About of a Consoled fairy part-10
@@@@@@@@@@@@@@@@ငါက ဖြေသိမ့်ခြင်းနတ်ဘုရားကနေ စားဖိုမှူး၊ စားဖိုမှုးကနေ ကုမ္မဏီကို ဘာလို့ ရောက်သွားရတာလဲ၊ ငါလေး အနိုင်ကျင့်ခံရသလို ခံစားရတယ်။
ဒါက အနိုင်ကျင့်ခံရမှုကြီးပဲ၊ အိမ်မှာ တာဝန်ကျတဲ့ အလုပ်သမားကို ကုမ္မဏီမှာလည်း ခေါ်ခိုင်းမယ် ဆိုတာက မတရားမှုကြီး မဟုတ်လား၊ ငါလေး အလုပ်သမားရေးရာကို တိုင်ချင်တယ်။
ငါ့မျက်နှာမဲ့နေမှာတော့ အမှန်ပဲ၊ ငါ စိတ်မကြည်သာတော့ ဘူးလေ။ အဲရစ်လူကာက ငါ့ကို တစ်ချက်မှ မကြည့်ပဲ ဆက်ပြောတယ်။
"သူ့ကို လခ နှစ်ဆတိုးပေးလိုက်"
"ဟုတ်ကဲ့"
ငါ မလိုချင်ဘူး၊ လူသားပိုက်ဆံက ငါ့အတွက် အသုံးဝင်မယ်လို့ ထင်လား၊ မဖြစ်နိုင်တာ၊ ဘယ်နေရာမှာ အသုံးဝင်နိုင်လို့လဲ၊
"အက်ႌသြားလဲ"
ဘာပြောတာ၊ အင်္ကျီကို ဘာလို့လဲရမှာလဲ၊ အင်္ကျီက ဘယ်မှာလဲ၊
"ဘယ်မှာလဲရမှာလဲ"
ငါ ပြန်မေးလိုက်တယ်။ ဇီဒန်က ငါ့ကို ကြည့်လာပြီးမှ၊
"ဝယ်ရမှာပေါ့"
ဘာ၊ ဘာ၊ ငါ တစ်သက်လုံး ဒီအင်္ကျီပဲ ဝတ်လာတာလေ၊ အသက်ပဲ ရာကျော်နေပြီ၊ ဘယ်က အင်္ကျီသွားလဲရမလဲ၊ နတ်တွေ အင်္ကျီလဲရတယ် ဆိုတာက သူတို့ရဲ့ သတ်မှတ်ချက် အဆင့်တန်းနဲ့ ဆိုင်တာ မဟုတ်လား၊
ငါလေး ရာထူးလည်းမတိုး ရာထူးလည်း မကျပဲနဲ့ အင်္ကျီလဲရမယ် ဆိုတာက ငါလေးကို နှိမ့်ချလိုက်တာပဲ မဟုတ်လား၊ ဒါ ဘာသဘောလဲ၊
"မင်းက လူသားလေ၊ လူသားအသုံးအဆောင်တွေတော့ လိုလိမ့်မယ်"
ဇီရစ်ခ်ျက ဆိုလာတော့ ငါ အားတင်းပြီး ပြုံးပြမိတယ်။ ငါ လူသားဖြစ်တာကို အသားမကျဘူး။ ငါ လူသားပုံစံကို မကြိုက်ဘူး။ လူသားကျင့်ဝတ်တွေလည်း မကြိုက်ဘူး။ ငါ့အတောင်ပံ ပြန်ပေး။
"သွားမယ်၊ နောက်ရက်မှပဲ အင်္ကျီလဲတော့"
ကြီးကျယ်ခမ်းနားလှတဲ့ မူဟန်နဲ့ အဲရစ်လူကာက ဆင်းလာပြီ ဆိုတော့ ငါ့ရဲ့အင်္ကျီလဲရမယ့် တာဝန်က ပြီးဆုံးသွားလို့ တော်သေးတယ်။