About of a Consoled Fairy Part-19
@@@@@@@@@@@@@@@@@နောက်ဆုံးတော့ ငါမသိတဲ့ ငါ့အဖေ ဆိုတာကို ရှာဖွေရမယ် ဆိုပြီး အပြေးအလွှား ထွက်ခွာသွားကြတယ်။ အဲ့ဒီတော့မှ ငါလေးလည်း အိပ်ရာဝင်ခြင်းကို လုပ်ဆောင်နိုင်တော့တယ်။
ငါလေး ငြိမ်သက်စွာ အိပ်ပျော်နေခြင်းကနေ အနည်းငယ် ပူနွေးလာမှုကြောင့် ဆတ်ခနဲ နိုးလာတယ်။ ငါ့ခြေထောက်တွေက လေးလံနေတာပဲ ရွေ့လို့တောင် မရတော့ဘူး။ အား၊ ညက ဘယ်လိုများ အိပ်လိုက်လို့၊
ခဏ..၊ ငါ့ခြေထောက်တွေကို တစ်ခုခုက တက်ဖိထားတာလား။ ငါ့ မကြည်လင်တဲ့ မျက်လုံးတွေက ကုတင်အောက်ခြေနားကို ဆင်းသွားတယ်။ ဟင်!!၊ငါ့ခြေထောက်တွေ ပေါ်မှာ လက်တွေ တင်ထားတယ်၊ ပြီးတော့ ခေါင်းတစ်ခု၊ ငါ့ခြေထောက်တွေကို ဖိထားပြီးတော့ ကုတင်ပေါ်ကို ကိုင်းညွှတ်ပြီး အိပ်ပျော်နေတာက ဘယ်သူကြီးလဲ၊ နေပါအုံး၊ အဲ့ဒီဆံပင် အရောင်က၊
“အား!!”
ငါ့အော်သံကြောင့် ငါ့အခန်းတံခါး ပွင့်သွားခြင်းနဲ့အတူ ဇီဒန်က ပြေးဝင်လာတယ်။ ငါ့ခြေထောက်တွေ လွတ်မြောက်သွားခြင်းနဲ့အတူ လေးလံမှုကလည်း ပျောက်ကွယ်သွားတယ်။ အဲရစ်လူကာက သူ ဘာမှအမှားမလုပ်ထားသလိုနဲ့ ထိုင်နေတာကနေ ထရပ်လိုက်ပြီးတော့ ငြင်သာတဲ့ ခြေလှမ်းတွေနဲ့ ထွက်ခွာသွားတယ်။ ဇီဒန်ကလည်း သူ့အနောက်ကနေ ခပ်သုတ်သုတ် လိုက်သွားတယ်။
ငါ့အခန်းက ကျူးကျော်ဝင်ရောက်မှုတွေ သိပ်များတာပဲ၊ ဘယ်လိုပဲ မွေးစားထားတယ် ဆိုဆို ငါအိပ်နေတဲ့အချိန်တော့ ချမ်းသာပေးသင့်တယ်လို့ မထင်ဘူးလား။
“မြန်မြန် ဆင်းလာခဲ့ မနက်စာစားမယ်”
မနေ့ညက ငါ့အခန်းထဲကို ခိုးဝင်လာပြီး ငါ့ကုတင်မှာ ကိုယ်တစ်ပိုင်းတင် အိပ်ပြီးတော့ မနက်ခင်းမှာ ပြောတဲ့ စကားက ဒါပဲလား၊ ဒါကြီးက မဟုတ်သေးပါဘူး၊ မဟုတ်လား။ ဒါပေမယ့် ငါလည်း စောင်ကို ဖယ်ရှားလိုက်ပြီးမှ ကုတင်ပေါ်ကနေ ဆင်းလာခဲ့ပြီး တွေတွေဝေဝေနဲ့ မနက်ခင်း သန့်စင်ခြင်းကို လုပ်လိုက်တယ်။
ထမင်းစားပွဲကို ရောက်တဲ့အထိ ငါက တွေဝေနေတုန်းပဲ၊ အဲရစ်လူကာကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့တဲ့ ပုံစံနဲ့ လန်းဆန်းနေတယ်။ အခါတိုင်းလိုပဲ အလုပ်သွားဖို့ ပြင်ဆင်ထားတဲ့ပုံစံနဲ့၊ ငါ့မှာသာ၊