About of a Consoled fairy part-6
@@@@@@@@@@@@@@@@ပြောနေရင်းက နတ်ဘုရား ဇီဒန်က ရုတ်ချည်း ငါ့အနားကို တိုးကပ်လာတယ်။
"မင်း ဘာ အဓိပ္ပါယ်မရှိတာတွေ သူ့ကို ထည့်ကျွေးလိုက်တာလဲ"
"ငါ ငါက သူ့ကို ဒီအတိုင်း အရသာကို ပိုကောင်းစေရုံတင်.."
"ပြန်ရှာခဲ့!!"
ဘာကို ပြန်ရှာရမှာလဲ၊ ဘာကိုလဲ။
"မင်းထည့်လိုက်တဲ့ အရသာကို"
"ငါ.. ငါက"
"အာ၊ ဇီဒန် ငါတို့ စိတ်မတိုပဲနဲ့ ဒါကို ဖြေရှင်းလို့ ရပါတယ်"
ဇီရစ်ခ်ျ နတ်ဘုရားက ဆိုတော့ အစိမ်းရောင်တွေ ရောင်ပြန်ဟပ်နေတဲ့ အစိမ်းရောင် နတ်ဘုရား အရောင်ဝါတွေကို ပြန်သိမ်းလိုက်တယ်။ ပြီးမှ၊
"သခင်လေးက ထူးဆန်းတာတွေကို ပုံမှန်အားဖြင့် လက်ခံလေ့ မရှိဘူး၊ အခု သူ့အတွက် ထူးဆန်းနေမှန်း မသိပဲနဲ့ ဒါကို သူက လိုက်ရှာခိုင်းနေတာ"
"ငါပြောသားပဲ အဲရစ်လူကာက ဆိုက်ကိုကောင်ပါဆို"
"မင်း!!"
"အိုကေ အိုကေ၊ ငါတို့ ဒါကိုဖြေရှင်းဖို့ တတ်နိုင်မှာပါ၊ မင်းသာ ဒေါသမထွက်ဘူး ဆိုရင်ပေါ့"
"နည်းလမ်းက"
"ဘာကြောက်စရာ ရှိမလဲ၊ သူရှာခိုင်းတာကို လုပ်ပေးနိုင်တဲ့ အလှလေး တစ်ယောက်လုံး ရှိနေတာပဲ"
အစိမ်းရောင် နတ်ဘုရားရဲ့ မျက်ခုံးတွေက အချင်းချင်း ဆွဲငင်နေကြသလိုပဲ နီးကပ်လာကြတယ်။
"လွယ်လွန်းလို့၊ အလှလေးကို အဲရစ်အိမ်တော်ရဲ့ စားဖိုမှူးခန့်လိုက်ကြတာပေါ့"
"ဘာ!!"
ဇီဒန် နတ်ဘုရားရဲ့ ဘာဆိုတဲ့ အသံမှာ ငါ့နှလုံးသားတစ်စုံလုံးက ခုန်ပေါက်ထွက်ကျ လာတော့မတန်ပဲ၊ သူ့အသံ သိပ်ကောင်းလွန်းတယ် ထင်ရင်လည်း သီချင်းဆို ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပါလား၊ ငါ့ကိုပဲ ဘာလို့ လာအော်နေရတာလဲ။ ပြီးနောက် ယတိပြတ် ပြောတယ်။
"မဖြစ်နိုင်ဘူး"
ဇီရစ်ခ်ျ နတ်ဘုရားက မျက်ခုံးပင့်ပြီး ငါ့ပုခုံးကို လာပုတ်တယ်။