Part-21 S1 Final

1.9K 179 68
                                    

About of Consoled Fairy Part-21 (Season1-Final)
@@@@@@@@@@@@@@@@@@@@@@@@

ငါ လုနာကို တွေ့တော့ လုနာက ငါ့ကို ပြောလာတယ်။

“ကွန်ကရက်ကျူလေးရှင်းပါ၊ မင်း အောင်မြင်သွားပြီ”

“အင်း”

ငါ ပျင်းတွဲတွဲနဲ့ ဖြေပေးလိုက်တယ်။ ငါ ဒီတစ်ကြိမ် ငါ့တာဝန် ပြီးဆုံးတာက ပျော်ဖို့လည်း မကောင်းသလိုပဲ၊ ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားသလိုပဲ၊ ဒီဆယ်လဝန်းကျင်လေးနဲ့လေ။

“လုနာ ငါ့ကို တာဝန်ခဏနားပေးလို့ ရမလား၊ ငါ ဒီရက်တွေ ပင်ပန်းထားလို့”

လုနာက ငါပြောလိုက်တာကို လက်ခံလို့ တော်သေးတယ်။ ငါ့ကို အနားယူဖို့ ခွင့်ပြုပေးတယ်။ ငါ မိခင်သစ်ပင်ဆီ ခဏပြန်ရမယ် ထင်တယ်။ ငါ့တာဝန် ပြီးသွားပြီ ဆိုတော့ ငါ့ဆီကနေ နတ်ဘုရားအရှိန်အဝါနဲ့ အတောင်ပံလေးက ပြန်ပေါ်လာတယ်။ မပျံသန်းတာကြာပြီမို့ ငါ အလုပ်နေရာချထာပေးတဲ့ ဌာနနေရာနားတစ်ဝိုက်မှာ ကျေနပ်စွာ ပျံသန်းလိုက်မိတယ်။

ဒါပေမယ့် ခဏအကြာမှာ ငါ့အတောင်ပံလေးက ညိုးငယ်သွားတယ်။ အင်း ဟုတ်သားပဲ၊ ငါမှ စိတ်မပျော်တာကိုး၊ ငါ ဘယ်လိုပဲ ဟန်ဆောင်ပါစေ ငါ့အတောင်ပံလေးကတော့ အသေအချာကို သိနေတာပဲလေ။

ငါ အနည်းငယ် မှိုင်တွေနေပြီးမှ အလုပ်ဌာနနေရာကနေ ထွက်လာခဲ့တယ်။ ငါ ဒီမြို့လေးမှာ တာဝန်မှ မရှိတော့ပဲ၊ နောက်ထပ်တာဝန်က ဒီမြို့မှာပဲ ရှိပါ့မလား၊ အနည်းဆုံးတော့ ဒီမြို့လေးကို ငါ သေသေချာချာ ကြည့်ရှုသင့်ပါသေးတယ်။

အတွေးနဲ့အတူ အလုပ်ဌာနဘေးမှာ ရှိတဲ့ ပန်းဥယျာဉ်ရှိတဲ့ ခေါင်မိုးထပ်လေး ပါတဲ့ အိမ်ငယ်လေး အပေါ်ကနေ အပင်လေးတွေကို ရေလောင်းနေတဲ့ မိန်းမငယ်တစ်ဦးရှိနေတယ်။ ငါ ကျေနပ်စွာနဲ့ ပန်းပွင့်သေးသေးလေးတွေ ပွင့်အာလာစေတဲ့ အမှုန်တချို့ကို ဖန်တီးလိုက်ပြီးတော့မှ ပန်းပွင့်လေးတွေကို ပွင့်အာလာစေတယ်။ အဲ့ဒီမိန်းကလေးဟာ ပန်းပွင့်လေးတွေ ပွင့်လာတာကို ပျော်ရွှင်စွာနဲ့ အော်ဟစ်ပြီးတော့ ဓာတ်ပုံတွေ စတင်ရိုက်တော့တယ်။ အဲ့ဒီမိန်းကလေးရဲ့ ပျော်ရွှင်မှုဟာ ငါ့ဆီကို ကူးစက်လာပေမယ့် အချိန်ကာလက တိုတောင်းလွန်းလို့ သိပ်မကြာခင်မှာပဲ ငါက ပြန်လည်ပြီးတော့ မှိုင်တွေသွားမိတယ်။ ပန်းရနံ့တွေကို မကြိုက်တဲ့ တစ်စုံတစ်ယောက်အတွက် ငါ့ရဲ့ ပန်းပွင့်နိုင်စေတဲ့ စွမ်းရည်က အသုံးမဝင်နိုင်ဘူးလေ။

About of a Consoled FairyOnde histórias criam vida. Descubra agora