Season 2 (Part 3)

229 43 4
                                    

ZawGyi
About of Consoled Fairy S2
Part-3
လူးကပ္စ္က သူ႕အေတာင္ပံေတြကို ဖြင့္လိုက္တယ္။ ခမ္းနားတဲ့ အလင္းအေတာင္ပံႏွစ္ဖက္က ေက်ာေနာက္ကေန ပြင့္ထြက္လာတယ္။ သူက စစ္တပ္တစ္တပ္ကို ေအာင္ျမင္တဲ့ ေလသံနဲ႔ ခိုင္ခိုင္မာမာ ေျပာလိုက္တယ္။
“မင္း.. ငါ့ေနာက္လိုက္ခဲ့”
ဟင့္အင္း..။ မင္းေျပာလိုက္တဲ့ စကားကို ငါမသိဘူး။ ဒီစကားရဲ႕ အဓိပၸာယ္ကို ငါမသိဘူး။ နည္းနည္း သေဘာေကာင္းၿပီး ႏူးညံ့တဲ့ နတ္ဘုရားတစ္ပါးေလာက္ ႐ွင္းျပၾကစမ္းပါ။ အာ.. ေနအုံး ေခ်ာမွျဖစ္မယ္ေနာ္။
ငါေလး အေတြးေတြကို ထုတ္ေဖာ္ခြင့္ မရလိုက္ေသးခင္မွာပင္ နတ္သစ္႐ြက္ေလးက ဝင္းခနဲ လင္းလက္သြားေတာ့တယ္။ ငါ ငုံ႔ၾကည့္လိုက္ေတာ့ ငါ့တာဝန္ေတြ အားလုံး မ႐ွိေတာ့ဘူးဆိုတဲ့ အမွတ္အသားကို ျပေနတယ္။ ငါ သစ္႐ြက္ေလးကို ေထာင္ၿပီးေတာ့ ခါလိုက္တယ္။
ဇီခ်န္နတ္ဘုရားက ငါ့ဆီကေန သစ္႐ြက္ေလးကို လွမ္းယူလိုက္တယ္။ ငါ ခ်က္ခ်င္း ျပန္လုယူမိေတာ့မလို ျဖစ္သြားတယ္။ ဒါေပမဲ့ သစ္႐ြက္ေလးက ေလထဲမွာပဲ ေပ်ာက္ကြယ္သြားၿပီျဖစ္တယ္။
“ဒီ တာဝန္ခ်ေပးတဲ့ သစ္႐ြက္ကို မင္းမွ မလိုေတာ့ဘဲ။ မင္းက သခင္႐ွိသြားၿပီေလ။ ဂုဏ္ယူပါတယ္။ မင္းက လူးကပ္စ္နတ္ဘုရားၿပီးရင္ ပိတ္ေလွာင္ျခင္းနန္းေဆာင္ကို ပထမဆုံး ဝင္ခြင့္ရမဲ့သူပဲ”
“ငါ ဒီေနရာကို တျခားသူကို လြဲေပးလို႔ ရမလား”
“အာ.. ဘယ္သူ လိုခ်င္မလဲ ၾကည့္ၾကည့္ရေအာင္..”
ငါေလး အားႀကိဳးမာန္တက္နဲ႔ အေနာက္ကို လွည့္ၾကည့္လိုက္တယ္။ ဒါေပမဲ့ နတ္အေစခံေတြ အားလုံးက ေပ်ာက္ခ်င္းမလွ ေပ်ာက္ကြယ္ကုန္တယ္။ ေအးေပါ့။ လူးကပ္စ္နတ္ဘုရားဆိုမွေတာ့ ဘယ္သူက ကိုယ့္ေသတြင္း ကိုယ္ တူးခ်င္မွာလဲ။
ငါေလးသာ..။ ငါေလးလည္း ကိုယ္ေသတြင္းေတာ့ ကိုယ္မတူးခ်င္ပါဘူး။ ဒါေပမဲ့ အဲဒီေသတြင္းႀကီးက ငါေလးေနာက္ကို တစ္စိုက္မတ္မတ္ လိုက္ေနခဲ့တာေလ။
ေ႐ွာင္တိမ္းဖို႔ကလဲ ေသတြင္းႀကီးက အရမ္းႀကီးလြန္းေတာ့ ငါေလးခမ်ာ ဒန္အိုးဖုံးနဲ႔ အုပ္ခံလိုက္ရတဲ့ ပု႐ြတ္ဆိတ္ေလး တစ္ေကာင္လိုပဲ ေျပးထြက္သြားလို႔ မရႏိုင္ခဲ့ဘူး။
အခုေန ငါေလး ဆုေတာင္းႏိုင္တာ တစ္ခုက ဒန္အိုးဖုံးႀကီးမွာ တိုးထြက္ဖို႔ အေပါက္တစ္ခုခု ႐ွိေနဖို႔ေလး တစ္ခုတည္းပါ။ ငါ့လက္ထဲက အလင္းႏွင္တံေလးကို က်စ္ေနေအာင္ ဆုပ္ကိုင္လိုက္ၿပီးေနာက္ ငါ ေျခလွမ္းလွမ္းလိုက္တယ္။
ငါ လွမ္းလိုက္တာနဲ႔ အစိမ္းေရာင္ နတ္ဘုရားေလးပါးက ငါ့ေနာက္ကေန လိုက္ပါလာၾကဖို႔ ျပင္တယ္။ ငါေလး လွစ္ခနဲ လဆိပ္ကမ္းဆီကို ဦးတည္ၿပီး ေျပးသြားလိုက္တယ္။
Mission..။ က်ဆုံးပါတယ္။ ငါေလးက အစိမ္းေရာင္နတ္ဘုရားရဲ႕ ဂုတ္ကေန ဆြဲယူၿပီးေတာ့ ေခၚေဆာင္ျခင္းကို ခံခဲ့ရတယ္။ အခုေတာ့ ငါေလးက နန္းေဆာင္လို႔ ေခၚလို႔မရတဲ့ နန္းေဆာင္တစ္ခု အေ႐ွ႕မွာ ေရာက္ေနပါတယ္။
အစိမ္းေရာင္နတ္ဘုရားေတြက လွံ႐ွည္ေတြကို ကိုင္ထားၿပီးေတာ့ ငါ့နားမွာ ဝိုင္းရံေနတယ္။ ငါေလးေတာ့ ဂုဏ္ယူစရာပါပဲ။ အက်ဥ္းသားလို ခံစားေနရတဲ့ ခံစားခ်က္ေတြနဲ႔ ငါေလး ဇီဒန္နတ္ဘုရားကို လက္ေဝွ႔ယမ္းျပလိုက္တယ္။
“ျပန္ေတြ႕ရတာ ဝမ္းသာပါတယ္..”
ဇီဒန္နတ္ဘုရားက အခုဆို နတ္ဘုရားအေတာင္ပံေတြနဲ႔ ပိုၿပီးလွေနတယ္။ သူက နဂိုအတိုင္းပဲ ခက္ထန္ေနတယ္။
“ဟြန္႔.. ဝင္သြားေတာ့..”
“မင္းတို႔ေရာ မဝင္ဘူးလား။ အတူတူ ဝင္ၾကရေအာင္..”
ဇီဒန္နတ္ဘုရားက ငါေလးကို မ်က္ေမွာင္ကုတ္ၿပီး ၾကည့္လာတယ္။
“ပိတ္ေလွာင္ျခင္း နန္းေဆာင္က မင္းသားတစ္ေယာက္ပဲ ဝင္ႏိုင္ထြက္ႏိုင္တယ္။ တျခားလူ မပါဘူး။ ေနးလ္နတ္မင္းေတာင္မွ ဒီနန္းေဆာင္ထဲကို အဝင္အထြက္မလုပ္ႏိုင္ဘူး”
“ဒါဆို ငါလည္း အျပင္မွာ ေစာင့္ေနမယ္ေလ။ ငါက သာမန္ နတ္ဘုရားငယ္ေလးပဲဟာကို အထဲကို ဘယ္လို ဝင္ႏိုင္မွာလဲ..”
ဇီဒန္နတ္မင္း ကလြဲလို႔ တျခားနတ္မင္းေတြက ငါေလးကို အထူးအဆန္းေလးလို ၾကည့္ၾကတယ္။ ငါေလး မတတ္ႏိုင္တာကို အတင္းလုပ္ခိုင္းဖို႔ေတာ့ မႀကိဳးစားၾကဘူး မဟုတ္လား။
ဇီဒန္က ငါေလးကို ေသခ်ာၾကည့္ၿပီးတဲ့ေနာက္ သက္ျပင္းခ်တယ္။ ေနာက္ေတာ့ ငါ့လက္ထဲက ႏွင္တံကို သူ႕လက္ထဲက လွံတံအစိမ္းနဲ႔ ထိုးၫႊန္ျပလာတယ္။
“မင္းဆီမွာ အလင္းနတ္ဘုရားႏွင္တံ ႐ွိတယ္။ ဝင္သြားၾကည့္လိုက္ပါ”
အေျပာနဲ႔တင္ပဲ ဆိုရင္ ဒါက ဇီဒန္နတ္ဘုရား ဘယ္ဟုတ္ေတာ့မလဲ။ သူက ျပတ္ျပတ္သားသားပဲ ငါေလးကို နန္းေဆာင္ထဲကို တြန္းထည့္လိုက္တယ္။ ငါေလးက ေလ်ာေလ်ာလ်ဴလ်ဴပဲ နန္းေဆာင္တံခါးကေန ဝင္ေရာက္သြားတယ္။
“မင္း ေရာက္လာၿပီပဲ”
စတင္မိတ္ဆက္တဲ့ စကားက ေအးစက္စက္ပဲ ျဖစ္တယ္။ ငါေလး ရယ္ရမလို ငိုရမလို ျဖစ္ေနတယ္။ လူးကပ္စ္နတ္မင္းက အေတာင္ပံေတြကို သိမ္းလိုက္တယ္။ မသိရင္ အျပင္ကို ျပန္ထြက္ၿပီး တစ္ခုခု လုပ္မယ့္ဟန္ကေန အနည္းငယ္ ေအးေဆးသြားဟန္ ေပၚတယ္။
ငါေလး ပိတ္ေလွာင္ျခင္း နန္းေဆာင္ထဲ မဝင္ေသးလို႔ အျပင္ကို တစ္ခုခု သြားလုပ္ေတာ့မယ္လို႔ေတာ့ ငါေလးကို မေျပာပါနဲ႔ေနာ္။
“အဟင္း.. သခင္..”
ငါေလး တ႐ိုတေသ ေခၚမလို႔ပဲ ဒါေပမဲ့ ဒါက အသုံးဝင္ႏိုင္မလားဆိုတာ မေသခ်ာဘူး။
“အင္း..”
လူးကပ္စ္က အနက္ေရာင္ တစ္ဖက္လႊမ္း ဝတ္႐ုံ႐ွည္ကို ဝတ္ဆင္ထားၿပီးေတာ့ သူရဲ႕ရင္ဘတ္ေတြကို ႂကြားဝါထားတယ္။ ငါေလးရဲ႕ရင္ဘတ္ကေတာင္ သူ႕ထက္ ေသးေနအုံးမယ္။
ေတြးမိတာနဲ႔ တစ္ခါတည္း ငါေလး လက္ပ်ဥ္ကို ကိုင္းလိုက္မိတယ္။ ဒါႀကီးက ငါေလးကို အ႐ွက္ကြဲတယ္လို႔ ခံစားရေစတယ္။ ေယာက်္ားေလးက အဲဒီေနရာ လွဖို႔ လိုလို႔လားဟာ..။
နန္းေဆာင္က အကာအရံတစ္ခုမွ မ႐ွိဘူး။ အဲဒါအျပင္ အျပင္ကေနလည္း ဒီနန္းေဆာင္ကို မျမင္ႏိုင္ဘူး။ တိမ္တိုက္ ျဖဴျဖဴေတြက သိုင္းရစ္ထားတယ္။
ခရမ္းေရာင္ ျမဴခိုးေတြေရာ အလင္းစစ္အ႐ွိန္အဝါေတြပါ ယွက္သန္းေနတဲ့ ဒီနန္းေဆာင္က နတ္ဆိုးနန္းေတာ္လား။ ျမင့္ျမတ္ေတာ္ဝင္က နန္းေတာ္လား ဆိုတာကို ငါေလးကို ဇေဝဇဝါ ျဖစ္ေစတယ္။
ပိုဆိုးတာက ဒါႀကီးက နန္းေတာ္ဆိုတာ ေသခ်ာရဲ႕လားလို႔ ငါေလးကို အေတြးဝင္လာေစတာပဲ ျဖစ္တယ္။ အလွအပတရားတစ္ခုမွ မ႐ွိတဲ့ ေနရာက အသက္႐ွိတဲ့နတ္ေတြ ေနလို႔ေရာ ရရဲ႕လား။
ဒီအထဲကို ဝင္လာတာ ငါေလး အသက္႐ႈမဝသလို ခံစားရလာၿပီ။ ငါေလး ေသေတာ့မယ္ ထင္တယ္။ ငါေလး နတ္သက္ေႂကြေတာ့မယ္ ထင္တယ္။
နတ္အေစခံ တစ္ေယာက္မွ မ႐ွိဘူး။ အေစာင့္စစ္သည္ေတာ္ေတြကလည္း တစ္ေယာက္မွ ဝင္ခြင့္မ႐ွိဘူး။ ဒီနန္းေတာ္ႀကီးမွာ သက္႐ွိသစ္ပင္ေတြ တစ္ပင္မွေတာင္ မ႐ွိဘူး။ ၿပီးေတာ့ ေတာက္ပတဲ့ လိုက္ကာေတြ အခမ္းအနားသုံးတဲ့ အိုးခြက္ေတြ..။ ေ႐ႊေရာင္ ေတာက္ပေနတဲ့ အထက္တန္းဆင့္ ေမွာ္အသုံးအေဆာင္ေတြ ဘာဆို ဘာမွ.. ဘာတစ္ခုမွ မ႐ွိဘူး။
ဒါႀကီးက ျမင့္ျမတ္ေတာ္ဝင္ အလယ္မွာ ႐ွိေနတဲ့ ေတာေတာင္ထဲက နတ္သူငယ္နန္းေဆာင္လား။ ဒီေနရာမွာ အသက္႐ွိတဲ့ နတ္ေတြ ေနလို႔ေရာ ရရဲ႕လား။ ေနလို႔ ရမွာ ေသခ်ာရဲ႕လား။ ငါေလး အေတြးနဲ႔တင္ အသက္တစ္ဝက္ေလာက္ ေသေနၿပီ ျဖစ္တယ္။
“ဒါ.. အသက္႐ွိတဲ့သူေတြ ေနလို႔ေရာ ရရဲ႕လား”
ငါေလး လႊတ္ခနဲ ေမးလိုက္မိတယ္။ ငါေလးကို ေက်ာခိုင္းသြားတဲ့ လူးကပ္စ္က လွည့္ၾကည့္လာတယ္။
“ငါ အခုထိ မေသေသးဘူး ထင္ေနတာ”
ငါ့ပါးစပ္ေလးက ေအးတိေအးစက္ စကားတစ္ခြန္းနဲ႔တင္ ပိတ္လိုက္ဖို႔ လုံေလာက္သြားတယ္။
“မင္း ေျပာလို႔ ရၿပီလား။ ဒီအလင္းႏွင္တံကို ဘယ္ကေန ရခဲ့တာလဲ ဆိုတာ..”
“ဒါ..”
ဒါက မၿပီးႏိုင္ေတာ့ဘူးလား။ ဒါကို မင္းေပးခဲ့တာေလ ေသာက္႐ူးရဲ႕..။ ေပးၿပီးေတာ့မွ ဘယ္သူ႕ဆီကေန ရလာတာလဲ ဆိုေတာ့ ငါက ဘယ္လို ေျဖရမွာလဲ။ မင္းေပးခဲ့တာပါလို႔ ေျပာရင္ေရာ မင္းက လက္ခံမွာလား။ ငါ့အသက္ေလးက အႏၲာရယ္မ်ားေနတာကို။
ငါေလး အခုခ်က္ခ်င္းကို ေသေလာက္ေအာင္ ထိုင္ၿပီး ငိုေႂကြးခ်င္ေနၿပီ။ ငါေလး ေျဖလို႔ မရႏိုင္တဲ့ ေမးခြန္းကို ဘာလို႔ ထပ္ခါထပ္ခါ ေမးေနရတာလဲ။ ဘာလို႔မ်ား.. အခုလို ေမးေနရတာလဲ။
“မင္း ဒီမွာ ေျပာလို႔ ရပါတယ္။ မင္းအသံကို ဘယ္သူမွ မၾကားႏိုင္ဘူး။ ၿပီးေတာ့ မင္းကို ဒီအတြက္ ဘယ္သူမွ ဘာျပႆနာမွ မ႐ွိႏိုင္ဘူး”
“ငါ.. ငါ..”
“အင္း..”
“ငါ မသိဘူး..”
ဒါပဲ..။ ေမးစမ္း..။ ငါမသိပဲ ေျဖပစ္မယ္။ မင္း ေမးႏိုင္သေလာက္ ေမးစမ္း။ ငါမသိဘူး ဆိုတာကိုပဲ ေသတဲ့အထိ ေျဖေနမယ္။ မင္း ငါ့ကို ႏိုင္စားလို႔ ရမလား။
လူးကပ္စ္ႀကီးက မ်က္ေမွာင္ကို တြန္႔ကုတ္လိုက္တယ္။ ၿပီးေတာ့ လက္ကို ယမ္းလိုက္တယ္။ လက္ကေန အလင္းမႈန္တခ်ိဳ႕ ျဖတ္သန္းသြားၿပီးတဲ့ေနာက္ ေ႐ႊကိုင္းနဲ႔ သလြန္တစ္ခု ေပၚလာတယ္။
ဟမ့္..။ သူက သူ႕ဖာသာ သလြန္ကို ဖန္တီးၿပီး သုံးေတာ့ အရာဝတၳဳေတြ မဖန္တီးႏိုင္တဲ့ ငါေလးက ဒီၾကမ္းခင္ေပၚမွာပဲ ထိုင္လိုက္ရမွာလား။ ဒါႀကီးက မတရားဘူး။
ဒီနတ္ဘုရားက ငါ့ကို ဘယ္ႏွစ္ဘဝေတာင္မွ အႏိုင္က်င့္ခ်င္ေနတာလဲ။ အဲရစ္လူကာ ဘဝတုန္းကလည္း အဲလိုမ်ိဳးနဲ႔။ အခုက်ေတာ့ လူးကပ္စ္ဘဝမွာက် ပိုဆိုးတယ္။ ငါေလး အႏိုင္က်င့္ခံရတယ္ တရားမွ်တမႈ ႐ွာေပးၾကပါ။
“မင္း မသိဘူး ဆိုတာက..”
သူက စကားကို ခဏရပ္လိုက္တယ္။
“ဒါကို ဘယ္ကေန ရခဲ့မွန္း မသိတာလား”
ငါေလး လ်င္ျမန္စြာ ေခါင္းညိတ္လိုက္တယ္။ သူက သလြန္ေပၚမွာ ထိုင္လိုက္ရင္းကေန လက္ထဲမွာ အလင္းမႈန္ေတြကို စုေဝးေစလိုက္ၿပီးေတာ့ အလင္းလုံးတစ္ခုကို ဖန္တီးလိုက္တယ္။ ၿပီးေတာ့ ခပ္တိုးတိုး ေရ႐ြတ္တယ္။
“ဇီဒန္ ဒီနတ္ငယ္ေလးရဲ႕ ေနာက္ေၾကာင္းကို မိခင္သစ္ပင္ဆီကေန သြားစုံစမ္းလိုက္ပါ။ ေနမညိဳခင္ သိခ်င္တယ္”
အလင္းလုံးထဲကို အသံသြင္းလိုက္ၿပီးေနာက္ နန္းေဆာင္အျပင္ကို ပို႔လႊတ္လိုက္တယ္။ ၿပီးေနာက္ ေအးတိေအးစက္ ပ်င္းရိပ်င္းတြဲနဲ႔ သလြန္ေပၚမွာ လဲေလ်ာင္းလိုက္တယ္။ ငါေလးကေတာ့ အနားမွာပဲ ရပ္ေနမိတယ္။
အခ်ိန္အားျဖင့္ သိပ္ေတာင္ မၾကာလိုက္ပဲနဲ႔ နန္းေဆာင္ခန္းမက တိမ္တိုက္ေတြက အစိမ္းေရာင္ အလင္းတခ်ိဳ႕ ျဖတ္သန္းဖို႔ ႀကိဳးစားေနတာကို အတြင္းကေန ျမင္လိုက္ရတယ္။ ဒါေပမဲ့ ဝင္ခြင့္မရေလဘူး။
အံ့ၾသစရာပဲ။ အစိမ္းေရာင္နတ္ဘုရားေတြ ဆိုတာ နတ္စြမ္းအင္ အရာမွာ ထိပ္ဆုံးကေနေရတြက္ရန္ တစ္ဆယ္ထဲမွာ ႐ွိတယ္။ ဒါေတာင္မွ ဒီနန္းေဆာင္ထဲကို မဝင္ေရာက္ႏိုငဘူး။ ဒါဆို ဒီလူးကပ္စ္က ဘယ္အဆင့္ထိ ႐ွိေနတာလဲ။
လူးကပ္စ္က တစ္ေလွ်ာက္လုံး ငါ့ကိုပဲ ေသခ်ာ ၾကည့္႐ႈေနေလတယ္။ ဒါေပမဲ့ စကားတစ္ခြန္းမွ မေျပာေလဘူး။ အစိမ္းေရာင္နတ္စြမ္းအားက နန္းေဆာင္ထဲ ဝင္ဖို႔ ႀကိဳးစားေနတာကိုလည္း လ်စ္လ်ဴ႐ႈထားေလတယ္။
ဒီတစ္ခ်ိန္လုံး သူက ငါေလးကိုသာ ေသေသခ်ာခ်ာ ၾကည့္႐ႈေနတာ ျဖစ္တယ္။ ငါေလး အေနခက္ေနတယ္။ မသိရင္ ငါေလးက သြားေရက်စရာ ၾကက္ကင္နဲ႔ တူေနတာလား ဆိုတာကို ျပန္ေမးခ်င္စိတ္ ျဖစ္လာတယ္။ ဒါေပမဲ့ အဲလိုေတာ့ ငါေလး တကယ္ မေမးရဲဘူး။
“အာ.. တစ္ေယာက္ေယာက္က တစ္ခုခု ပို႔ေနတာလားလို႔..”
ငါ ေျပာလိုက္ေတာ့ သူက နန္းေဆာင္တံခါးမုဓ္ကို လွမ္းၾကည့္တယ္။ လက္ကို အသာေလး ေဝွ႔ယမ္းလိုက္ေတာ့ လက္ေခ်ာင္းကေန ေ႐ႊမႈန္ေရာင္ အလင္းအေသးေသး အစက္အေပ်ာက္ အမႈန္ေလးေတြက အဲဒီေနရာကို ေရာက္႐ွိသြားတယ္။
အဲဒီအလင္းေသးေသးအမႈန္ေလးေတြက တိမ္ဆိုင္ေတြကို ထိသြားတာနဲ႔ အစိမ္းေရာင္ အလင္းလုံးေလးက နန္းေဆာင္ထဲကို ဝဲပ်ံၿပီးေတာ့ ေရာက္႐ွိလာတယ္။ အနားကို ေရာက္လာတဲ့ အစိမ္းေရာင္ အလင္းလုံးေလးကေန ဇီဒန္နတ္ဘုရားရဲ႕အသံက ထြက္လာတယ္။
“မင္းသား.. ဒီနတ္ငယ္ေလးရဲ႕ မွတ္ဉာဏ္ရည္ကို ခူးယူၿပီးသြားပါၿပီ။ ဒါေပမဲ့ ေအာက္ကို ျပဳတ္က်သြားတာ မဟုတ္ပါဘူး။ အဲဒါကို ယူေရ႕စ္နတ္မင္းရဲ႕အကာအကြယ္အလႊာနဲ႔ ယူသြားတာပါ”
“ယူေရ႕စ္နတ္မင္းရဲ႕ အကာအကြယ္အလႊာ.. ဟုတ္လား..”
“ဟုတ္ပါတယ္ မင္းသား..။ ယူေရ႕စ္နတ္မင္းရဲ႕ အကာအကြယ္ အလႊာကို ဖန္တီးႏိုင္တာ ယူေရ႕စ္နတ္မင္းအျပင္ ဒ႑ာရီအရေတာ့ ေဇာ့ခ္နတ္မင္းပဲ ႐ွိပါတယ္”
“ငါ ထင္ထားတဲ့အတိုင္းပဲ..”
“ဒါေပမဲ့..”
ဇီဒန္နတ္ဘုရားရဲ႕ စကားက မဆုံးေသးမီမွာပဲ ဇီဒန္နတ္ဘုရားရဲ႕ ဆက္သြယ္ေရး အလင္းစိမ္းလုံးေလးက ကြဲေၾကသြားေအာင္ ဖ်က္စီးခံလိုက္ရတယ္။ ေသခ်ာတာေပါ့။ အဲဒါက သူ႕လက္ခ်က္ပဲေပ့ါ။ အားနာသမႈ မ႐ွိပဲနဲ႔.. ဟြန္႔။
“မင္း မင္းအေဖကို ႐ွာဖူးလား”
လာျပန္ၿပီ။ ဒီမိဘအေၾကာင္း မလိုဘူးဆိုတာကို ငါေလး ေသခ်ာ႐ွင္းျပဖို႔ေတာ့ လိုေနၿပီ။
“မ႐ွာဖူးပါဘူး..။ အဲဒါက..”
“မင္း ဘယ္သူလဲ ဆိုတာ ငါ သိသြားၿပီ”
ငါေတာင္မွ ငါဘယ္သူလဲ ဆိုတာကို စိတ္မဝင္စားတာ။ မင္းက ဘယ္လို သိသြားရျပန္တာလဲ။
“မင္းက ငါ့ညီမပဲ..”
အဟြတ္..။ ေသာက္က်ိဳးေတြ နဲပါၿပီ။ ေနာက္ထပ္တစ္ႀကိမ္ ငါက သူ႕ညီမ..။ ဒါက ဘယ္လို ျဖစ္သြားရျပန္တာလဲဟင္။
@@@@@
ဆက္ရန္---
Unicode
About of Consoled Fairy S2
Part-3
လူးကပ်စ်က သူ့အတောင်ပံတွေကို ဖွင့်လိုက်တယ်။ ခမ်းနားတဲ့ အလင်းအတောင်ပံနှစ်ဖက်က ကျောနောက်ကနေ ပွင့်ထွက်လာတယ်။ သူက စစ်တပ်တစ်တပ်ကို အောင်မြင်တဲ့ လေသံနဲ့ ခိုင်ခိုင်မာမာ ပြောလိုက်တယ်။
“မင်း.. ငါ့နောက်လိုက်ခဲ့”
ဟင့်အင်း..။ မင်းပြောလိုက်တဲ့ စကားကို ငါမသိဘူး။ ဒီစကားရဲ့ အဓိပ္ပာယ်ကို ငါမသိဘူး။ နည်းနည်း သဘောကောင်းပြီး နူးညံ့တဲ့ နတ်ဘုရားတစ်ပါးလောက် ရှင်းပြကြစမ်းပါ။ အာ.. နေအုံး ချောမှဖြစ်မယ်နော်။
ငါလေး အတွေးတွေကို ထုတ်ဖော်ခွင့် မရလိုက်သေးခင်မှာပင် နတ်သစ်ရွက်လေးက ဝင်းခနဲ လင်းလက်သွားတော့တယ်။ ငါ ငုံ့ကြည့်လိုက်တော့ ငါ့တာဝန်တွေ အားလုံး မရှိတော့ဘူးဆိုတဲ့ အမှတ်အသားကို ပြနေတယ်။ ငါ သစ်ရွက်လေးကို ထောင်ပြီးတော့ ခါလိုက်တယ်။
ဇီချန်နတ်ဘုရားက ငါ့ဆီကနေ သစ်ရွက်လေးကို လှမ်းယူလိုက်တယ်။ ငါ ချက်ချင်း ပြန်လုယူမိတော့မလို ဖြစ်သွားတယ်။ ဒါပေမဲ့ သစ်ရွက်လေးက လေထဲမှာပဲ ပျောက်ကွယ်သွားပြီဖြစ်တယ်။
“ဒီ တာဝန်ချပေးတဲ့ သစ်ရွက်ကို မင်းမှ မလိုတော့ဘဲ။ မင်းက သခင်ရှိသွားပြီလေ။ ဂုဏ်ယူပါတယ်။ မင်းက လူးကပ်စ်နတ်ဘုရားပြီးရင် ပိတ်လှောင်ခြင်းနန်းဆောင်ကို ပထမဆုံး ဝင်ခွင့်ရမဲ့သူပဲ”
“ငါ ဒီနေရာကို တခြားသူကို လွဲပေးလို့ ရမလား”
“အာ.. ဘယ်သူ လိုချင်မလဲ ကြည့်ကြည့်ရအောင်..”
ငါလေး အားကြိုးမာန်တက်နဲ့ အနောက်ကို လှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ နတ်အစေခံတွေ အားလုံးက ပျောက်ချင်းမလှ ပျောက်ကွယ်ကုန်တယ်။ အေးပေါ့။ လူးကပ်စ်နတ်ဘုရားဆိုမှတော့ ဘယ်သူက ကိုယ့်သေတွင်း ကိုယ် တူးချင်မှာလဲ။
ငါလေးသာ..။ ငါလေးလည်း ကိုယ်သေတွင်းတော့ ကိုယ်မတူးချင်ပါဘူး။ ဒါပေမဲ့ အဲဒီသေတွင်းကြီးက ငါလေးနောက်ကို တစ်စိုက်မတ်မတ် လိုက်နေခဲ့တာလေ။
ရှောင်တိမ်းဖို့ကလဲ သေတွင်းကြီးက အရမ်းကြီးလွန်းတော့ ငါလေးခမျာ ဒန်အိုးဖုံးနဲ့ အုပ်ခံလိုက်ရတဲ့ ပုရွတ်ဆိတ်လေး တစ်ကောင်လိုပဲ ပြေးထွက်သွားလို့ မရနိုင်ခဲ့ဘူး။
အခုနေ ငါလေး ဆုတောင်းနိုင်တာ တစ်ခုက ဒန်အိုးဖုံးကြီးမှာ တိုးထွက်ဖို့ အပေါက်တစ်ခုခု ရှိနေဖို့လေး တစ်ခုတည်းပါ။ ငါ့လက်ထဲက အလင်းနှင်တံလေးကို ကျစ်နေအောင် ဆုပ်ကိုင်လိုက်ပြီးနောက် ငါ ခြေလှမ်းလှမ်းလိုက်တယ်။
ငါ လှမ်းလိုက်တာနဲ့ အစိမ်းရောင် နတ်ဘုရားလေးပါးက ငါ့နောက်ကနေ လိုက်ပါလာကြဖို့ ပြင်တယ်။ ငါလေး လှစ်ခနဲ လဆိပ်ကမ်းဆီကို ဦးတည်ပြီး ပြေးသွားလိုက်တယ်။
Mission..။ ကျဆုံးပါတယ်။ ငါလေးက အစိမ်းရောင်နတ်ဘုရားရဲ့ ဂုတ်ကနေ ဆွဲယူပြီးတော့ ခေါ်ဆောင်ခြင်းကို ခံခဲ့ရတယ်။ အခုတော့ ငါလေးက နန်းဆောင်လို့ ခေါ်လို့မရတဲ့ နန်းဆောင်တစ်ခု အရှေ့မှာ ရောက်နေပါတယ်။
အစိမ်းရောင်နတ်ဘုရားတွေက လှံရှည်တွေကို ကိုင်ထားပြီးတော့ ငါ့နားမှာ ဝိုင်းရံနေတယ်။ ငါလေးတော့ ဂုဏ်ယူစရာပါပဲ။ အကျဉ်းသားလို ခံစားနေရတဲ့ ခံစားချက်တွေနဲ့ ငါလေး ဇီဒန်နတ်ဘုရားကို လက်ဝှေ့ယမ်းပြလိုက်တယ်။
“ပြန်တွေ့ရတာ ဝမ်းသာပါတယ်..”
ဇီဒန်နတ်ဘုရားက အခုဆို နတ်ဘုရားအတောင်ပံတွေနဲ့ ပိုပြီးလှနေတယ်။ သူက နဂိုအတိုင်းပဲ ခက်ထန်နေတယ်။
“ဟွန့်.. ဝင်သွားတော့..”
“မင်းတို့ရော မဝင်ဘူးလား။ အတူတူ ဝင်ကြရအောင်..”
ဇီဒန်နတ်ဘုရားက ငါလေးကို မျက်မှောင်ကုတ်ပြီး ကြည့်လာတယ်။
“ပိတ်လှောင်ခြင်း နန်းဆောင်က မင်းသားတစ်ယောက်ပဲ ဝင်နိုင်ထွက်နိုင်တယ်။ တခြားလူ မပါဘူး။ နေးလ်နတ်မင်းတောင်မှ ဒီနန်းဆောင်ထဲကို အဝင်အထွက်မလုပ်နိုင်ဘူး”
“ဒါဆို ငါလည်း အပြင်မှာ စောင့်နေမယ်လေ။ ငါက သာမန် နတ်ဘုရားငယ်လေးပဲဟာကို အထဲကို ဘယ်လို ဝင်နိုင်မှာလဲ..”
ဇီဒန်နတ်မင်း ကလွဲလို့ တခြားနတ်မင်းတွေက ငါလေးကို အထူးအဆန်းလေးလို ကြည့်ကြတယ်။ ငါလေး မတတ်နိုင်တာကို အတင်းလုပ်ခိုင်းဖို့တော့ မကြိုးစားကြဘူး မဟုတ်လား။
ဇီဒန်က ငါလေးကို သေချာကြည့်ပြီးတဲ့နောက် သက်ပြင်းချတယ်။ နောက်တော့ ငါ့လက်ထဲက နှင်တံကို သူ့လက်ထဲက လှံတံအစိမ်းနဲ့ ထိုးညွှန်ပြလာတယ်။
“မင်းဆီမှာ အလင်းနတ်ဘုရားနှင်တံ ရှိတယ်။ ဝင်သွားကြည့်လိုက်ပါ”
အပြောနဲ့တင်ပဲ ဆိုရင် ဒါက ဇီဒန်နတ်ဘုရား ဘယ်ဟုတ်တော့မလဲ။ သူက ပြတ်ပြတ်သားသားပဲ ငါလေးကို နန်းဆောင်ထဲကို တွန်းထည့်လိုက်တယ်။ ငါလေးက လျောလျောလျူလျူပဲ နန်းဆောင်တံခါးကနေ ဝင်ရောက်သွားတယ်။
“မင်း ရောက်လာပြီပဲ”
စတင်မိတ်ဆက်တဲ့ စကားက အေးစက်စက်ပဲ ဖြစ်တယ်။ ငါလေး ရယ်ရမလို ငိုရမလို ဖြစ်နေတယ်။ လူးကပ်စ်နတ်မင်းက အတောင်ပံတွေကို သိမ်းလိုက်တယ်။ မသိရင် အပြင်ကို ပြန်ထွက်ပြီး တစ်ခုခု လုပ်မယ့်ဟန်ကနေ အနည်းငယ် အေးဆေးသွားဟန် ပေါ်တယ်။
ငါလေး ပိတ်လှောင်ခြင်း နန်းဆောင်ထဲ မဝင်သေးလို့ အပြင်ကို တစ်ခုခု သွားလုပ်တော့မယ်လို့တော့ ငါလေးကို မပြောပါနဲ့နော်။
“အဟင်း.. သခင်..”
ငါလေး တရိုတသေ ခေါ်မလို့ပဲ ဒါပေမဲ့ ဒါက အသုံးဝင်နိုင်မလားဆိုတာ မသေချာဘူး။
“အင်း..”
လူးကပ်စ်က အနက်ရောင် တစ်ဖက်လွှမ်း ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီးတော့ သူရဲ့ရင်ဘတ်တွေကို ကြွားဝါထားတယ်။ ငါလေးရဲ့ရင်ဘတ်ကတောင် သူ့ထက် သေးနေအုံးမယ်။
တွေးမိတာနဲ့ တစ်ခါတည်း ငါလေး လက်ပျဉ်ကို ကိုင်းလိုက်မိတယ်။ ဒါကြီးက ငါလေးကို အရှက်ကွဲတယ်လို့ ခံစားရစေတယ်။ ယောက်ျားလေးက အဲဒီနေရာ လှဖို့ လိုလို့လားဟာ..။
နန်းဆောင်က အကာအရံတစ်ခုမှ မရှိဘူး။ အဲဒါအပြင် အပြင်ကနေလည်း ဒီနန်းဆောင်ကို မမြင်နိုင်ဘူး။ တိမ်တိုက် ဖြူဖြူတွေက သိုင်းရစ်ထားတယ်။
ခရမ်းရောင် မြူခိုးတွေရော အလင်းစစ်အရှိန်အဝါတွေပါ ယှက်သန်းနေတဲ့ ဒီနန်းဆောင်က နတ်ဆိုးနန်းတော်လား။ မြင့်မြတ်တော်ဝင်က နန်းတော်လား ဆိုတာကို ငါလေးကို ဇဝေဇဝါ ဖြစ်စေတယ်။
ပိုဆိုးတာက ဒါကြီးက နန်းတော်ဆိုတာ သေချာရဲ့လားလို့ ငါလေးကို အတွေးဝင်လာစေတာပဲ ဖြစ်တယ်။ အလှအပတရားတစ်ခုမှ မရှိတဲ့ နေရာက အသက်ရှိတဲ့နတ်တွေ နေလို့ရော ရရဲ့လား။
ဒီအထဲကို ဝင်လာတာ ငါလေး အသက်ရှုမဝသလို ခံစားရလာပြီ။ ငါလေး သေတော့မယ် ထင်တယ်။ ငါလေး နတ်သက်ကြွေတော့မယ် ထင်တယ်။
နတ်အစေခံ တစ်ယောက်မှ မရှိဘူး။ အစောင့်စစ်သည်တော်တွေကလည်း တစ်ယောက်မှ ဝင်ခွင့်မရှိဘူး။ ဒီနန်းတော်ကြီးမှာ သက်ရှိသစ်ပင်တွေ တစ်ပင်မှတောင် မရှိဘူး။ ပြီးတော့ တောက်ပတဲ့ လိုက်ကာတွေ အခမ်းအနားသုံးတဲ့ အိုးခွက်တွေ..။ ရွှေရောင် တောက်ပနေတဲ့ အထက်တန်းဆင့် မှော်အသုံးအဆောင်တွေ ဘာဆို ဘာမှ.. ဘာတစ်ခုမှ မရှိဘူး။
ဒါကြီးက မြင့်မြတ်တော်ဝင် အလယ်မှာ ရှိနေတဲ့ တောတောင်ထဲက နတ်သူငယ်နန်းဆောင်လား။ ဒီနေရာမှာ အသက်ရှိတဲ့ နတ်တွေ နေလို့ရော ရရဲ့လား။ နေလို့ ရမှာ သေချာရဲ့လား။ ငါလေး အတွေးနဲ့တင် အသက်တစ်ဝက်လောက် သေနေပြီ ဖြစ်တယ်။
“ဒါ.. အသက်ရှိတဲ့သူတွေ နေလို့ရော ရရဲ့လား”
ငါလေး လွှတ်ခနဲ မေးလိုက်မိတယ်။ ငါလေးကို ကျောခိုင်းသွားတဲ့ လူးကပ်စ်က လှည့်ကြည့်လာတယ်။
“ငါ အခုထိ မသေသေးဘူး ထင်နေတာ”
ငါ့ပါးစပ်လေးက အေးတိအေးစက် စကားတစ်ခွန်းနဲ့တင် ပိတ်လိုက်ဖို့ လုံလောက်သွားတယ်။
“မင်း ပြောလို့ ရပြီလား။ ဒီအလင်းနှင်တံကို ဘယ်ကနေ ရခဲ့တာလဲ ဆိုတာ..”
“ဒါ..”
ဒါက မပြီးနိုင်တော့ဘူးလား။ ဒါကို မင်းပေးခဲ့တာလေ သောက်ရူးရဲ့..။ ပေးပြီးတော့မှ ဘယ်သူ့ဆီကနေ ရလာတာလဲ ဆိုတော့ ငါက ဘယ်လို ဖြေရမှာလဲ။ မင်းပေးခဲ့တာပါလို့ ပြောရင်ရော မင်းက လက်ခံမှာလား။ ငါ့အသက်လေးက အန္တာရယ်များနေတာကို။
ငါလေး အခုချက်ချင်းကို သေလောက်အောင် ထိုင်ပြီး ငိုကြွေးချင်နေပြီ။ ငါလေး ဖြေလို့ မရနိုင်တဲ့ မေးခွန်းကို ဘာလို့ ထပ်ခါထပ်ခါ မေးနေရတာလဲ။ ဘာလို့များ.. အခုလို မေးနေရတာလဲ။
“မင်း ဒီမှာ ပြောလို့ ရပါတယ်။ မင်းအသံကို ဘယ်သူမှ မကြားနိုင်ဘူး။ ပြီးတော့ မင်းကို ဒီအတွက် ဘယ်သူမှ ဘာပြဿနာမှ မရှိနိုင်ဘူး”
“ငါ.. ငါ..”
“အင်း..”
“ငါ မသိဘူး..”
ဒါပဲ..။ မေးစမ်း..။ ငါမသိပဲ ဖြေပစ်မယ်။ မင်း မေးနိုင်သလောက် မေးစမ်း။ ငါမသိဘူး ဆိုတာကိုပဲ သေတဲ့အထိ ဖြေနေမယ်။ မင်း ငါ့ကို နိုင်စားလို့ ရမလား။
လူးကပ်စ်ကြီးက မျက်မှောင်ကို တွန့်ကုတ်လိုက်တယ်။ ပြီးတော့ လက်ကို ယမ်းလိုက်တယ်။ လက်ကနေ အလင်းမှုန်တချို့ ဖြတ်သန်းသွားပြီးတဲ့နောက် ရွှေကိုင်းနဲ့ သလွန်တစ်ခု ပေါ်လာတယ်။
ဟမ့်..။ သူက သူ့ဖာသာ သလွန်ကို ဖန်တီးပြီး သုံးတော့ အရာဝတ္ထုတွေ မဖန်တီးနိုင်တဲ့ ငါလေးက ဒီကြမ်းခင်ပေါ်မှာပဲ ထိုင်လိုက်ရမှာလား။ ဒါကြီးက မတရားဘူး။
ဒီနတ်ဘုရားက ငါ့ကို ဘယ်နှစ်ဘဝတောင်မှ အနိုင်ကျင့်ချင်နေတာလဲ။ အဲရစ်လူကာ ဘဝတုန်းကလည်း အဲလိုမျိုးနဲ့။ အခုကျတော့ လူးကပ်စ်ဘဝမှာကျ ပိုဆိုးတယ်။ ငါလေး အနိုင်ကျင့်ခံရတယ် တရားမျှတမှု ရှာပေးကြပါ။
“မင်း မသိဘူး ဆိုတာက..”
သူက စကားကို ခဏရပ်လိုက်တယ်။
“ဒါကို ဘယ်ကနေ ရခဲ့မှန်း မသိတာလား”
ငါလေး လျင်မြန်စွာ ခေါင်းညိတ်လိုက်တယ်။ သူက သလွန်ပေါ်မှာ ထိုင်လိုက်ရင်းကနေ လက်ထဲမှာ အလင်းမှုန်တွေကို စုဝေးစေလိုက်ပြီးတော့ အလင်းလုံးတစ်ခုကို ဖန်တီးလိုက်တယ်။ ပြီးတော့ ခပ်တိုးတိုး ရေရွတ်တယ်။
“ဇီဒန် ဒီနတ်ငယ်လေးရဲ့ နောက်ကြောင်းကို မိခင်သစ်ပင်ဆီကနေ သွားစုံစမ်းလိုက်ပါ။ နေမညိုခင် သိချင်တယ်”
အလင်းလုံးထဲကို အသံသွင်းလိုက်ပြီးနောက် နန်းဆောင်အပြင်ကို ပို့လွှတ်လိုက်တယ်။ ပြီးနောက် အေးတိအေးစက် ပျင်းရိပျင်းတွဲနဲ့ သလွန်ပေါ်မှာ လဲလျောင်းလိုက်တယ်။ ငါလေးကတော့ အနားမှာပဲ ရပ်နေမိတယ်။
အချိန်အားဖြင့် သိပ်တောင် မကြာလိုက်ပဲနဲ့ နန်းဆောင်ခန်းမက တိမ်တိုက်တွေက အစိမ်းရောင် အလင်းတချို့ ဖြတ်သန်းဖို့ ကြိုးစားနေတာကို အတွင်းကနေ မြင်လိုက်ရတယ်။ ဒါပေမဲ့ ဝင်ခွင့်မရလေဘူး။
အံ့သြစရာပဲ။ အစိမ်းရောင်နတ်ဘုရားတွေ ဆိုတာ နတ်စွမ်းအင် အရာမှာ ထိပ်ဆုံးကနေရေတွက်ရန် တစ်ဆယ်ထဲမှာ ရှိတယ်။ ဒါတောင်မှ ဒီနန်းဆောင်ထဲကို မဝင်ရောက်နိုငဘူး။ ဒါဆို ဒီလူးကပ်စ်က ဘယ်အဆင့်ထိ ရှိနေတာလဲ။
လူးကပ်စ်က တစ်လျှောက်လုံး ငါ့ကိုပဲ သေချာ ကြည့်ရှုနေလေတယ်။ ဒါပေမဲ့ စကားတစ်ခွန်းမှ မပြောလေဘူး။ အစိမ်းရောင်နတ်စွမ်းအားက နန်းဆောင်ထဲ ဝင်ဖို့ ကြိုးစားနေတာကိုလည်း လျစ်လျူရှုထားလေတယ်။
ဒီတစ်ချိန်လုံး သူက ငါလေးကိုသာ သေသေချာချာ ကြည့်ရှုနေတာ ဖြစ်တယ်။ ငါလေး အနေခက်နေတယ်။ မသိရင် ငါလေးက သွားရေကျစရာ ကြက်ကင်နဲ့ တူနေတာလား ဆိုတာကို ပြန်မေးချင်စိတ် ဖြစ်လာတယ်။ ဒါပေမဲ့ အဲလိုတော့ ငါလေး တကယ် မမေးရဲဘူး။
“အာ.. တစ်ယောက်ယောက်က တစ်ခုခု ပို့နေတာလားလို့..”
ငါ ပြောလိုက်တော့ သူက နန်းဆောင်တံခါးမုဓ်ကို လှမ်းကြည့်တယ်။ လက်ကို အသာလေး ဝှေ့ယမ်းလိုက်တော့ လက်ချောင်းကနေ ရွှေမှုန်ရောင် အလင်းအသေးသေး အစက်အပျောက် အမှုန်လေးတွေက အဲဒီနေရာကို ရောက်ရှိသွားတယ်။
အဲဒီအလင်းသေးသေးအမှုန်လေးတွေက တိမ်ဆိုင်တွေကို ထိသွားတာနဲ့ အစိမ်းရောင် အလင်းလုံးလေးက နန်းဆောင်ထဲကို ဝဲပျံပြီးတော့ ရောက်ရှိလာတယ်။ အနားကို ရောက်လာတဲ့ အစိမ်းရောင် အလင်းလုံးလေးကနေ ဇီဒန်နတ်ဘုရားရဲ့အသံက ထွက်လာတယ်။
“မင်းသား.. ဒီနတ်ငယ်လေးရဲ့ မှတ်ဉာဏ်ရည်ကို ခူးယူပြီးသွားပါပြီ။ ဒါပေမဲ့ အောက်ကို ပြုတ်ကျသွားတာ မဟုတ်ပါဘူး။ အဲဒါကို ယူရေ့စ်နတ်မင်းရဲ့အကာအကွယ်အလွှာနဲ့ ယူသွားတာပါ”
“ယူရေ့စ်နတ်မင်းရဲ့ အကာအကွယ်အလွှာ.. ဟုတ်လား..”
“ဟုတ်ပါတယ် မင်းသား..။ ယူရေ့စ်နတ်မင်းရဲ့ အကာအကွယ် အလွှာကို ဖန်တီးနိုင်တာ ယူရေ့စ်နတ်မင်းအပြင် ဒဏ္ဍာရီအရတော့ ဇော့ခ်နတ်မင်းပဲ ရှိပါတယ်”
“ငါ ထင်ထားတဲ့အတိုင်းပဲ..”
“ဒါပေမဲ့..”
ဇီဒန်နတ်ဘုရားရဲ့ စကားက မဆုံးသေးမီမှာပဲ ဇီဒန်နတ်ဘုရားရဲ့ ဆက်သွယ်ရေး အလင်းစိမ်းလုံးလေးက ကွဲကြေသွားအောင် ဖျက်စီးခံလိုက်ရတယ်။ သေချာတာပေါ့။ အဲဒါက သူ့လက်ချက်ပဲပေ့ါ။ အားနာသမှု မရှိပဲနဲ့.. ဟွန့်။
“မင်း မင်းအဖေကို ရှာဖူးလား”
လာပြန်ပြီ။ ဒီမိဘအကြောင်း မလိုဘူးဆိုတာကို ငါလေး သေချာရှင်းပြဖို့တော့ လိုနေပြီ။
“မရှာဖူးပါဘူး..။ အဲဒါက..”
“မင်း ဘယ်သူလဲ ဆိုတာ ငါ သိသွားပြီ”
ငါတောင်မှ ငါဘယ်သူလဲ ဆိုတာကို စိတ်မဝင်စားတာ။ မင်းက ဘယ်လို သိသွားရပြန်တာလဲ။
“မင်းက ငါ့ညီမပဲ..”
အဟွတ်..။ သောက်ကျိုးတွေ နဲပါပြီ။ နောက်ထပ်တစ်ကြိမ် ငါက သူ့ညီမ..။ ဒါက ဘယ်လို ဖြစ်သွားရပြန်တာလဲဟင်။
@@@@@
ဆက်ရန်---

About of a Consoled FairyOnde histórias criam vida. Descubra agora