part-2

1.6K 140 4
                                    


About of a Consoled fairy part-2

ငါ ဒီအိမ်ကို ရောက်ပြီးတည်းက အဲ့လူကို စိတ်ကျေနပ်မှု အရောင်ထွက်လာအောင်လို့ နည်းလမ်းစရှာရတယ်၊ နည်းလမ်းတွေ ဘယ်လောက်များများ ရှိပေမယ့် ငါက နတ်ဘုရားသေးသေးလေးလေ၊ ငါမတတ်နိုင်တဲ့ စွမ်းအားတွေက အများကြီးပဲ၊

ငွေကြေးကောက်ရရုံနဲ့တော့ ဒီလူသားက စိတ်ကျေနပ်မှု ရနိုင်ပါ့မလား၊ ကိုယ်တိုင်က ပိုင်ဆိုင်တဲ့ အရာတွေ ဒီလောက်များနေတာ ငွေလေးနည်းနည်းလောက် ကောက်ရရုံနဲ့တော့ စိတ်ကျေနပ်မှု ရသွားမယ် ဆိုတာ မဖြစ်နိုင်စရာကြီး၊ ဒီနည်းလမ်းကို ပယ်တယ်၊

ပန်းတွေ ပွင့်လာအောင် လုပ်ပေးလို့ ပျော်သွားမလား ဆိုတဲ့ ငါ့ရဲ့ အတွေးတိမ်တိမ်လေး ဟာလည်း အိမ်ကြီး ပတ်ပတ်လည်က ရောင်စုံ ပန်းခင်းတွေကြား စုန်းစုန်းမြုပ်သွား ရပြန်တယ်၊ ဒီလူသားက ပန်းတွေရဲ့ အလှတရားကို မခံစားတတ်ဘူး၊ ရှိတယ်လို့တောင် သတ်မှတ်ဟန်မတူဘူး၊

လေပြည်လေး တိုက်လို့ အနည်းငယ်လောက် စိတ်ကြည်နူးလေမလား ဆိုတဲ့ အတွေးမှာ ပိတ်ထားတဲ့ တံခါးတွေက ငါ့ကို ပြောင်လှောင်ကြတယ်၊ သဘာဝ ပတ်ဝန်းကျင် အငွေ့အသက်ကို ခံစားတတ်ဖို့ ဒီလူသားရဲ့အိုင်ကျူက နိမ့်လွန်းတယ်၊

ငါ့အတွက် နောက်ဆုံးမှာ နည်းလမ်းတစ်ခု ရလာခဲ့တယ်၊ အနည်းဆုံးတော့ ဒီလူက တစ်ခုခု စားသောက်သေးတယ် မဟုတ်လား၊

ငါ အားရဝမ်းသာနဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ အချိန်ကို စောင့်ဆိုင်းနေလိုက်တယ်၊ မထင်မှတ်စွာနဲ့ ငါစောင့်နေတဲ့ အချိန်က ရောက်လာတယ်၊ Aris Luca က မီးဖိုခန်းထဲကို ဆင်းသွားတယ်၊

ညပိုင်းမို့ ဝန်ထမ်းတွ အနားယူတဲ့ အချိန် ဖြစ်ဟန်တူတယ်၊ ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်ပြီးမှ စားစရာ တချို့ကို ထုတ်ယူလာတယ်၊ မီးနဲ့နွေးအောင် ပြုလုပ်ပြီးနောက် စားပွဲပေါ်မှာ ပန်းကန်ပြားထဲကို ထည့်နေတယ်၊

ငါလား၊ ငါက သူ့ဘေးမှာလေ သူလုပ်သမျှကို ငါ လိုက်ကြည့်နေခဲ့တာပဲ၊

သူက ဇွန်းတစ်ချောင်းကို ထယူလိုက်ပြီးမှ စားသောက်ဖို့ ပြင်တယ်၊ ငါ့လက်ထဲက အမှုန်တချို့က ပျံ့လွင့်သွားပြီး ငါ ကျေနပ်စွာ ပြုံးလိုက်မိတယ်၊ ဘယ်သူမဆို အရသာကောင်းတာကို နှစ်သက်တာပဲ မဟုတ်လား၊ သူကလည်း လူသားတစ်ဦးပဲလေ အရသာပိုကောင်းစေလိုက်တာက အနည်းငယ်သော စိတ်ကျေနပ်မှုကို ဖြစ်ပေါ်စေနိုင်တယ် ဟုတ်ရဲ့၊

About of a Consoled FairyWhere stories live. Discover now