Season 2 (Part 17)

347 47 9
                                    

ZawGyi
Unicode
About of Consoled Fairy S2
Part-17

"နိုးလာရင် ထတော့ အိုဝင်တောင်ကို သွားမယ်.."
မနေ့က ပြောထားတာက အတည်လား..။ ဟင့်အင်း မယုံဘူး။ ဒါက အိပ်မက်ပဲ နေမယ်။

ငါက ဘာလို့ အိုဝင်တောင်ကို လူမသိသူမသိ သွားရမှာလဲ။ ငါ ပြန်အိပ်လိုက်ပြီးမှ ထလာရင် အခြေအနေက ပြောင်းချင် ပြောင်းသွားမှာ။
ငါ့မျက်လုံးတွေ ပြန်ပိတ်လိုက်တာနဲ့ ငါ့ကိုယ်လေးက စွေ့ခနဲ အပေါ်ကို ရောက်သွားတယ်။ ငါ မျက်လုံးပြန်ဖွင့်လိုက်တော့ လူးကပ်စ်က ငါလေးကို သယ်ထားတယ်။ သူ ဘာလုပ်မလို့လဲ..။ သူက ဘာဖြစ်ချင် သွားတာလဲ။

ဘာလို့ တစ်နေ့ တစ်နေ့ အခြေအနေတွေက ပြောင်းလဲနေရတာလဲ ငါလေး လိုက်မမီတော့ဘူး။ ဒီလိုမျိုး ငါလေးနဲ့ မသင့်တော်တာတွေ လုပ်ခိုင်းနေတာက လက်နက်နတ်ဘုရားမနဲ့တင် တော်တော် အခြေအနေဆိုးနေပြီလေ။ သူက ဘာဖြစ်ချင် နေရတာလဲ။

"ရေချိုးပြီး သက်တောင့် သက်တာရှိတာမျိုး ဝတ်သင့်တယ်။ မင်း ဆက်အိပ်ချင်သေးရင်တော့ အစ်ကိုတော် ကိုယ်တိုင် မင်းကို ရေချိုးပေးရတော့မှာပေါ့"

ဘုရား..။ သူ ဘာဖြစ်ချင်နေတာလဲ။ ငါလေး ချက်ချင်း သူ့လက်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်။
"ခဏပဲစောင့်.."
"ဒီအစ်ကိုတော်က မင်းကို စောင့်ပါတယ်။ ဒါမှမဟုတ် မင်းပျင်းနေမှာစိုးလို့ ရေချိုးပေးမလို့ပါ"
"ငါ.. ငါက အသက်ပြည့်ပြီးသား.."
"ဟုတ်လား။ အသက်ပြည့်ပြီးသားကလေးတွေက အပျင်းတစ်ကြတာလား"
နင် မပြုံးနဲ့။ နင်ပြုံးတာက ကြောက်စရာကောင်းပါတယ် ဆိုမှ။
ငါလေး ဘောက်ဆတ်ဆတ်နဲ့ ရေချိုးခန်းကို ဝင်လာတော့မှ အခန်းပြင်မှာ စောင့်နေကြတဲ့ ကိုယ်ရေး အရာရှိနတ်သမီးကို တွေ့လိုက်တယ်။ ငါလေးကို ပြုံးပြလာတော့ ငါလေး ပြန်ပြုံးပြလိုက်ပြီးမှ အနားက ရေချိုးခန်းထဲကို ပြေးဝင်လာခဲ့တယ်။
အိုဝင်တောင်ကို ငါလေးက ဘာသွားလုပ်ရမလဲ ဆိုတာကို ရေချိုးရင်းနဲ့ တွေးနေပေမဲ့ ငါလေး အဖြေမရခဲ့ဘူး။ ရေချိုးပြီးသွားတော့ နတ်သမီးနှစ်ပါးက အဆင်သင့် ပြင်ထားတဲ့ ဝတ်ရုံဖြူ ပါးပါးလျလျကို ဝတ်ဆင်လိုက်ရတယ်။ ဒါကြီးက တစ်မျိုးကြီးပဲ ဆိုရင်တောင်မှ ငါလေးက လိမ်မာတဲ့ နတ်ငယ်လေးလုပ်ဖို့ တွေးထားတယ်။
"မဆိုးပါဘူး မင်းနဲ့ လိုက်ဖက်သားပဲ.."
"ဒါကို ဘာလို့ ဝတ်ရမှာလဲ.."
"စိတ်ချရအောင်လို့.."
"ဘာလို့လဲ.."
"ငါ့ဝတ်ရုံလေ မင်းကို.. အိုဝင်တောင်ကို ခေါ်သွားမှာကို အကာအကွယ် တစ်ခုခု မပါပဲ ခေါ်သွားမယ်လို့များ မင်းထင်နေတာလား"
"အဲလိုတော့ မဟုတ်ပေမဲ့ ဝတ်ရုံ ဆိုတာက.."
"အလင်းနတ်ဘုရားရဲ့ ဝတ်ရုံမှာ အလင်းစစ်စွမ်းအင်တွေ လွှမ်းခြုံထားတယ်.. သွားမယ်"
"ဒီနေ့ ကျောင်းကရော်.."
ငါမေးလိုက်တော့ လူးကပ်စ်က ငါလေးကို ငုံ့ကြည့်လာတယ်။
"မင်းရဲ့ တစ်ပတ်ကုန်ဆုံးရက်ကို ဒီလိုနဲ့ မေ့ပစ်လိုက်တာလား။ အစ်ကိုတော်က မင်းအတွက် ပျော်စရာလေး ဖန်တီးပေးထားတာကို မင်းက ဒီလိုနဲ့ပဲ မသိချင်ယောင် ဆောင်လိုက်တော့မလို့လား"
အိုဝင်တောင်မှ ပျော်စရာ တစ်ခုခု လုပ်မယ်။ အဲဒီနေရာက ပျော်ပွဲစားထွက်ဖို့ နေရာတစ်ခု မဟုတ်ဘူး ဆိုတာတော့ ငါသိသေးတယ်လေ။
ပြီးတော့ လူးကပ်စ် ပြောတဲ့ ပျော်ရွှင်စရာ ဆိုတာက ဆန်းကျယ်လိုက်တာများ။ ပျော်တယ် ဆိုတာ ဘာမှန်းတောင် မသိတဲ့သူ ဆီကနေ ပျော်ရွှင်စရာ ဆိုတာကို ကြားရတာက ငါလေး အဆင်မပြေဘူးနော်။
"အစ်ကိုတော်က ပျော်စရာ ကောင်းတာ လုပ်ပေးမယ် ဆိုတာက.. ဘာလဲဟင်.."
"ရောက်ရင် မင်းပျော်သွားမှာပါ"
ငါတော့ မယုံဘူး။ မင်းပြောတဲ့ ပျော်စရာက ငါ့အတွက်တော့ ပြောင်းပြန် အချိုးကျမှာ သေချာတယ်။ လုံးဝပဲ။
"မဖြစ်နိုင်တာ.."
ငါ တိုးတိုးလေးတော့ အတွန့်တက်လိုက်မိတယ်။ လူးကပ်စ်က ပျော်ရွှင်နေတယ်လို့ ထင်ရတဲ့ အေးစက်မှု မပါတဲ့ လေသနဲ့ တည်ငြိမ်စွာ ပြောတယ်။
"ငါ မင်းရည်းစားနဲ့ အဲမှာ တွေ့ဖို့ ချိန်းဆိုထားပေးတယ်"
"ဇီရစ်ခ်ျ်နဲ့.. အိုဝင်တောင်မှာ တွေ့ဖို့.."
ငါ တအံ့တသြနဲ့ ပြန်မေးလိုက်တော့ လူးကပ်စ်က ခေါင်းညိတ်တယ်။ ဒါက သူ တမင်သက်သက် လုပ်တယ်လို့ ငါခံစားမိတယ်။ ဟုတ်တယ် မဟုတ်လားဟင်။
သူ တမင်လုပ်တာပါ ငါ့ကို လာမညာနဲ့။ လုံးဝပဲ။ ငါ့ကို ညာလို့ မရဘူး။
"အခုဆို သူ ရောက်နေရာပဲ ငါတို့ သွားမယ်လေ။ သူ့ကို အကြာကြီး မစောင့်ခိုင်းနဲ့.."
ဟား.. ဟား..။ နောက်ဆုံးတော့ မင်းက ငါ့ကို သေအောင် လုပ်တာ မဟုတ်ဘဲနဲ့ ဇီရစ်ခ်ျကို သေစေချင်နေတာကိုး..။ မင်းမှာ အဲလိုမျိုး နည်းလမ်း ရှိမယ်လို့ ငါလေး တောင်မှ မတွေးမိဘူး။
"သွားမယ်.."
လူးကပ်စ်က ငါလေးကို ခေါ်ပြီးတော့ အတောင်ပံကို ဖြန့်လိုက်တယ်။ အလင်းအရှိန်အဝါနဲ့ အတောင်ပံက ရွှေရောင်အလင်းတွေ လင်းလက်စွာနဲ့ ဖြစ်ပေါ်လာတယ်။
"ငါ သူနဲ့ မတွေ့ချင်လို့ ရလား"
ငါ့ကို သူက မသယ်လိုက်ခင်မှာ ငါ မေးဖြစ်အောင် မေးလိုက်ပါတယ်။
"မရဘူး.. ဒီအစ်ကိုတော်က မင်းကို စီစဉ်ထားပေးတာကို မင်း မငြင်းဆန် သင့်ဘူး"
မင်း သူ့ကို သေအောင် မသတ်လိုက်ဘူးဆိုတာ သေချာရဲ့လား။ မဖြစ်နိုင်တာ ငါတော့ မယုံဘူး။
"မင်း သူ့ကို ခက်ခဲခိုင်းမှာလား.."
"မခက်ခဲခိုင်းပါဘူး.."
လူးကပ်စ်က ငါလေးကို ပွေ့ချီလိုက်ပြီးတော့ ပြောတယ်။
"မင်း အတောင်ပံနဲ့ ဆိုရင် အိုဝင်တောင်ကို ရောက်ဖို့ ငါးညလောက် ကြာသွားမယ်။ ဒါကမှ သူ့ကို ခက်ခဲခိုင်းတာပဲ ငါတို့ မြန်မြန်သွားသင့်တယ်"
"အစ်ကိုတော်.."
ငါလေး အတတ်နိုင်ဆုံး ပြုံးလိုက်တယ်။ လူးကပ်စ်နဲ့ ရင်ဆိုင်တဲ့ အချိန်မှာ ပြုံးနေတာ အကောင်းဆုံးပဲ။ ငါဆိုးလိုက်တာနဲ့က အလင်းလုံးတွေကို ဖျက်ဆီးပစ်လိမ့်မယ်။
သိပ်မကြာခင်မှာပဲ ငါတို့ အိုဝင်တောင်ကို ရောက်လာတယ် ထင်တယ်။ အဲဒီ တောင်တစ်လုံးကိုပဲ လူးကပ်စ်က သုံးလေးပတ်လောက် ပျံဝဲနေတယ်။
"ရောက်ပြီလား.."
ငါ မနေနိုင်လို့ မေးလိုက်တော့မှ လူးကပ်စ်က ခေါင်းညိတ်တယ်။ ငါသာမမေးရင် သူ ဘယ်အထိ ပတ်ပျံနေမလဲ မသိဘူး။ အိုဝင်တောင်က ကြီးမားတဲ့ တောင်တန်းကြောကြီးတစ်ခုတော့ မဟုတ်ဘူး။
ဒါပေမဲ့ သူကလည်း ကြီးမားတယ်။ တောင်ထွတ်ပါတဲ့ တောင်တစ်ခု ဖြစ်တယ်။ တောင်တစ်ခုလုံးမှာ များပြားလှတဲ့ အရောင်စုံ စက်ကွင်းတွင်နဲ့ ကာရံထားတယ်။ အစိမ်းရောင် အနီရောင် အဝါရောင် ရောင်ပြေး အားလုံးသော စက်ကွင်း အကာအရံတွေက တောက်ပပြီးတော့ ရွေ့လျားနေကြတယ်။
လူးကပ်စ်က စက်ကွင်းထဲကို တစ်ရှိန်ထိုးဆင်းလိုက်တယ်။ ငါလေး စက်ကွင်းတွေနဲ့ ထိမိရင် ပေါက်ကွဲ သွားမလား မသိနိုင်တာမို့ လူးကပ်စ်ရဲ့ ပုခုံးကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိတယ်။
လူးကပ်စ်က မြေပြင် ရောက်ခါနီးမှာ ဆင်းသက်လိုက်တယ်။ ငါလေး ထိခိုက်မှု ရှိလား မရှိလားဆိုတာကို ကိုယ့်ဖာသာ စမ်းစစ်ပြီးမှ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိတယ်။
အာ.. အိုဝင်တောင်က တိတ်ဆိတ်နေတာပဲ။ ငှက်အသံ တစ်သံတောင်မှ မရှိဘူး ပြီးတော့ တကယ်လှတယ်။ ရောင်စုံ သက်တန့်တွေက နေရာအနှံ့ပဲ ပန်းပွင့်တွေကလည်း တစ်ပွင့်တည်းမှာကို အရောင်စုံ ရှိတယ်။
ပြီးတော့ သစ်ပင်တွေကလည်း တကယ်လှတယ်။ ဒီနေရာက တကယ့်ကို နတ်အဆင့်အတန်းကို စမ်းသပ်တဲ့ နေရာတစ်ခု ဟုတ်ရဲ့လား။ မသိရင် ပန်းဥယျာဉ်တစ်ခု ကျနေတာပဲ။ တကယ် လှတယ်။
ငါ့ကို လူးကပ်စ်က အောက်ကို ချပေးလိုက်တော့ ငါလေး ရောင်စုံ မှိုလေးဆီကို လက်လှမ်းလိုက်တယ်။ လူးကပ်စ်က ငါ့လက်ကို လှမ်းဆွဲပြီး ပြောတယ်။
"လျှောက်မကိုင်နဲ့ လိုချင်ရင် ပြော.. ဒီနေရာက ပစ္စည်းတွေ အားလုံးက နတ်စွမ်းအား မြင့်ပြီးတော့ သာမန်နတ်စွမ်းအားကို ဖိနှိပ်ထားနိုင်တယ်.. မင်းကို ထိခိုက်သွားမယ်.."
ဟုတ်သားပဲ။ ဒီနေရာက အိုဝင်တောင်ပဲ။ ငါလေး အလှတရားမှာ နှစ်မျောပြီး အသက်အန္တရာယ်ကို မေ့သွားတယ်။ ငါလေး အလိုလျှောက် အနောက်ဆုတ်လိုက်မိတယ်။
"မင်းသားကို ဂါရဝပြုပါတယ်.."
အသံ ကြည်ကြည် တစ်ချက်ကို ကြားလိုက်ရတော့ ငါလေး အနောက်ကို လှည့်ကြည့်လိုက်မိတယ်။
ဇီရစ်ခ်ျက အပြာရောင်ဖျော့ဖျော့ တောင်ပံတွေကို ဖြန့်ထားပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ သူ့မျက်နှာမှာ တစ်ဖက်တည်း မျက်မှန်ပါပြီးတော့ ချိန်းကြိုးသေးသေးလေးက နားထင်နားမှာ တွဲလဲခါနေတယ်။ မြင်ကွင်းက လိုက်ဖက်ညီလိုက်တာ။
"မင်းတို့ နှစ်ယောက်ကို တစ်လမှာ တစ်ကြိမ် တွေ့ဆုံခွင့် ပေးမယ်လို့ ပြောထားတယ်။ မဟုတ်လား။ မင်းတို့ကို ဒီမှာ ဆုံကြဖို့ ငါ စီစဉ်ပေးထားတာပဲ"
အဟွတ်..။ အဲလိုမျိုး တည့်တိုးကြီး မပြောလိုက်နဲ့လေ။ အနည်းဆုံးတော့ ငါလေးက မိန်းကလေးမဟုတ်လား။ ရှက်စရာကြီးကို..။
"ငါ့မျက်စိရှေ့မှာပဲ.."
အဲဒီစကားကို ပြောလိုက်ပြီးတော့ လူးကပ်စ်က ထိုင်ခုံတစ်ခုကို ဖန်တီးလိုက်ပြီးနောက် စာအုပ်တစ်အုပ်ကို ဖွင့်လိုက်ပြီး အနောက်ကို ကျောမှီလိုက်တယ်။
မင်းက အဲဒီပုံစံနဲ့ အတွဲချောင်းတာလား။ ဒါမှမဟုတ် အတွဲထိန်းတာလား။ ငါလည်း ချိန်းတွေ့ချင်တယ်လို့ တစ်ခါမှ မတောင်းဆိုဖူးပဲနဲ့.. မင်း ဘာလုပ်နေတယ်လို့ ထင်လဲဟင်။
Unicode
About of Consoled Fairy S2
Part-17
မနက်လင်းတာနဲ့ ငါလေး မျက်လုံးဖွင့်လိုက်တော့ ငါအိပ်နေတဲ့ ပန်းမွေ့ရာပေါ်မှာ လက်ထောက်ပြီးတော့ လူးကပ်စ်က ပြုံးနေတယ်။ နင် မပြုံးပါနဲ့ဆို နင်ပြုံးတာက ကြောက်စရာလေးပါဆို။

About of a Consoled FairyHikayelerin yaşadığı yer. Şimdi keşfedin