part-15

916 120 7
                                    

About of a Consoled Fairy Part-15
@@@@@@@@@@@@@@@@@@

သေချာတယ်၊ ငါလေး ဒီလိုတော့ လုံးဝ မပြောမိဘူး။ အကျိုးဆက်က မတွေးစရာ သိပ်ကောင်းလွန်းတယ်။

မယုံကြည်နိုင်တာထက်ကို ဆိုးလွန်းသေးတယ်။ ငါတို့ အိမ်တော်ကို ပြန်လာပြီးနောက်မှာ ငါကတော့ စကားအမှားဖြစ်မိမှာ စိုးလို့ တိတ်ဆိတ်နေခဲ့တယ်။ အဲရစ်လူကာကတော့ ထိုသို့ မဟုတ်ပဲနှင့် ထူးဆန်းလှစွာ ပြုံးနေခဲ့ပါတယ်။ ဒီထူးဆန်းတဲ့ နတ်ဆိုးတစ်ဝက် နတ်ကောင်းတစ်ဝက်ကြီးက ဘာတွေ အလိုကျနေမလဲ ဆိုတာကို ငါလေး မသိနားမလည်တော့ဘူး။

ငါ ငါ့အခန်းထဲကို ပြန်ရောက်လာတော့ ကုတင်ပေါ်မှာ ဝမ်းလျားမှောက်ပြီး စိတ်ပျက်လက်ပျက် လဲလိုက်မိတယ်။ ဇီဒန်က အလိုက်သတိပဲ နတ်ဘုရားအသွင်နဲ့ ငါ့အခန်းထဲကို ရောက်လာတယ်။

“မင်း ဘာလုပ်လိုက်တာလဲ”

“အဲ့ဒါက ငါမေးရမှာ၊ မင်းတို့ သခင်လေး ဆိုတဲ့လူသားက ဘာဖြစ်သွားတာလဲ၊ ငါ့ကို အမဲသားယင်နားသလို ဖြစ်နေတာ မတွေ့ဘူးလား”

ဇီဒန်ကို ငါ မကြောက်နိုင်တော့ဘူး၊ ဇီဒန်ထက် ကြောက်ရမယ့်လူက ဘယ်သူလဲ ဆိုတာကို ငါလေး သိနားလည်သွားပြီ။ ဇီဒန်ကလည်း မသိလိုက်မူဟန်နဲ့၊

“လူသားပဲဟာ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားတယ် ဆိုတာ ဖြစ်နိုင်ပါတယ်၊ ဒါက သိပ်ကြာမှာ မဟုတ်ပါဘူး၊ မင်းသာ သခင်လေးကို သဘောမကျမိစေနဲ့”

ငါ အိပ်ရာပေါ်ကနေ ဝုန်းခနဲ ထရပ်လိုက်မိတယ်။ လက်ညိုးနဲ့ ထိုးလိုက်ပြီးမှ၊

“ခုနတုန်းက ကားထဲမှာ ပြောတာ မကြားဘူးလား၊ ငါ သူများကို ကြာကြာကြည့်မိလို့ သဘောကျသွားရင် သေမယ် ဆိုတာ၊ သူက ငါ့ကို စဉ်းစားပေးမယ်တဲ့၊ စဉ်းစားပေးမယ် ဆိုတာ ဘာလဲ သူ နားမလည်ဘူးလား၊ မင်းသူ့ကို လူမှုရေးအကြောင်းကို အစကနေ ပြန်သင်ပေးသင့်နေပြီ”

ငါ ပြောဖို့စကားတစ်ခွန်းကိုတော့ သိအောင် ပြောချင်သေးလို့ လက်ညိုးကို ပြန်ချလိုက်တယ်။

“ပြီးတော့၊ ငါ သူ့ကို နည်းနည်းလေးမှ စိတ်မဝင်စားဘူး ဆိုတာ သူ သိသွားအောင် လုပ်ပေးစမ်းပါ၊ သဘောကျချင်စရာလည်း မရှိပဲနဲ့..”

About of a Consoled FairyHikayelerin yaşadığı yer. Şimdi keşfedin