Season 2 (Part 14)

151 37 2
                                    

ZawGyi
About of Consoled Fairy S2

Part-14

လူးကပ်စ်က ငါလေးကို ဆွဲချပြီး သူ့ပေါင်ပေါ်ကို ထိုင်ခိုင်းလိုက်တယ်။ ပြီးနောက်တော့ သူ့ရဲ့အမှတ်အသား ရှိနေတဲ့ ငါ့လက်ကို ဖြန့်ကိုင်လိုက်တယ်။ နောက်ကျတော့ ငါ့လက်လေးကို ထပ်ကိုင်ပြီးတော့ ယမ်းခါလိုက်တယ်။

ငါ့လက်ကနေ အလင်းတန်းတချို့ ဖြာထွက်သွားပြီးနောက်တော့ နတ်စစ်သူကြီး သားအဖက အတောင်ပံကိုယ်စီ ပေါ်ထွက်လာပြီးနောက်မှာ တစ်ဖက်စီက ပြတ်ရှသွားခဲ့တယ်။ သူတို့တွေ အားလုံးက နာနာကျင်ကျင် အော်ညည်းလိုက်ကြတယ်။

လူးကပ်စ်က မတ်တပ်ရပ်လိုက်ပြီးတော့ ငါ့လက်ကို လှမ်းကိုင်တယ်။ ပြီးတော့ သူထိုင်နေတဲ့ ထိုင်ခုံကို ဖျောက်ပစ်လိုက်ပြီးတော့ ပြောတယ်။

“နောက်ကျရင် မင်းရဲ့လက်တွေကို ဝှေ့ယမ်းလိုက်ရုံတင်ပဲ ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် မလုပ်နဲ့ မင်း ဒဏ်ရာရလာရင် ငါ မင်းကို ပြန်ပြီးတော့ အပြစ်ပေးမယ်”

“ဟင်..”
ဒါက ဘယ်လို စည်းမျဉ်းကြီးလဲ။ ဒီလိုစည်းမျဉ်းမျိုး ငါလေး အခုမှ ကြားဖူးတော့တယ်။ မှန်ကန်တယ်လို့ ငါလေး မထင်ဘူးနော်။ တစ်ခုခု မှားနေတယ်လို့ ခံစားနေရတယ်။

“ကြားလား..”

“ဒီစည်းမျဉ်းက မှားနေတယ်လို့ မထင်ဘူးလား။ ဒါက..”

“ဒါက လူးကပ်စ်ရဲ့ အိမ်တော်က စည်းမျဉ်းလေ..”

“လူးကပ်စ်ရဲ့ အိမ်တော်..”
ငါလေး ရေရွတ်လိုက်မိတယ်။ လူးကပ်စ်က တစ်နေရာရောက်တော့ ရပ်လိုက်တယ်။ အပြင်ကနေ အတွင်းကို မြင်နေရတယ်။ ဒါပေမဲ့ အလင်းပါးပါး နံရံတစ်ခုက ကာရံထားတယ်။ မြက်ခင်းပြင် လှလှလေးနဲ့ ဘဲငန်းနှစ်ကောင်ရှိတဲ့ ရေကန်လည်း ရှိတယ်။
ပြီးတော့ သစ်ပင်ကြီးတွေ ရှိတဲ့ သစ်တောအုပ်တစ်ခုလည်း ရှိပြီးတော့ တချို့ သစ်ပင်တွေက စိမ်းစိုနေတယ်။ ပန်းခြံ အသေးလေး တစ်ခုလည်း ရှိသေးတယ်။ ရဲတိုက်တစ်ခုကလည်း အစိမ်းရောင်နုနုနဲ့ ဖန်သားတွေနဲ့ တည်ဆောက်ထားသလိုမျိုး ရှိနေတယ်။

“ဒါက..”
ငါလေး လက်ညိုထိုးပြီး ထစ်အသွားတယ်။ လူးကပ်စ်က ငါလေး လက်ကို ဆွဲပြီးတော့ အတွင်းထဲကို လှမ်းဝင်လိုက်ရင်း ပြောတယ်။

About of a Consoled FairyWhere stories live. Discover now