About of a Consoled fairy part-3
"လုနာ လုပ်ပါ ဒီတာဝန်ကို ကျော်လွှားပေးစမ်းပါ၊ မင်းတတ်နိုင်တာ ငါသိပါတယ်"
"မင်းမျက်နှာက သနားဖို့လည်း မကောင်းဘူး"
ငါ တစ်မနက်လုံး တာဝန်ချမှတ်ရေး ဌာနမှာ လာရောက် ညည်းညူနေခဲ့တာ လုနာဆီက ပြန်ရတာက သနားဖို့လည်း မကောင်းဘူး ဆိုတဲ့စကား၊
အစတည်းက လာခဲ့ကတည်းက ဒီတာဝန် လွဲပြောင်းရေးက မလွယ်ကူဘူးမှန်း သိနေပြီးသား၊ မကြိုးစားကြည့်ပဲနဲ့တော့ ဘယ်အရာကမှ မဖြစ်လာနိုင်ဘူးလေ၊ အနည်းဆုံး ငါ ကြိုးစားသင့်သေးတယ်၊
"လုနာ၊ ငါတကယ် အဲ့ဒီလူသားအနားမှာ နေရရင် ငါ သေသွား လိမ့်မယ်၊ ငါ့ကို မသနားဘူးလားဟင်"
လုနာက နတ်သစ်ရွက်ကို ငုံ့ကြည့်လိုက်ပြီးမှ ခေါင်းယမ်းလေတယ်၊
"အဲ့ဒီတာဝန် မင်းဆီကနေ လွဲယူပေးမယ့်လူ ရှိရင် ငါလုပ်ပေးမယ်"
ငါ ဝမ်းသာအားရနဲ့ အခန်းကျယ်ထဲက အနီးအနား ဖြေသိမ့်ခြင်းနတ်ဘုရားတွေကို လှမ်းကြည့်မိတယ်၊ အားလုံးက ခေါင်းတွေကို ငုံ့၍ မျက်နှာလွဲခြင်းများနဲ့၊ ကြည့်ရတာ အားလုံးက အဖြစ်ဆိုးသူ နတ်ဘုရားငယ် ၃ဦး အကြောင်းကို သိရှိကြပြီး ဖြစ်ပုံရတယ်၊
ငါကသာ၊ ငါကပဲ အပေါင်းသင်း သိပ်နည်းလို့ ဘာမှမသိခဲ့ရတာလား၊ အဲ့ဒါနဲ့ပဲ ငါ့ကို ဒီတာဝန် ပေးလိုက်တာလား၊ လုံးဝ မတရားဘူး၊
"လုနာ မင်းတို့ တာဝန်ချထားရေးက ဝန်ထမ်းတွေကို ငါ မေးခွန်းထုတ်ဖို့ ရှိလာပြီ"
ငါ အပေါ်ကို ပျံတက်လိုက်ပြီးမှ လက်ပိုက်ကာ ပြောလိုက်တယ်၊ လုနာက ငါ့ကို မော့ကြည့်လာပြီးမှ၊
"မင်း ဘယ်လို ပြောပြော မထူးဘူး အိုရှင်း၊ ဒီတာဝန်အတွက် တာဝန်ယူမယ့်သူ ရှာကတည်းက သည်းခံနိုင်တဲ့သူမျိုး ရှာတာ ဆိုတော့ မင်းနဲ့ပဲ အကိုက်ညီဆုံး"
"ငါက ဘယ်တုန်းက သည်းခံနိုင်ဆုံး ဖြေသိမ့်ခြင်းနတ် ဖြစ်သွားရတာလဲ၊ ဘယ်သူက သတ်မှတ်လိုက်တာလဲ"
ငါ မကျေမနပ်နဲ့ ခါးထောက်မိတယ်၊ လုနာက ငါ့ကို မော့ကြည့်ပြီး ပုခုံးတွန့်ပြတယ်၊ ငါ အောက်ကို ပျံပြီး ဆင်းလာရတယ်၊