Season 2 (Part 13)

148 38 3
                                    

ZawGyi
About of Consoled Fairy S2

Part-13

ငါ တအံ့တသြနဲ့ မေးလိုက်မိတယ်။ ဒါက တကယ်ကို အံ့သြစရာ ကောင်းတယ်။ ပြောရမယ် ဆိုရင် လူးကပ်စ်က ထိပ်တန်းနတ်ဘုရားတစ်ပါး ဖြစ်ပြီးတော့ ဘာတစ်ခုမှ မသင်ကြားခဲ့ဘဲနဲ့ သူ့နတ်စွမ်းအားတွေ နိုးထနေတာကိုက အံ့သြဖို့ ကောင်းတယ် မဟုတ်လား။

ချန်းနတ်မင်းက ငါ့အတွက် အစိမ်းရောင် အပင်ငယ်လေးတွေ ပေါ်လောမျောနေတဲ့ ခွက်တစ်ခွက်ကို ယူပေးလာတယ်။ ပြီးတော့ အရှေ့မှာ ချပေးတယ်။ ကံကြမ္မာစက်ဝန်းအရှေ့မှာ ငါရယ်၊ ဇီယုနတ်မင်းရယ်၊ ချန်းနတ်မင်းရယ်.. သုံးဦးသား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတယ်။

"သောက်.. ဒါက စိတ်ကြည်လင်စေတယ်.. နတ်သူငယ်ရေတံခွန်ကနေ ရေသွားယူလာတာ ဒုတိယအဆင့်ကနေလို့.."

"ဒါက ဘာထူးဆန်းလို့လဲ။ ငါ မနေ့ကတောင် နတ်သူငယ်ရေစင်နဲ့ ရေချိုးရသေးတာကို"

"ဖူး.. အဟွတ်.."

ဇီယုနတ်မင်းက သောက်နေတဲ့ ရေကို ထွေးထုတ်ပြီး ငါလေးကို မျက်လုံးပြူးနဲ့ ကြည့်လာတယ်။ ငါလေး မျက်တောင် ပုတ်ခတ် ပုတ်ခတ် ပြုလိုက်လိုက်ပြီးမှ ခွက်လေးကို ဆွဲယူပြီး စတင် သောက်လိုက်တယ်။ အဲလိုတွေ မကြည့်ကြပါနဲ့ ငါလေးမှာ ရွေးချယ်စရာမှ မရှိခဲ့တာကို။

"ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ ငါသာ မချိုးရင် တခြားတစ်ခုခု ဖြစ်လာမှာ စိုးရတယ်"

"ကောင်းပြီ ဒါကို မမေးတော့ဘူး။ လူးကပ်စ်က မင်းကို အတည်ကြီး အလိုလိုက်ထားတာပဲ။ ဒီကိစ္စက မြင့်မြတ်တော်ဝင်မှာ ရေပန်းစားနေတဲ့ ကိစ္စပဲ ဒါတောင်မှ နတ်သမီးငယ်တွေက နတ်သူငယ် ရေစင်ကိစ္စကို မသိကြသေးဘူး။ မင်း ဒီလိုမျိုး လက်လွတ်စပယ် မပြောထွက်သင့်ဘူး"

"ငါ သိပါပြီ"

ဘာကို အလိုလိုက်တာလဲ။ ဒါက ဘယ်လောက် ကြောက်စရာ ကောင်းလဲဆိုတာ ငါလေးကလွဲလို့ ဘယ်သူမှ မသိဘူး။ လန့်သေသွားအုံးမယ်။

"လူးကပ်စ်ကို ဘယ်သူကမှ မသင်ကြားပေးခဲ့ရဘူး။ သူ့အဖေက ပိတ်ဆို့ခြင်း နန်းဆောင်ထဲမှာပဲ ထည့်ထားတာ။ ဘယ်တုန်းကမှလည်း သွားမကြည့်ခဲ့ဘူး။ ဒါပေမဲ့ ငါ ဇော့ခ်ကို နားလည်တယ်။ သူသာ သွားကြည့်လိုက်ရင် သူ့သားကို သူ့အနားမှာ ထားချင်သွားလိမ့်မယ်။ အဲဒီလိုကျရင် မလိုလားအပ်တာတွေက စောစောဖြစ်လိမ့်မယ်"

About of a Consoled FairyDonde viven las historias. Descúbrelo ahora