ်ဘုရား ဖြစ်ချင်လို့လဲဟင်။ ငါလေး ဘယ်တုန်းကမှ လက်နက်နတ်ဘုရား မဖြစ်ချင်ပါဘူး။ တိုက်ခိုက်ရေး နတ်ဘုရားတွေ စွမ်းအားမြင့် နတ်ဘုရားတွေ အားလုံးနဲ့ အဆင်ပြေပြီးတော့ နတ်မီးလျှံတွေ နဲ့ပါ ရင်းနှီးကျွမ်းဝင်ရမယ့် ကိစ္စမျိုး ငါလေး တကယ် မဖြစ်ချင်ပါဘူး။
"လက်နက် နတ်ဘုရား မဖြစ်ချင်ပါဘူး။ ပြောချင်တာက လက်.."
လူးကပ်စ်က ငါလေးစကားကို ဆုံးခွင့်တောင်မှ မပေးတော့ပဲနဲ့ စာအုပ်ကို ပြန်ငုံ့ကြည့်ပြီးတော့ ပြောတယ်။
"ကလေးတွေက ဦးတည်ချက် အများကြီး ရှိတာ မကောင်းဘူးတဲ့။ တစ်ခုကို ဖြစ်ပြီးမှ ကျန်တာကို ပြောတာပေါ့။ စိတ်မပူပါနဲ့ အစ်ကိုတော်က အားလုံး လုပ်ပေးမှာပါ"
မင်းဖာသာမင်း ထင်တာကြီးကို မင်းက လုပ်နေတာလေ။
"ဒီနေ့တော့ အနားယူချိန် ရောက်ပြီ.."
လူးကပ်စ်က ပန်းပွင့်တစ်ပွင့်ကို ဆွဲဖွင့်လိုက်တယ်။ သူ့လက်နဲ့ ထိလိုက်တာနဲ့ ပန်းပွင့်ဟာ လောင်ကျွမ်းသွားတယ်။ လူးကပ်စ်က တိုးတိုး ညည်းညူတယ်။
"ကလေးတွေရဲ့ အိပ်ရာကို ခင်းရတာက ထင်သလောက် မလွယ်ဘူးပဲ။ မင်းအိပ်ရာ မင်းဖာသာ လာခင်းလာ။ ကလေးဆိုပေမဲ့ ကိုယ့်တာဝန် ကိုယ်ယူသင့်တယ်"
ငါလေး ပန်းပွင့်နားကို တိုးသွားပြီးတော့ အစိမ်းရောင်နတ်သူငယ်ဂါထာတွေ စီးမျောနေတဲ့ နတ်စွမ်းအင် အမှုန်တွေကို ကျဲချလိုက်တယ်။ ပန်းရနံ့က သင်းသင်းပျံ့ပျံ့ ထွက်ပေါ်လာတယ်။
ဇီဒန်က လူးကပ်စ်အနားကို တိုးသွားတယ်။ အတန်ငယ် အမှားအယွင်း ဖြစ်နေတဲ့ ဟန်နဲ့ သတိပေးသလို ပြောလိုက်တယ်။
"မင်းသား၊ ပန်းရနံ့တွေက.."
လူးကပ်စ်က လက်ကာလိုက်တယ်။ ငါလေးကို ကြည့်လာပြီးတော့ ပြောတယ်။
"ကိစ္စမရှိဘူး။ နတ်သူငယ်လေးတွေက ပန်းရနံ့နဲ့မှ အိပ်ပျော်တာ။ ပြီးတော့ မြင့်မြတ်တော်ဝင်မှာ နေဖို့ သူတို့က ပြည့်ဝတဲ့ နတ်စွမ်းအား လိုတယ်။ အိပ်ရေးပျက်လို့ မဖြစ်ဘူး.."
"ဒါပေမဲ့ မင်းသား.."
"စကားလျော့ပြော..။ ပြီးတော့ မနက်ဖြန် မနက်ခင်း ညီလာခံ မစသေးခင် မြင့်မြတ်တော်ဝင်က ကနဦးနတ်စွမ်းအင် ပျိုးထောင်တဲ့ ကျောင်းတွေကို စာရင်းလုပ်ပေးထား ရပြီ ဒီနေ့ မင်းနားတော့"
ဇီဒန်က မြင်ကွင်းကနေ ပျောက်သွားတော့ လူးကပ်စ်က သူ့ဖာသာ ပန်းပွင့်ပေါ်ကို တက်လာတယ်။ နတ်သူငယ်တောက ပန်းပွင့်တွေမှာ ပွင့်ဖက်တစ်ဖတ်ဆီတိုင်းက နတ်ဘုရားတစ်ပါး အိပ်ဖို့ လုံလောက်တဲ့ အရွယ်အစားထိ သူတို့က ကြီးထွားကြတယ်။
အဲဒါကြောင့် ငါက တခြားပွင့်ဖတ်ပေါ်မှာ တက်လိုက်တော့ သူက နလေးက ပွင့်ဖတ်ပေါ်မှာ လဲလျောင်းတယ်။ ပန်းဝတ်မှုန်ကနေ ရနံ့သင်းသင်းလေးက ငါ့ကို စိတ်ကြည်စေတယ်။ မနက်ဖြန် ကျရင်တော့ နေရာရှာပြီးတော့ တခြားပန်းပွင့်တွေ ညိုးမသွားအောင်လို့ ငါ ဒီနန်းဆောင်ထဲမှာ စိုက်ပျိုးထားရမယ်။
"အိပ်တော့.."
လူးကပ်စ်ဆီကနေ ခပ်တိုးတိုး အသံနောက်မှာ နန်းဆောင်တစ်ခုလုံးက အလင်းရောင်တွေ ပျောက်သွားပြီးတော့ ခရမ်းရောင် အစက်အပျောက် အလင်းမှိတ်တုတ်မှိတ်တုတ်လေးတွေက ပေါ်ထွက်လာတယ်။
အဲဒီခရမ်းရောင် အလင်းအစက်လေးတွေက ဟိုမှ ဒီမှ ပေါ်ထွက်နေတယ်။ သူတို့တွေက ပုံစံတကျနဲ့ အရိပ်တွေက ရွေ့လျားနေတယ်။
အမျိုးသမီးငယ်လေး တစ်ယောက်ပုံစံ ပေါ်လာတယ်။ အိမ်ကနေ ထွက်ပြေးလာဟန်နဲ့ ပိုပြီးတော့ လင်းတဲ့နေရာကို တိုးဝင်သွားတယ်။ သူမအနောက်ကနေ အပေါင်းဖော်တွေက လိုက်ပါလာတယ်။ သူတို့တွေက ပျော်ရွှင်နေကြတယ်။
အဲဒီအမျိုသမီးလေးက အမျိုးသားလို ဟန်ဆောင်ထားတယ်။ ဒါက.. အကြောင်းတစ်ခုကို ပုံဖော်ထားသလိုပဲ။ ဟင့်အင်း သိလို့ မဖြစ်ဘူး။ မသိချင်ဘူး။ ငါ့ မျက်လုံးလေးကို ခပ်မြန်မြန် မှိတ်လိုက်တယ်။
ငါ အဲဒါကို သိသွားရင် ဘာဖြစ်မှာလဲ။ ပြီးတော့ လူးကပ်စ်က တစ်ရက်ရက်မှာ ငါက သူ့ညီမ မဟုတ်တာကို သိသွားခဲ့ရင်ရော..။ ငါလေး ကိုယ်လေး တောင့်တင်းသွားတယ်။ ဆတ်ခနဲ ဖြစ်သွားတော့ လူးကပ်စ်ရဲ့ ပင်လယ်ပြာလို နက်ရှိုင်းတဲ့ မျက်ဝန်းတွေက ပွင့်ဟလာတယ်။
ပြီးတော့ သူက ငါ့လက်ကို လှမ်းဆွဲလိုက်တယ်။ ငါလေး တုန်တက်သွားတယ်။ သူက အသံ ငြိမ်ငြိမ်လေးနဲ့ ပြောတယ်။
"မကြောက်နဲ့ အစ်ကိုတော် ရှိတယ်.."
ငါလေးကလေ..။ ငါလေး တကယ် ကြောက်နေတာက မင်းကိုပါ..။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ လက်တွေက နွေးနေတယ်လို့ ခံစားမိနေတယ်။
သူ လူသားဖြစ်တုန်းက ငါ့ဆီမှာ လာအိပ်တာကို အမှတ်ရမိတော့ ငါစိတ်ထဲမှာ ငိုရမလို ရယ်ရမလို ဖြစ်သွားတယ်။ နောက်တော့ ငါလည်း အိပ်ပျော်သွားတယ်။
ငါ မျက်လံးတွေ ပွင့်လာတော့ ငါ့လက်တွေက နွေးနေတယ်။ ပြီးတော့.. ကျောနောက်မှာ.. နတ်ဘုရား။ အတိအကျ ပြောရရင် ကျပ်မပြည့်တဲ့ နတ်ဘုရား..။
"အား!.."
ငါလေး ပွင့်ချပ်ပေါ်ကနေ အောက်ကို ပြုတ်ကျသွားလုမတတ် ခုန်ပစ်လိုက်မိတယ်။ ယိမ်းထိုးပြီး မထိန်းနိုင်ပဲ ပြုတ်ကျသွားပြီ ထင်လိုက်ပေမဲ့ ငါ့လက်ကို တင်းနေအောင် ဆွဲထားတာကို ခံလိုက်ရတယ်။
နောက်တော့ ပြန်ဆွဲပစ်လိုက်တော့ ပွင့်ချပ်ပေါ်က လူဆီကို ဒိုင်ဗင်ထိုး ရောက်သွားတယ်။ ငါလေး ကမန်းကတမ်း ပွင့်ချပ်ပေါ်ကနေ ဆင်းလိုက်တယ်။ ဒါကြီးက ကြောက်ဖို့ ကောင်းလွန်းတယ်။ ငါတို့ နှစ်ယောက်က ပွင့်ချပ် တစ်ရွက်တည်းမှာ အိပ်နေတာက.. သေလောက်အောင် ကြောက်ဖို့ ကောင်းတယ်။
"မောင်နှမတွေက အတူတူ ဖက်ပြီးတော့ မအိပ်ကြဘူးလေ.."
ငါလေး အိပ်ချင်နေတဲ့ မျက်နှာနဲ့ လူးကပ်စ်ကြီး စိတ်မကြည်သလို ကြည့်လာတာကို ကမန်းကတမ်း ရှင်းပြလိုက်မိတယ်။
"အင်း.. မနေ့ညက မင်းက ကြောက်နေတော့ ဒီအစ်ကိုတော်က မင်းလက်ကို ကိုင်ထားပေးခဲ့တာလေ။ နောက်တော့ မင်း ကြောက်ပြီး လန့်နိုးမှာစိုးလို့ မင်းအနားမှာပဲ အိပ်လိုက်တာ.."
သေလိုက်ဟေ့..။ ငါ ကြောက်နေတယ် ဆိုတာက မင်းအနားမှာ နေရမဲ့ အသက်ဘေးနဲ့ နီးနေတဲ့ အဖြစ်ကိုဟ။ ငါ့ရဲ့အသက်ဘေးကြီးက ငါ့အနားမှာ ဘာအိပ်လို့ မရဘူးလေဟာ။
"မင်းအဲလောက် ငယ်သေးတာ။ အစ်ကိုနဲ့ ကုတင်တစ်ခုတည်း သုံးတာ အမြင်မဆိုးပါဘူး"
ငယ်သေးတယ် ဆိုတာက ငါ့ခန္ဓာကိုယ်လေဟာ ငါ့ဝိညာဉ်မဟုတ်ဘူးလေ။ ငါ့စိတ်မဟုတ်ဘူးလေ။
နန်းဆောင်ခန်းမ အပြင်ဘက်ကနေ အစိမ်းရောင်အလင်းတချို့က ပေါ်လာတယ်။ လူးကပ်စ်က ဝင်ခွင့်ပြုလိုက်တော့ ဇီဒန်က လျှောက်လာတယ်။
"ကနဦးနတ်စွမ်းအင် နိုးထတဲ့ကျောင်း ရှစ်ကျောင်းရှိပါတယ် မင်းသား.. မင်းသား ဘယ်ကျောင်းတွေကို ရွေးချယ်ချင်ပါသလဲ.."
"ကျောင်းချိန် အနည်းဆုံးကျောင်း။ တစ်ရက်ကို တစ်နာရီလောက်ပဲ သင်တဲ့ကျောင်းကို ရွေးမယ်။ ပြီးတော့ အခု မြင့်မြတ်တော်ဝင်က ညီလာခံကိုသွားမယ်.."
"ဒါပေမဲ့ မင်းသား.. ညီလာခံကို ဘယ်တုန်းကမှ မသွားချင်ခဲ့ပဲနဲ့ ဘာကြောင့်.."
"ငါ အရေးတကြီး ကြေငြာစရာ ရှိတယ်.."
"ဟုတ်ကဲ့.."
သိပ်မကြာခင်မှာပဲ ငါတို့တွေက မြင့်မြတ်တော်ဝင်က ညီလာခံကို သွားဖို့ အဆင်သင့် ဖြစ်သွားပြီ ဖြစ်တယ်။ ငါကတော့ ဇီဒန်ကို ချက်ချင်း သွားယူလာခိုင်းတဲ့ နတ်သမီးဝတ်စုံနဲ့ ဖြစ်တယ်။ ဒါပေမဲ့ လူးကပ်စ်ကတော့ အဝတ်နက်တစ်ထည်ကို နောက်တစ်ထည် ထပ်လဲလိုက်တာပဲ ရှိကာ ဘာမှထူးခြားဆန်းပြားတဲ့ ပြင်ဆင်မှုမှ မရှိခဲ့ပေ။
လူးကပ်စ်က မြင့်မြတ်တော်ဝင်က ညီလာခံကို သွားနေတဲ့ လမ်းပေါ် ဖြည်းညင်းစွာ လျှောက်နေတယ်။ အေးစက်မှု အရှိန်အဝါက ကြီးလွန်းတော့ ငါလေးတောင်မှ ထုံတော့မလို ဖြစ်နေတယ်။ နတ်သမီးငယ်လေးတွေက ရပ်နေတဲ့ နေရာမှာ တောင့်တင်းသွားကြတယ်။ တချို့သော နတ်ဘုရားတွေက အလျင်အမြန် ဦးညွှတ်ကြတယ်။
ဒါပေမဲ့ လူးကပ်စ်က အရိုအသေပေးခြင်း မပေးခြင်း အပါအဝင် တခြားသော နတ်တွေ ဘယ်လိုထင်ထင် အရေးစိုက်ဟန်လည်း မရှိဘဲနဲ့ ဖြည်းညင်းစွာ လျှောက်နေတယ်။ သူ့အရှိန်အဝါကို ထုတ်လွှတ်ထားဖို့လည်း သူက မမေ့လေဘူး။
သူ့လက်ထဲမှာ မနေ့တုန်းက ဇီဒန် ယူလာပေးတဲ့ စာအုပ်တွေထဲက တစ်အုပ်ကို ကိုင်ထားသေးတယ်။ တစ်ချက် တစ်ချက် ငါ့ကိုလှမ်းကြည့်တယ်။
အဖြူရောင် မြင့်မားတဲ့ တိုင်လုံးတွေ ရံထားတဲ့ ခန်းမကို ရောက်တော့ လူးကပ်စ်က ခြေလှမ်းတွေကို ရပ်လိုက်တယ်။ လူးကပ်စ်အနောက်က တိုက်ခိုက်ရေး နတ်ဘုရားတွေက အနားက လက်နက်စင်မှာ လက်နက်တွေကို တင်လိုက်တယ်။
မြင့်မြတ်တော်ဝင်က ညီလာခံထဲကို လက်နက်တွေ မသယ်သွားရဘူး။ ဒါက မြင့်မြတ်တော်ဝင်က စည်းမျဉ်းပဲ။ ညီလာခံ အပြင်ဘက်က ခန့်ညားတဲ့ အတောင်ပံတစ်စုံနဲ့ နတ်သားတစ်ပါးက ငါ့ဆီကို လျှောက်လာတယ်။ သူက ငါ့ကို ပြောလာတယ်။
"ညီလာခံထဲကို လက်နက်မယူသွားရဘူး"
လူးကပ်စ်က အဲဒီနတ်သားကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ မေးတယ်။ ငါလေးကတော့ ခါးမှာ ချိတ်ထားမိတဲ့ အလင်းနှင်တံကို ဖြုတ်ပေးမလို့ ပြင်လိုက်တယ်။
"မင်း ဒါကို ထိန်းသိမ်းထားမလို့လား။ ဖြစ်နိုင်လို့လား"
အဲဒီနတ်သားက မျက်နှာပျက်သွားတယ်။ သူလည်း ဘာလုပ်ရမလဲ မသိ ဖြစ်သွားတဲ့ ပုံစံပါပဲ။ ဇီဒန်က ဝင်ပြောတယ်။
"အလင်းနှင်တံက အလင်းစစ်နတ်ဘုရား ကိုယ်တိုင် လွဲအပ်ထားတဲ့သူ မဟုတ်ပဲနဲ့ ထိမိရင် ထိမိတဲ့သူ ဘာဖြစ်မယ် ဆိုတာ မသိဘူးလား"
ဟင်..။ ငါလေး ဒီနှင်တံကို ရောင်းစားဖူးတယ်။ အဲဒီနတ်သူငယ်တွေ ဘာဖြစ်သွားလဲဟင်။ ငါ မေးချင်လာတယ်။
"ဘာ.. ဘာဖြစ်မှာလဲဟင်.."
"တန်ပြန် သက်ရောက်မှုအရ နတ်စွမ်းအား ကုန်ခမ်းသွားရုံလေးပါ။ အသုံးပြုဖို့ ကြိုးစားမိရင်တော့ လောင်ကျွမ်းသွားမှာ.."
"အသုံးပြုဖို့ ကြိုးစားရင်.. ဟုတ်လား.."
"နောက်မှ ပြောပြမယ်"
လူးကပ်စ်က ငါ့ခေါင်းကို လက်နဲ့ ပုတ်လိုက်ပြီးမှ အဲဒီနတ်သားကို မေးလိုက်တယ်။
"မင်း ယူထားချင်သေးလား.."
အဲဒီနတ်သားက ခေါင်းယမ်းတယ်။ လူးကပ်စ်က တခြား အစောင့်နတ်သားတွေကို ဝေ့ကြည့်လိုက်တယ်။
"ဘယ်သူ ယူထားချင်သေးလဲ"
အားလုံးက ငြိမ်သက်နေတယ်။
"ဒါဆို .. သွားမယ်"
လူးကပ်စ်က ညီလာခံမှာ ဘာကို ကြေငြာချင်တာလဲ။ မြင့်မြတ်တော်ဝင်မှာ စစ်ဖြစ်ကြတော့မှာလား။ ဟူး.. ငါလေး ကြောက်တယ်နော်။
ဆက်ရန်--

About of a Consoled FairyWhere stories live. Discover now