About of a Consoled fairy Part-17
@@@@@@@@@@@@@@@@@
ငါလေးရဲ့ အချိန်တွေဟာ အဲရစ်လူကာ ချပေးထားတဲ့ ဇယားအတိုင်းပဲ၊ မနက်ကျရင် အဲရစ်လူကာက ငါ့ကို လာနိုးတယ်၊ ဘာမှမဆိုင်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်အောင် ဆိုတဲ့ အရေးမပါတဲ့ အကြောင်းပြချက်နဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ကို အေးစက်စက် မျက်နှာနဲ့ ခိုင်းစေတယ်။ ငါလေး သူ့ကို ငါလေးက ဘယ်လိုနည်းနဲ့မှ မကြီးထွားမသန်မာလာနိုင်ဘူး ဆိုတာ ပြောပြချင်ပေမယ့်လည်း နောက်ဆုံးမှာတော့ အမြဲတမ်း မျိုချလိုက်ရတာပါပဲ၊
လေ့ကျင့်ခန်းလုပ်ပြီးသွားပြီ ဆိုရင်တော့ ငါလေးက လိမ်မာတဲ့ ညီမလေးအထာနဲ့ အစ်ကိုကြီးစားဖို့ သောက်ဖို့ကို မီးဖိုခန်းထဲမှာ တာဝန်ယူရတယ်။ တာဝန်ယူရတယ်သာ ပြောတာပါ၊ တကယ်တမ်း ငါလေး လုပ်ရတာက လက်လေး တစ်ချက်လောက် ဝှေ့ယမ်း လိုက်ရုံတင်လေးပါပဲ၊
အဲ့ဒါကလည်း နောက်ဆုံးမှာ အဲရစ်လူကာကြီးက ချန်းနတ်ဘုရားရဲ့ ကြိုးနီလေး အစွမ်းနဲ့ ဘာကျွေးကျွေး စားသောက်နေတာပါပဲ၊ အခုတော့ဖြင့် စာဖိုးဆောင်က မပြောနဲ့ စံအိမ်တစ်ခုလုံးက ဝန်ထမ်းတွေက ငါလေးကို ပြားပြားဝတ်နေကြပြီ။ မျက်လုံးချင်းတောင် မဆုံရဲကြတော့ဘူး။
ယောကျာ်းလေးဆို ပိုဆိုးတယ်။ ငါလေးကို ပေတရာကွင်းအလား သတ်မှတ်ပြီးတော့ လှမ်းမြင်လိုက်တာနဲ့ အတော်ဝေးဝေးကနေ ရှောင်ကွင်းသွားကြတယ်။ မသိရင် အပုပ်ကောင်ကြီး အနံတလောင်းလောင်းနဲ့မို့ ရှောင်နေသလားတောင် မှတ်ရသေး၊
စံအိမ်တော်ရဲ့ အသစ်တိုးလိုက်တဲ့ စည်းကမ်းတွေကို မသိခင်ကတော့ ငါလေးလည်း ဘာကြောင့် ဆိုတာကို အူလည်လည်နဲ့ အဲ့လူတွေနောက်ကို လိုက်မိသေးတယ်။ သူတို့များ ကြောက်လန့်တကြားနဲ့ ပြေးတာ ငါလေးတောင် ပြေးမလိုက်နိုင်တော့တဲ့အထိ၊ နောက်ဆုံးမှာတော့ ဇီဒန်နတ်ဘုရားက ငါလေးဆီကို အသစ်တိုးလိုက်တဲ့ အံ့သြဖွယ် စည်းကမ်းချက်တွေ ရေးထားတဲ့ စာရွက်ကို ယူလာပြတယ်။
မနက်စာစားခြင်း အစီအစဉ်ပြီးရင်တော့ ငါလေးက အဲရစ်လူကာနဲ့အတူတူ ကျောင်းသွားဖို့ ကားပေါ်ကို လိုက်ပါလာရတယ်။ ကားပေါ်ကို ဆိုတာက အဲရစ်လူကာရဲ့ အရှေ့တည့်တည့်မှာ ငြိမ်သက်စွာ ထိုင်နေခြင်းနဲ့ အလုပ်အကျွေးပြုခြင်း တစ်မျိုးပဲ၊ တော်သေးတာက မအားမလပ်နိုင်တဲ့ အဲရစ်လူကာကြီးက ငါလေးကို အသည်းအသန် ပြူးပြဲပြီးတော့ ကြည့်မနေနိုင်ပဲနဲ့ သူဟာလည်းပဲ သူ့ရဲ့ တစ်နေ့တာ တာဝန်အချိန်ဇယားကို စစ်ဆေးလေ့ ရှိတယ်။