part-11

859 114 5
                                    

About of a Consoled Fairy Part-11
@@@@@@@@@@@@@@@@@@

ငါ အဲ့နေရာမှာပဲ ကြောင်အအနဲ့ ရပ်နေမိတယ်။ ငါ့အနားကို သူနာပြု ဖြစ်ဟန်တူသူ အမျိုးသမီး တစ်ဦးက ရောက်လာပြီး နဖူးက အနာကို ဆေးလာကုပေးတယ်။ ငါ့နဖူးမှာ ပိတ်စဖြူဖြူတွေ အုပ်ပြီးမှ သူတို့က ငါ့ကို သွားခွင့်ပြုလိုက်တယ်။

ငါ ဘယ်သွားရမလဲ၊ ဘယ်သိမလဲ၊ ဒီနေရာကို ငါက အခုမှ ရောက်ဖူးတာလေ၊ ဘယ်သွားရမလဲ ဆိုတာကို ငါသိနေဖို့ လိုသေးလို့လား၊ ငါမသိတာက ဖြစ်သင့်တာပဲလေ။ ငါ အပေါ်ထပ်ကို တက်လာတော့ အားလုံးသော လူသားတွေက ငါ့ကို အထူးတဆန်းလိုလိုနဲ့ ခိုးပြီး လှမ်းကြည့်နေကြတာကို ငါတွေ့ရတယ်။

အစကတော့ ငါ မမြင်ချင်ယောင် ဆောင်လိုက်မလို့ပဲ၊ ဒါပေမယ့် ဒါကြီးက အနေခက်စရာကြီး၊ ငါ့ကို ခိုးကြည့်တယ်၊ အနားကလူတွေနဲ့ တီးတိုးပြောတယ်။ ငါက ကြည့်လိုက်တော့ တစ်ခုခုကိုပဲ သဲကြီးမဲကြီး လုပ်နေကြသလိုနဲ့၊ နောက်ဆုံးတော့ ငါမေးမြန်းလိုက်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ ငါ ခပ်သွက်သွက်လှမ်းလာပြီးတော့မှ အနားက လူတစ်ယောက်ကို မေးလိုက်တယ်။

“ဘာလို့ ငါ့ကို ကြည့်နေကြတာလဲဟင်”

ငါမေးလိုက်တော့ အဲ့အမျိုးသမီးက ငါ့ကို အားနာသွားသလို မျက်နှာထားနဲ့၊ ပြီးမှ၊

“ဘာရယ်တော့ မဟုတ်ပါဘူး၊ ဓါတ်လှေကားကနေ ပါလာတဲ့ တစ်ယောက် မဟုတ်လား”

“အဲ့ဒါဆိုရင်တောင် ငါက မူမမှန်တဲ့ပုံစံ ဖြစ်နေလို့လား”

ငါ တကယ်ပဲ စိုးရိမ်နေတာကို သူတို့ မသိနိုင်ဘူး၊ ငါက လူသားစစ်စစ် မဟုတ်ဘူး၊ အမှန်တရားသာဆိုရင် ငါက ဝင်ကစွပ်လိုမျိုးပဲ၊ လူသားပုံစံကို ခဏတာပဲ ရယူထားနိုင်တာ။ ငါက လူသားနဲ့ မတူတဲ့ အပြုအမူ လုပ်မိနေမှာကိုလည်း ကြောက်ရသေးတယ်လေ။

အဲ့ဒီသဘောကောင်းဟန် တူတဲ့ အမျိုးသမီးက ငါ့ကို အားတုံ့အားနာဟန်နဲ့ ရယ်ပြလာပြီးတော့ ဆိုတယ်။

“တကယ်က သိပ်ပြီး ထူးဆန်းလွန်းနေတာတော့ မဟုတ်ပါဘူး၊ ဓါတ်လှေကားက အထပ်တစ်ဆယ်ကဌာနကလူတွေပဲ သုံးရတဲ့ ဓါတ်လှေကားလေ၊ အဲ့ဒီဓါတ်လှေကားကို သုံးတာက လေးယောက်ပဲ ရှိတာ၊ ဒီနေ့မှ တခြားလူ ပါလာတော့ အံ့သြကြတဲ့ သဘောပါ”

About of a Consoled FairyWhere stories live. Discover now