Zawgyi
About of Consoled Fairy S2
Part-18
ဒါက နည်းလမ်းအမှန်လို့များ ထင်နေတာလား။ ဒါကြီးက ဟုတ်ကို မဟုတ်ဘူးလေ။
"မင်း.."
ငါ့အသံလေးက ပေတိပေစုတ်နဲ့ ထွက်သွားတယ်။ ငါလေး နည်းနည်းလောက် အကျိုးအကြောင်း ထောက်ပြလို့ ရရင် ကောင်းမှာပဲ။
"မမလေး နေကောင်းရဲ့လား"
ဇီရစ်ခ်ျက ငါ့ကို စပြီးတော့ နှုတ်ဆက်လာတယ်။ ပြီးတော့ အကျိုးနည်း အခေါ်အဝေါ်ကြီးနဲ့။ အနေခက်အောင် လုပ်တော့တာပဲ။
"ဘာကို မမလေးလဲ။ ငါ့နာမည်က အိုရှင်းလေ.. ငါ့ကို အနေခက်အောင် လုပ်တော့တာပဲ"
ငါ ပြောလိုက်တယ်။ ပြီးတော့ ဇီရစ်ခ်ျအနားကို တိုးသွားလိုက်တယ်။ ဘယ်သူက ထင်ထားမှာလဲ။ ငါလေးက ချက်ချင်းကို အနောက်ကို ဆုတ်လိုက်ရပြီးတော့ ထိုင်ခုံနေရာ တစ်ခု ရသွားတယ်။
ငါလေးတင် မကဘူး။ ဇီရစ်ခ်ျကလဲ ထိုင်ခုံတစ်ခု ခြားသွားတယ်။ ငါတို့နှစ်ယောက် ကြားမှာတော့ အသီးပန်းကန်တွေ တင်ထားတဲ့ အလျားရှည်စားပွဲကြီးတစ်ခုက ပေါ်လာတယ်။ ငါ ချက်ချင်းကို တရားခံကို လိုက်ရှာလိုက်တယ်။
လက်အဖျားမှာ အလင်းမှုန်တွေ ထွက်ပေါ်နေတဲ့ လူးကပ်စ်က စာအုပ်ကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီးတော့ လက်တစ်ဖက်က သူ့မေးစေ့ကို ပွတ်သတ်နေတယ်။ နောက်ပြီးကျတော့ ငါ့ကို ကြည့်ပြီး ပြောလာတယ်။
"မင်းတို့ မြေကြီးပေါ်မှာ မတ်တပ်ရပ်ပြီး ပြောနေမဲ့အစား အစားအသောက်နဲ့ သက်တောင့်သက်သာ ဆိုရင် ပိုကောင်းတာပေါ့။ ဒီအစ်ကိုက စေ့စပ်သေချာပါတယ်"
ဟုတ်တာပေါ့။ နှစ်ယောက်သားအလယ်မှာ ခြားနေတဲ့ သုံးလေးလံမကတဲ့ အကွာအဝေးနဲ့ စားပွဲကြီး ခံနေတာသာ မဟုတ်ရင် ငါလေးက နင်လေးကို စိတ်စေတနာကောင်းတယ်လို့တောင် ချီးကျူးချင်လိုက်သေးတယ်။
အခုတော့ ငါလေးက နင်လေး မကြားအောင် ပြောချင်တဲ့ စကားတွေ အခုလောက် အကွာအဝေးမှာ ဇီရစ်ခ်ျကို ဘယ်လို ပြောရမလဲဟင်။ ပြီးတော့ မင်းအနေအထားက ဘာလဲဟင်။ ဆိုလိုတာက မင်းတို့ဖာသာ စကားကို တစ်မိုင်လောက်ကနေ ပြောကြ ငါကတော့ ဒီလိုနေနေမှာပဲ လို့လား။