Season 2 Part 21

89 24 2
                                    

Unicode
About of a Condoled Fairy S2

Part-21

ညီလာခံကနေ ပြန်လာတော့ လူးကပ်စ်က အရှေ့က ငါလေးက အနောက်က..။ ငါလေး နားထဲမှာတော့ လူးကပ်စ်ရဲ့ အသံတွေက တလည်လည် ဖြစ်နေတယ်။

သေချာတွေးကြည့်တော့လဲ ဟုတ်သလိုလိုတော့ ရှိတယ်။ တစ်လောကလုံးမှာ သူမရှိတော့တာနဲ့ အားလုံးသော ဖန်တီးထားမှုတွေက ပျောက်ကွယ်သွားမှာ ဆိုမှတော့ သူက တစ်လောကလုံးမှာ သူကသာ တန်ဖိုးအရှိဆုံးလို့ တွေးတာက မှန်ကန်နေသလိုပဲ။

ဒါပေမဲ့ အဲဒီလိုကြီးတော့ လူတွေ အများကြီး အဲလေ.. နတ်တွေအများကြီးရှေ့မှာ ကြွားဝါ ပြောဆိုခဲ့ဖို့တော့ မလိုဘူးလေ။ မဏ္ဍိုင်တက်ပါတယ် ဆိုပြီးတော့ သူ့ကို တခြားနတ်တွေက အရူးလို့ ထင်မှာကို သူက မစိုးရိမ်ပေမဲ့ ငါ့ကို သူ့သွေးသားလို့ ကြေညာထားမှတော့ အရှက်ကွဲတဲ့သူက ငါပဲ ရှိမှာပေါ့.. ဟုတ်တယ် မဟုတ်လား။

သွားစမ်း။ သူကတောင် မျက်နှာပြောင်ပြောင်နဲ့ ကြေညာရဲမှတော့ ငါလေးက ဘာလို့ အရှက်ကွဲသလို ခံစားနေရမှာလဲ။ ပြီးတော့ သူ့ညီမ ဆိုတာက တိကျ သေချာတဲ့ အမှတ်လက္ခဏာ ဘာရှိလို့လဲ။ အချိန်မရွေး ငါတို့က သူစိမ်း ဖြစ်သွားနိုင်တာပဲ။

အတွေးလေးက ရွေ့လျားသွားတာနဲ့ ငါ သူ့လက်ထဲမှာ အခုထိ ကိုင်ထားတဲ့ အကြည်ရောင် သလင်းကျောက် အလုံးလေးဆီကို ရောက်သွားတယ်။ မှတ်ဉာဏ်တစ်ပိုင်းတစ်စ လိုလို ပုံရိပ်တွေက အတွင်းထဲမှာ နီလိုက် ဝါလိုက် စိမ်းလိုက် ပြာလိုက်နဲ့ ပုံရိပ်အတိုင်း လိုက်လှည့်နေတယ်။

ဒီဟာကို သူက မလိုဘူးလို့ ပြောပြီးတော့ ဘာလို့ ပြန်ယူလာတာလဲ။ ဒါကို သူ ကြည့်လိုက်ရင် သူက အားလုံးကို မှတ်မိသွားမှာလား။ ဒါဆိုရင် သူက ငါ့ကို လူလိမ်ဆိုပြီးတော့ သတ်မှတ်လိုက်မှာလား။

ငါလေး စတင်ပြီးတော့ စိုးရိမ်ပူပန်လာတယ်။ ငါ့အသက်လေးက ခိုင်မာရုံမကြံသေးဘူး။ ပြန်ပြီးတော့ လဲပြိုဖို့ အကြောင်းအရင်းတွေက များပြားလွန်းလိုက်တာ။

လူးကပ်စ်သာ ငါက သူ့ကို လိမ်နေတယ်လို့ ထင်သွားခဲ့ရင်.. အတွေးနဲ့တောင် ငါ့လက်ချောင်းလေးတွေ တုန်ယင်လာတယ်။ ဒါက တကယ်ကြီး ဖြစ်ကို ဖြစ်လာမဲ့ ကိစ္စကြီး ဟုတ်တယ်။ ဒါက အနှေးနဲ့ အမြန် ဖြစ်လာမှာပဲ။ ငါ ဒါကို ရင်ဆိုင်ဖို့ နည်းလမ်း ရှာထားသင့်တယ်။

About of a Consoled FairyDove le storie prendono vita. Scoprilo ora