Season 2 Part 27 End

163 29 3
                                    

About of a Consoled Fairy S2
Part-27

ဇီဒန်ရဲ့ ခပ်မာမာ အကြည့်က ငါလေးဆီကို ရောက်လာတယ်။ ငါလေး ချက်ချင်းပဲ ခေါင်းယမ်းလိုက်မိတယ်။ တွေးကြည့်ရင်တောင်မှ ငါလေးကို ဘာလို့ မျက်နှာချိုသွေးနေလဲ ဆိုတာကို ကောင်းကောင်း သိနိုင်တယ်။

ငါလေးက မမိုက်မဲဘူး။ ငါလေးက သိပ်ကို ပါးနပ်ပါတယ်။ ငါလေးက ဘာလို့ ဒီနတ်ဆိုးတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ဖြစ်နေတဲ့ သူ့ကိုယ်သူ ဘာမှန်းတောင် မသိတဲ့သူကို လိုက်လျောရမှာလဲ။

လုံးဝ.. လုံးဝကို မဖြစ်နိုင်ဘူး။ သေချာတယ် မဖြစ်နိုင်ဘူး။

“မင်းက ရုပ်လေးက ချစ်စရာကောင်းသလောက် ဘာလို့ ဒီလောက်တောင် စိတ်ထားမကောင်းရတာလဲ”

လူးစီးယက်စ်က လက်ညိုးလေးကို ဝှေ့ယမ်းပြီးတော့ ငါလေးအနားမှာ တစ်ပတ်ပတ်လိုက်တယ်။ ဒါက ဘာအထာလဲ။

“မင်း.. မင်း ဘယ်လိုလုပ်ပြီးတော့ လူးကပ်စ်ဘက်ကို ရောက်သွားရတာလဲ။ မင်းပဲ ငါ့ကို ခေါ်ထုတ်လိုက်တာ မဟုတ်လား။ မင်းက ငါ့ဘက်မှာ ရှိနေသင့်တယ်”

“ငါက.. မင်းကို..”

ဟုတ်မှလည်း ပြောပါကွာ။ ငါက ဘာကြောင့် မင်းလို ကျပ်မပြည့်နိုင်ဆုံး နတ်ဘုရားကို လူးကပ်စ်ဆီကနေ ဆွဲထုတ်နိုင်ရမှာလဲ။ ဒါက ဖြစ်နိုင်လို့လား။

“ဟုတ်တယ်လေ.. မင်းပဲ ငါ့ကို ခေါ်ထုတ်လိုက်တာလေ.. လူးကပ်စ်လိုလူက လွယ်လွယ်လေးနဲ့ စိတ်လွှတ်သွားမယ်လို့ ထင်နေတာလား”

“လုံးဝ မဖြစ်နိုင်ဘူး ငါသူ့ဆီကနေ တစ်ခါ တစ်ခါ ထွက်လာအောင် ကြိုးစားရတာ နှစ်နဲ့ချီအောင် ကြာတယ်။ ဘယ်တုန်းကမှ လွယ်လေး မထွက်လာနိုင်ဖူးဘူး”

ဘာတွေ ပြောနေတာလဲ။ လူးစီးယက်စ်က အဆက်မပြတ် ပြောနေလို့ ငါလေး လက်ပိုက်ပြီး နားထောင်ရုံပဲ တတ်နိုင်တော့တယ်။

“ဒါပေမဲ့ မင်း.. မင်းကတော့ မတူဘူး.. မင်းက သူ့ဆီကနေ ငါ့ကို ချက်ချင်းပဲ စကားလေး တစ်ခွန်းတည်းနဲ့ ဆွဲထုတ်လိုက်နိုင်တယ်”

သူ ပြောနေတာ ဘယ်လို အခြေအနေမျိုးလဲ။

“သူ့ကို စိတ်တိုအောင် လုပ်ဖို့ ဘယ်လောက်ခက်တယ် ဆိုတာ မင်း မသိပါဘူး။ သူက တကယ်ကို စိတ်မတိုတတ်တဲ့သူကြီးပါ။ မဟုတ်ဘူး.. မဟုတ်ဘူး.. စိတ်မတိုတတ်တာ မဟုတ်ဘူး.. အကုန်လုံးကို ငါ့ဆီရောက်အောင် မျိုချပစ်တာပဲ”

About of a Consoled FairyTempat cerita menjadi hidup. Temukan sekarang