Season 2 (Part 11)

159 32 1
                                    

ZawGyi
About of Consoled Fairy S2

Part-11

ဘယ္လိုပဲ ပြောပြော ငါလေးက လိမ်မာတဲ့ညီမလေးလေ။ ခေါင်းပဲ ညိတ်ပြလိုက်တယ်။ သူနဲ့ ငြင်းခုန်တာက ကောင်းတာ မဟုတ်မှန်း ငါလေး ကောင်းကောင်း နားလည်သေးတယ်။ ကောင်းကောင်းလေး ပြုံးပြမယ်။ ပြီးရင် ခေါင်းညိတ်ပြမယ်။ ဒါလောက်ကတော့ ငါလေး ကျွမ်းကျင်ပါသေးတယ်။

ငါလေး နတ်သမီးတွေကို အားနာစွာနဲ့ တစ်ချက် ကြည့်လိုက်ပြီးမှ ပန်းပွင့်တွေ ပန်းဖတ်တွေ ပြီးတော့ ကျောက်မျက်တွေနဲ့ ကိုယ္စီ အလုပ်ခုံလေးတွေမှာ လုပ်နေကြတဲ့ နတ်သူငယ်လေးတွေကို ကြည့်လိုက်မိတယ်။ နတ်သူငယ်လေးတွေက စိတ်ပါဝင်စားစွာနဲ့ လက်ဝတ်ရတနာတွေကို လုပ်နေကြတယ်။

နားဆြဲ၊ နားကပ်၊ လက်ဝတ်ကောက်၊ အားလုံးသော လက်ဝတ်ရတနာတွေက ဒီနေရာကနေ နေရာအနှံ့ကို ရောက်ရှိနေတာပဲ။ ထူးခြားဆန်းကျယ်တဲ့ လက်ဝတ်ရတနာတွေတောင် ပါသေးတယ်။ တကယ်ဆိုရင် ဒီလို နေရာမျိုးကမှ ငါလေးနဲ့ သင့်တော်တာ မဟုတ္လား။

ဇီချန်းနတ်မင်းက ငါလေးအနားကို တိုးကပ်လာပြီးတော့ တီးတိုးပြောတယ်။

ဒါရဲ့ အရင်ပိုင်ရှင်က ဘယ်သူလို့ မင်းထင်လဲ

ငါလေး မဆိုင်းမတွ ဖြေလိုက်မိတယ်။ အစ္ကိုမရွိမွေတာ့ ဒီနေရာကို ညီက ပိုင်ဆိုင်တာ ဖြစ်သင့်တယ် မဟုတ္လား။

ဇော့ခ်နတ်မင်းလား..

ချန်းနတ်မင်းက ငါလေးကို စိတ်ပျက်သွားပုံရတယ်။ သူက ငါလေးကို စိတ်ပျက်ဟန်နဲ့ ကြည့်လာပြီး မေးတယ်။

မင်းတွေးကြည့် မြင့်မြတ်တော်ဝင်ရဲ့ အကြီးဆုံးအုပ်ချုပ်သူ နတ်မင်းက ဒီလို လက်ဝတ်ရတနာတွေ ကြားမှာ ပျော်မြူးနေပါ့မလား

တွေးကြည့်လိုက်ရင် ဒါကလည်း ဖြစ်နိုင်တာမို့ ငါလေး ခေါင်းအသာ ညိတ်ပြလိုက်မိတယ်။

ဒါဆို ဘယ်သူလဲ..

အရင်က ဒီနေရာရဲ့ ပိုင်ရှင်က အလွနတ္ဘုရားမပဲ

အို.. ဒါက ဒါဆိုရင် ငါ့အေမ ဆိုတဲ့ အမျိုးသမီးက ပိုင်တာပေါ့။ ဒါက ဒီလိုဆိုရင် ချန်းနတ်မင်း ငါ့ကို ဒီကို ခေါ်လာတဲ့ အဓိပ္ပာယ်ကို ငါလေး တွေးလိုက်မိတယ်။ ဒါက သိသာလွန်းလို့ ငါတောင် အားနာသွားတယ်။

About of a Consoled FairyWhere stories live. Discover now