part-9

793 122 1
                                    

About of a Consoled fairy part-9
@@@@@@@@@@@@@@@@

ငါ ရိုက်လိုက်တာက အဲရစ်လူကာကို ထိသွားတယ်၊ ဖြတ်ခနဲ မီးပွင့်လာခြင်းမှာ ငါ့ပုခုံးကို အတင်းဖိ ကြမ်းခင်းမှာ ဖိကပ်ခံထားရတဲ့ ငါ့ကိုယ်ငါ သေချာ နားလည်ခွင့် ရတယ်။ ငါ့ကျောမှာ ဂေါက်ရိုက်တံက ခိုးလိုးခုလုနဲ့ အပေါ်ကနေ ဖိထားတော့ နာကျင်နေတယ်။

"အဲ.. အဲရစ်.. သ.. သခင်လေး"

လူသားတစ်ဦးရဲ့ နာမည် အဖြစ် အထိတ်တလန့် ခေါ်မိတော့မယ့် ငါ့အသံက ထစ်အနေခဲ့တယ်။ ငါ သေရတော့မှာလားဟင်၊ ငါ့တာဝန်က စိတ်ကျေနပ်မှု ပေးရမှာလေ၊ ဘာလို့ ငါ့တာဝန်ကြီးကို ရိုက်လိုက်မိတာလဲ၊

အဲရစ်လူကာက ငါ့ကိုတွေ့မှ ပုခုံးမှာဖိထားတဲ့ လက်ကို ပြန်ဖြေလွတ်ပြီးမှ ထရပ်တယ်။ သူ့ပုခုံးကိုသူ ဖိထားလိုက်ရင်းက၊

"မင်းက ဘာလို့ ဒီမှာ ရှိနေရတာလဲ"

ထိုလူသားရဲ့ မေးခွန်း အဆုံးတွင် ဖြုန်းခနဲ ငါ့အနားကို ရောက်လာတဲ့ နတ်ဆိုးနတ်ဘုရားတစ်ပါး၊ အမှောင်ရင့်ရင့် အငွေ့တွေ ရစ်သိုင်းနေပြီး ပါးတစ်ဖက်ပင့်တက်အောင် ပြုံးနေသော နတ်ဆိုးနတ်ဘုရားက လက်သည်းချွန်တွေနဲ့၊ ဟင့်အင်း ငါမသိဘူး၊ အဲ့တစ်ကောင်က ဘယ်သူလဲ ငါလည်း မသိဘူး၊

အဲ့နတ်ဆိုးနတ်ဘုရားက ငါ့ကို အသေအချာ ကြည့်လိုက်ပြီးမှ လက်သည်းချွန်တွေ ပြည့်နေတဲ့ သူ့လက်တွေထဲမှာ ခရမ်းရင့်ရောင် မီးတောက်လုံးက တလူလူ တက်လာတယ်။ ငါ ထိတ်လန့်သွားပြီး အဲရစ်လူကာ ရှေ့မှာ လက်နှစ်ဖက်ကို ဖြန့်ကားရင်း ကာကွယ် ပေးလိုက်မိတယ်။

နတ်ဆိုးနတ်ဘုရားက ငါ့ကို ကြည့်လာပြီး မျက်မှောင်ကုတ်တယ်။ ငါ အဲရစ်လူကာကို ကာကွယ်ပေးနိုင်မှာလား၊ မဖြစ်နိုင်တာ၊ နတ်ဆိုးနတ်ဘုရား ဆိုတာက၊

ငါ စတင် တုန်ရင်လာတယ်။ သို့သော် ငါ့ပုခုံးကို ထိလာတဲ့ လက်တစ်ဖက်၊ ပြီးနောက် ငါ့ကို တွန်းဖယ်လိုက်တယ်။

အဲရစ်လူကာက အေးဆေးသက်သာစွာနဲ့ ငါ့ကို တွန်းဖယ်လိုက်ပြီးမှ အရှေ့ကို ခြေလှမ်းလှမ်းတယ်။ သူက မြင်နေရတာလား၊ အဲရစ်လူကာက ငါ့ကို တွန်းဖယ်လိုက်ပြီး ကြမ်းခင်းက ဂေါက်တံကို ကောက်ကိုင် လိုက်ပြီးမှ၊

About of a Consoled FairyWhere stories live. Discover now