Season 2 Part 25

96 30 3
                                    

Unicode

About of a Consoled Fairy S2
Part-25

“မြင့်.. မြင့်မြတ်တော်ဝင်.. မင်းငါ့ကို နောက်နေတာလား..”

ငါလေး ပြောမိပြီးမှ မှားသွားပြီဆိုတာကို အမှတ်ရမိပြန်ပြီ။ ငါ့ခေါင်းက ဘာလို့ အမှတ်မရှိရတာလဲ။ ဘာလို့များ လူးကပ်စ်လို အတုမရှိတဲ့ အလင်းနတ်ဘုရားကြီးကို မင်းတွေ ငါတွေနဲ့ ပြောမိရပြန်တာလဲ။ ငါ့စိတ်ထဲက နာမ်စားတွေ ထွက်ကျကုန်ပြီ။

လူးကပ်စ်က ငါ့ကို ဒါလေးတောင် မသိဘူးဆိုတဲ့ အကြည့်ကြီးနဲ့ ကြည့်လာတယ်။ ပြီးတော့ မျက်မှောင်တစ်ချက်ကုတ် သက်ပြင်းသဲ့သဲ့ချတယ်။ မင်းမသိလဲ ခွင့်လွတ်တယ် ဆိုတဲ့သဘောလား။ ဒါမှမဟုတ်.. မင်းသိနေတာကမှ ထူးဆန်းနေမှာ ဆိုတဲ့ သဘောလား။

“မင်း မသိတာက ဖြစ်နိုင်ပါတယ်။ မင်းရဲ့ရောင်ဝါက ဖျော့တော့လွန်းလို့ မင်းဆီကနေ မှတ်ဉာဏ်သာ မစုပ်ယူမိဘူးဆိုရင် မင်းက မြင့်မြတ်တော်ဝင်နဲ့ ပတ်သတ်နေမှန်းကို ငါ သိတောင် သိလိုက်မှာ မဟုတ်ဘူး”

“ဖျော့တော့နေတယ်..”

“အင်း..”

ငါက သံယောင်လိုက်တာကို သူက ခေါင်းထပ်ညိတ်တယ်။ သူ ဆိုလိုတာကို ငါ နည်းနည်းလေး သဘောပေါက်လာပြီ။

ပြောရရင် မိခင်သစ်ပင်ဆီကနေပဲ ပြန်စရမယ်။ မြင့်မြတ်တော်ဝင်မှာ နတ်သခင်မတွေ နတ်သမီးတွေက နတ်သူငယ်သစ်သီးတွေအဖြစ်နဲ့ သူတို့ရဲ့ကလေးတွေကို မွေးဖွားစေမယ် ဆိုရင် အနာဂတ်လမ်းကြောင်း ချန်ပေးလေ့ ရှိတယ်။

ဥပမာအားဖြင့် မင်းလေးက ဘယ်အသက်မှာ အရွယ်ရောက်ပါစေ ဆိုတာမျိုး။ ဒါကိုတော့ နတ်သခင်မတိုင်းက သတ်မှတ်ပေးသွားလေ့ ရှိတယ်။ ဒါပေမဲ့ နတ်သခင်မတွေက သူတို့ကလေးငယ်ကို မြင့်မြတ်တော်ဝင်နဲ့ ပတ်သတ်ခိုင်းနေတာမျိုးက လူတိုင်း တတ်နိုင်တာမျိုး မဟုတ်ဘူး။

မြင့်မြတ်တော်ဝင်ဆိုတာက ဘယ်လို နေမျိုးမို့လဲ နတ်ဒေသတွေ အားလုံးကို အုပ်ချုပ်ရတဲ့ နေရာလေ။ ဒီလို နေရာမျိုးနဲ့ ပတ်သတ်ခိုင်းဖို့ ပြောရရင် နတ်သူငယ်အငယ်လေး တစ်ပါးအတွက် မြင့်မြတ်တော်ဝင်ရဲ့ ရောင်ဝါကို ပေးအပ်ထားနိုင်ဖို့က လွယ်ကူတာ မဟုတ်ဘူး။

About of a Consoled FairyWhere stories live. Discover now