Season 2 (Part 4)

207 39 2
                                    

ZawGyi
About of Consoled Fairy S2
Part-4
ငါေလး ဒီေသာက္က်ိဳးနဲ လူးကပ္စ္နတ္မင္းရဲ႕ ညီမေလး မျဖစ္ခ်င္ဘူး။ ငါထင္တာ အဲရစ္လူကာဘဝတုန္းကပဲ လူသားမို႔ အသိဉာဏ္လိုအပ္ခ်က္ ႐ွိတယ္ ထင္ေနတာ။ အခုက မဟုတ္ဘူးဘဲ။ သူက နဂိုကို က်ပ္မျပည့္တာပါလား။
"သခင္ တစ္ခုခု မွားေနတယ္ ထင္တယ္ေနာ္.."
"အစ္ကိုေတာ္လို႔ေခၚ.."
ဘာ..။ ဒီအေကာင္..။
"သခင္.. ဒါက မသင့္ေတာ္ပါဘူး.."
"အင္း.. ခမည္းေတာ္မွာ မင္းလို သမီးတစ္ေယာက္ မ႐ွိခဲ့ဘူးလို႔ ထင္ခဲ့တာပဲ။ ငါမင္းကို ေစာေစာ ႐ွာမေတြ႕ခဲ့ဘူး"
"ကြၽန္မက ဘယ္လိုလုပ္ၿပီးေတာ့ ျမင့္ျမတ္ေတာ္ဝင္က နတ္မင္းတစ္ပါးရဲ႕ သမီးျဖစ္ႏိုင္မွာလဲ။ ဒါႀကီးက စိတ္ကူးယဥ္ဆန္လြန္းတယ္"
ငါေလး ႐ွင္းျပဖို႔အတြက္ ႀကိဳးစားလိုက္မိတယ္။ ငါ့အထင္ ဒါႀကီးက ျပဳတ္က်လာတဲ့ ကိတ္မုန္႔ႀကီးမဟုတ္ဘူးေနာ္။ ဒါႀကီးက အဆိပ္လူးထားတဲ့ ကိတ္မုန္႔ႀကီး။
"ျမင့္ျမတ္ေတာ္ဝင္မွာက စိတ္ကူးယဥ္တာထက္ ပိုဆန္းက်ယ္တာေတြ ျဖစ္ေနက်ပဲေလ။ ဒါက မထူးဆန္းပါဘူး"
သူ႕ဦးေႏွာက္ကို ဘယ္သူ ယူသြားတာလဲ!!။ ယူသြားရင္လည္း ျပန္လာေပးပါဟာ။ ငါေလး အရမ္းဒုကၡေရာက္လြန္းလို႔ပါ။
"ကြၽန္မက ဒီအတိုင္း မိခင္သစ္ပင္က သစ္သီးကေန ေမြးဖြားလာတဲ့ နတ္ငယ္ေလး တစ္ပါးပါ သခင္.."
"ငါသိတယ္ေလ။ ဒါေပမဲ့ မင္းက ေဇာ့ခ္နတ္မင္းရဲ႕ သမီးပဲ"
ဒီ တစ္ယူသန္ေကာင္ကေတာ့။ မဟုတ္ဘူး။ မဟုတ္ဘူး..။ မဟုတ္ပါဘူး ဆိုမွ..။
"ေဇာ့ခ္နတ္မင္းက ယူေရ႕နတ္မင္းရဲ႕ အကာအကြယ္အလႊာကို ဖန္တီးႏိုင္တယ္ ဆိုေပမဲ့ ယူေရ႕နတ္မင္းရဲ႕ အကာအကြယ္အလႊာေတြ က်န္ေနတာ ႐ွိႏိုင္ေသးတယ္ မဟုတ္လား။ တစ္ေယာက္ေယာက္က အဲဒါကို သုံးၿပီးေတာ့.."
ငါေလး သူ႕ကို အရိပ္အႁမြတ္ ေျပာျပလိုက္တယ္။ မဟုတ္ရင္ မေထြးႏိုင္ မအန္ႏိုင္ ျဖစ္ေနမွာ စိုးရတယ္။ ဒါကို ဇီယုနတ္မင္းကေန အသုံးျပဳခဲ့တာေလ။ ေဇာခ့္နတ္မင္းက ယူသုံးခဲ့တာမွ မဟုတ္ဘဲ။
လူးကပ္စ္က အတန္ၾကာ ၿငိမ္သက္သြားတယ္။ မ်က္ေတာင္ဖ်ားေတြကို ေမွးစင္းလိုက္ၿပီးေတာ့ အတန္ၾကာ ေတြးေတာေနတယ္။ ေနာက္ေတာ့ မ်က္လုံးေတြကို ျဖတ္ခနဲ ပြင့္လာတယ္။ ငါ့ကို တည့္တည့္ ၾကည့္လာတယ္။
သူ.. သူ အေျဖရသြားၿပီ ထင္တယ္။ သူ သိသြားေလာက္ၿပီ။ သူက အနည္းဆုံးေတာ့ ျမင့္ျမတ္ေတာ္ဝင္က နတ္ဘုရားတစ္ပါးပဲေလ။ အေသအခ်ာကို အေျဖထုတ္ႏိုင္မွာပါ ဟုတ္တယ္ မဟုတ္လား။
"အာ.. ငါ သတိရၿပီ"
ငါေလး ေခါင္း တဆတ္ဆတ္ ညိတ္လိုက္မိတယ္။ ေတြ႕လား။ သူ သိသြားၿပီ။ သူ သိသြားၿပီ။ ငါေလး သူ႕ညီမ မလုပ္ရေတာ့ဘူး။ အဲဒါအျပင္ ကံေကာင္းရင္ေတာင္မွ ျမင့္ျမတ္ေတာ္ဝင္က အသက္႐ွိသူေတြ မေနႏိုင္ဘူးလို႔ ထင္ရတဲ့ ဒီနန္းေဆာင္အစုတ္ကေန ထြက္သြားလို႔ ရႏိုင္ရင္ ရႏိုင္မယ္။
"ဇီယုနတ္မင္းဆီမွာ ယူေရ႕အကာအကြယ္ အလႊာတစ္ခု ႐ွိတယ္.."
ငါ ထပ္ၿပီးေတာ့ ေခါင္းညိတ္လိုက္တယ္။ ဆတ္ခါ ဆတ္ခါ ညိတ္ေနခ်င္လိုက္တာ။ သူ သိသြားၿပီ။
"ဒါေပမဲ့ သူက အဲဒါကို သုံးၿပီးၿပီေလ။ ၿပီးေတာ့ သူက သုံးမယ္ ဆိုရင္ေတာင္မွ မွတ္ဉာဏ္ရည္ကို ရဖို႔ သုံးပါ့မလား။ သူက ႐ူးေနတာမွ မဟုတ္တာ.."
ဘာ!!..။ သုံးတယ္။ သုံးတယ္။ သူသုံးလိုက္တယ္လို႔..။ ငါ့ ပါးစပ္ကေန ထုတ္ေျပာခ်င္လိုက္တာမွ တဲ့တဲ့ေလး လိုေတာ့တယ္။ နတ္ျဖစ္ရတာ မလြယ္ဘူး။ လုံးဝ မလြယ္ဘူး။ ငါေလး ေျမျပင္ေပၚမွာ လူးလိမ့္ၿပီး ငိုခ်င္လိုက္တာ။
"ဒါဆို သခင္က ဘာလို႔ သူ႕ကို ေခၚမေမးတာလဲ"
လူးကပ္စ္က ေအးေဆး တည္ၿငိမ္ေနဆဲ ျဖစ္မယ္။ ဒါေပမဲ့ ငါ့ဆီကို အၾကည့္ ပို႔လိုက္ေတာ့ ငါေလး တုန္သြားတယ္။ ေတာ္ၿပီ သူ႕ကို ေမးခြန္းေတြ ေမးတာကို ဆင္ျခင္ေတာ့မယ္။
"ငါက ဘာလို႔ သူ႕ကို ေခၚေမးရမွာလဲ။ မေမးဘဲနဲ႔ အေျဖရ ႐ွိေနၿပီးသားကို။ ခမည္းေတာ္က အၿမဲတမ္း ကိစၥေတြကို လြဲေခ်ာ္ေစတယ္။ မင္းကို ေမြးဖြားဖို႔ ဆုေတာင္းမွာ တစ္ခုခု လိုခဲ့တယ္ ထင္တယ္။ မင္းက ဘာလို႔ တုံးအေနတာလဲ။ ခမည္းေတာ္ရဲ႕ ဉာဏ္ရည္တစ္စေတာင္ မင္းမရသလိုဘဲ"
မင္းအေဖက ငါ့အေဖမွ မဟုတ္တာ။ ငါက ဘယ္လိုလုပ္ သူ႕မွတ္ဉာဏ္ကို ရရမွာလဲ။ ၿပီးေတာ့ တုံးအတာက ငါမဟုတ္ဘူး။ မင္း..။ မင္းကမွ တုံးအတာ။ ငါေလး ကူကယ္ရာမဲ့စြာ ရယ္ျပလိုက္မိတယ္။
"ဒါေပမဲ့ ကိစၥမ႐ွိပါဘူး။ ငါမင္းကို ငါ့ညီမအျဖစ္ အသိအမွတ္ျပဳတယ္"
မင္းဟာ..။ မင္း ဘယ္ကတည္းက ညီမ လိုခ်င္ေနတာလဲဟင္။ ငါေလးကို လူသားဘဝမွာတုန္းကလည္း အတင္းအက်ပ္ ညီမေတာ္ၿပီးၿပီေလ။ အခုက်ေတာ့လည္း ထပ္ၿပီးေတာ့ ညီမလို႔ သတ္မွတ္ျပန္ၿပီ။
"ျငင္းလို႔ ရလား"
ဒါက ေနာက္ဆုံးေမးခြန္းပဲ။ ဒါၿပီးရင္ င့ါမွာ ေျပာဖို႔ ဘာမွမ႐ွိေတာ့ဘူး။ ငါ ေမးလိုက္ေတာ့ လူးကပ္စ္ႀကီးက ေယာင္ေယာင္ေလး ျပဳံးလိုက္တယ္။ ျပဳံးလိုက္တယ္ ဆိုတာကို ေသခ်ာသာ စိုက္မၾကည့္ေနရင္ လုံးဝ မသိႏိုင္ေအာင္ ႏႈတ္ခမ္းသားေတြက အသာေလး လႈပ္႐ွားသြားတာ ျဖစ္တယ္။
သူက သလြန္ကို မွီခ်လိုက္ၿပီးေတာ့ သလြန္အစြန္းနားကို လက္ေထာက္လိုက္ၿပီးေတာ့ ထရပ္လိုက္တယ္။ ငါ့အနားကို တစ္လွမ္းခ်င္း တိုးလာတယ္။ သူ တစ္လွမ္းလွမ္းလိုက္တိုင္း သူ႕ဝတ္႐ုံေအာက္အဖ်ားေတြက ျဖည္းျဖည္းေလး ေ႐ြ႕လ်ားေနတယ္။
သူက လွမ္းလာေတာ့ ငါက ေနာက္ဆုတ္ဖို႔ ႀကိဳးစားမိတယ္။ ဒါေပမဲ့ ဖိအားတစ္ခုခုက ငါ့ကို တားဆီးထားတယ္။ အဲဒါနဲ႔ပဲ မတတ္ႏိုင္ပဲ သူလာေနတာကို ၾကည့္ေနလိုက္ရတယ္။ ဝတ္႐ုံေအာက္ဖ်ားက ေအာက္ၾကမ္းခင္းမွာ ပုံက်ေနတာ ေခ်ာ္လဲပါေစ။
ဒါေပမဲ့ ငါ့ဆႏၵေလးက မျပည့္ပါဘူး။ သူက ငါ့အနားကို ေရာက္လာတယ္။ သူက ခါးကို ျဖည္းျဖည္းေလး ကိုင္းၫႊတ္လိုက္တယ္။ ငါ့မ်က္ႏွာအနား နီးလာတဲ့အထိ ကိုင္းၫႊတ္လာၿပီးေတာ့ သူက တစ္လုံးခ်င္း ေအးေအးေဆးေဆး ေမးတယ္။
"မင္းက ျငင္းခ်င္လို႔လား.."
အသံမွာ ေခ်ာ့ျမဴေနသလို ပုံစံမ်ိဳးနဲ႔ တူတယ္။ ဒါေပမဲ့ ဖိအားတခ်ိဳ႕တေလကေတာ့ ကပ္ပါလာၿပီးသားပဲ။ ငါေလး ေခါင္းညိတ္လိုက္တယ္။ ေခါင္းညိတ္တာမွ မရပ္မအားကို ညိတ္လိုက္တာ ျဖစ္တယ္။
"မရဘူး"
အသံျပတ္နဲ႔ ေျပာတယ္။ ေျပာၿပီးတာနဲ႔ ခ်ာခနဲ လွည့္ထြက္သြားၿပီးေတာ့ သလြန္ေပၚမွာ လဲေလ်ာင္းလိုက္ျပန္တယ္။ ဒီတစ္ႀကိမ္ကေတာ့ သူ႕လက္ေတြကို သူက မွီထားၿပီးေတာ့ ငါ့ကို ေလွာင္ခ်င္ေနတဲ့ မ်က္ႏွာနဲ႔ ၾကည့္ေနတာ ျဖစ္တယ္။
မရတာကို ဘာလို႔ အစတည္းက လာေမးေနေသးလဲ။ မရရင္ အစတည္းက မရဘူးလို႔ ျငင္းလိုက္ပါလား။ ဘာလို႔ စိတ္ေပ်ာ္ေအာင္လို႔ ေမးခြန္းက ေမးလာေသးတာလဲ။ ငါ စိတ္တိုသြားတဲ့ ပုံကို လူးကပ္စ္က ေသေသခ်ာခ်ာ စိုက္ၾကည့္ေနတယ္။
"ငါ့မွာ ညီမေလး ႐ွိတာကို ေစာေစာတည္းက သိသင့္တယ္။ ညီမေလး ႐ွိတာ ခံစားလို႔ ေကာင္းသားပဲ"
အဟင္း..။ ဘယ္ေနရာမွာ ေကာင္းလို႔လဲ။ ဘာက ေကာင္းေနလို႔လဲ..။ ငါ့စိတ္ထဲမွာ ေမးခြန္းေတြ တက္လာျပန္တယ္။ ဒါေပမဲ့ လည္ပင္းနားမွာပဲ ငါေလး မ်ိဳခ်ပစ္လိုက္တယ္။ မေမးေတာ့ဘူး။ ငါယုံတယ္။ ေမးလိုက္လို႔ ေကာင္းတာ တစ္ခုမွ ျဖစ္လာမွာ မဟုတ္ဘူး။
"အႏိုင္က်င့္လို႔ ရတယ္.."
ဘာ..။ ဒီေတာ့ ငါ့ကို ဒီအသက္မဲ့ေနတဲ့ နန္းေဆာင္ႀကီးထဲ ေခၚလာတာက အႏိုင္က်င့္ခ်င္လို႔ေပ့ါ ဟုတ္လား။ ေသလိုက္ေလ ေသလိုက္..။ ငါ ျပန္မယ္။ အခုခ်က္ခ်င္း ျပန္မယ္။ ဒီမွာ မေနဘူး။
ငါ ေတြးလိုက္တာနဲ႔ ခ်က္ခ်င္းပဲ လႈပ္႐ွားလိုက္တယ္။ ခ်က္ခ်င္းပဲ နန္းေဆာင္တံခါးဆီကို ေျပးသြားတာ ျဖစ္တယ္။ ဒါေပမဲ့ နန္းေဆာင္ပတ္ပတ္လည္မွာ ရစ္သိုင္းေနတဲ့ တိမ္တိုက္ျဖဴျဖဴ ေတြနဲ႔ ေတြ႕ေတာ့ ငါ့ကိုယ္ေလးက အထဲကို တြန္းပစ္ျခင္းကို ခံလိုက္ရတယ္။
ငါေလး အညႇာအတာမဲ့စြာနဲ႔ သူ႕အေ႐ွ႕မွာ ပက္လက္လွန္ က်သြားတယ္။ သူက သလြန္ေပၚမွာ မ်က္လုံးမွိတ္ထားရာကေန ငါေလး လဲက်သြားတာကို ၾကည့္တယ္။
ၿပီးေတာ့ မထိန္းႏိုင္ဟန္နဲ႔ ရယ္ေမာလိုက္တယ္။ အလြန္အမင္း သေဘာက်ေနတဲ့ သူ႕မ်က္ႏွာက ေအးစက္ျခင္းေတြ လြင့္ပါးသြားတယ္။
"ဟား ဟား ဟား.. ငါ့ညီမက တကယ္ကို တုံးအတာလဲ။ ဒီေနရာကို ပိတ္ေလွာင္ျခင္း နန္းေဆာင္လို႔ ေခၚတယ္။ ပိတ္ေလွာင္ျခင္း နန္းေဆာင္.. ဘယ္သူကမွ ဝင္လို႔ မရသလို ဘယ္သူကမွလည္း ထြက္လို႔ မရဘူး.."
"အဲဒါကို မင္းကေရာ!.."
ငါ သည္းမခံႏိုင္ေတာ့ပဲနဲ႔ ေအာ္ေျပာလိုက္တယ္။ သူက အနည္းငယ္ အံ့အားသင့္သြားေပမဲ့ ျပဳံးေနဆဲ ျဖစ္တယ္။
"ညီမေတြက ပုန္ကန္တတ္တယ္ဆိုတာ ငါၾကားဖူးတယ္။ ၾကည့္ရတာ အဲဒါက မွန္တဲ့ပုံပဲ။ ငါ့ကို ဘယ္သူကမွ အခုလို မေအာ္ဖူးဘူး။ ငါ့ဦးေလးကေတာင္ ငါ့ကို အဲလို မေအာ္ဘူး"
အခုမွ ငါေလးလည္း လူးကပ္စ္နတ္မင္း ဆိုတာကို သတိတရ ျဖစ္သြားတယ္။ ငါ ဘာလို႔ သူ႕ကို ေအာ္လိုက္မိတာလဲ။ ဒါက သိပ္ၿပီးေတာ့ အသက္ေဘးနဲ႔ နီးလြန္းတယ္။ ေနးလ္နတ္မင္းနဲ႔ လူးကပ္စ္နတ္မင္း မတည့္ၾကတာကို နတ္ေတြတိုင္း သိတယ္။ ဒါေပမဲ့ ေနးလ္နတ္မင္းကေတာင္မွ လူးကပ္စ္နတ္မင္းကို သိသိသာသာႀကီး ကလန္ကဆန္ လုပ္ေလ့ မ႐ွိဘူး။
"ဇီဒန္ ငါ့ကို ညီမေတြကို ျပဳစုပ်ိဳးေထာင္တဲ့ နည္းလမ္း စာအုပ္ေတြ ႐ွာေပးပါ။ ငါ့ညီမက ေတာ္လွန္ပုန္ကန္တတ္တယ္။ ေပ်ာ္စရာပဲ။ သူငါ့ကို ေၾကာက္မေနဘူး။ ငါ့မွာ သူ႕ကို ျပဳစု ပ်ိဳးေထာင္ဖို႔ အလုပ္႐ွိသြားၿပီ"
သူက သူ႕လက္ေပၚမွာ အလင္းလုံးေလးကို ျဖစ္ေစၿပီး အမိန္႔တစ္ခုကို အလင္းလုံးေလးနဲ႔ နန္းေဆာင္အျပင္ကို ပို႔ေပးလိုက္တယ္။ သူက သလြန္ထက္မွာ ထိုင္ေနရင္းက ငါ့ကို အနားကို ေရာက္လာေအာင္ အလင္းမႈန္ေတြနဲ႔ သိုင္းရစ္ၿပီး ဆြဲေခၚလိုက္တယ္။
သူက သလြန္ေပၚမွာ ငါက သလြန္ေအာက္မွာ။ အေနအထားက သူ႕ကို ေမာ့ၾကည့္ေနရတဲ့ အေနအထားမ်ိဳးနဲ႔။ သူကေတာ့ ငါ့ကို အေသအခ်ာကို အကဲခတ္ ၾကည့္ေနတယ္။ သူ႕အ႐ွိန္အဝါ ဖိအားေအာက္မွာ ငါေလးက အသက္ေတာင္ မနည္း႐ႈေနတယ္။
"မင္း အသက္ ဘယ္ေလာက္ ႐ွိၿပီလဲ"
ထပ္ၿပီးေတာ့ အသက္ကို ေမးေနတာလဲ။ သူက ဘာလို႔ ဒီလိုမ်ိဳး တစ္ဖက္သားရဲ႕ အသက္ကို ေမးရတာ ႀကိဳက္ေနရတာလဲ။
"ႏွစ္ရာခုႏွစ္ဆယ့္ေျခာက္ႏွစ္ ႐ွိပါၿပီ။ ေ႐ွ႕ႏွစ္လ ဆိုရင္ ႏွစ္ရာခုႏွစ္ဆယ့္ခုႏွစ္ႏွစ္ ႐ွိပါၿပီ"
လူးကပ္စ္က ေခါင္းညိတ္တယ္။ ၿပီးေနာက္ေတာ့ သူက သူ႕ဖာသာ ေတြးရင္းကေန အေနအထားကို သတိထားမိသြားတဲ့ ပုံေပၚတယ္။
သလြန္ကို လက္နဲ႔ ေဝွ႔ယမ္းလိုက္တယ္။ သလြန္က ေနရာက်ယ္ျပန္႔သြားတယ္။ လူးကပ္စ္က ငါေလးကို ထူမတ္လိုက္ၿပီးေတာ့ သလြန္ေပၚမွာ ထိုင္ေစတယ္။ အခုက်ေတာ့ ငါေလးက သလြန္ေဘးမွာ ထိုင္လ်က္သားေလး ျဖစ္ေနတယ္။
"အလင္းႏွင္တံက ခမည္းေတာ္ မသြားလိုက္ခင္ ညက ငါ့ဆီကို လာေပးခဲ့တာ။ ငါ တစ္ႀကိမ္ပဲ ထုတ္ၾကည့္ခဲ့တယ္။ ေနာက္ထပ္တစ္ႀကိမ္ေတာင္မွ မထုတ္ၾကည့္ခဲ့ဘူး။ အခုက်ေတာ့ မင္းဆီကို ေရာက္ေနတယ္။ ဒါက ခမည္းေတာ္ရဲ႕အစီအမံ ျဖစ္မယ္.."
ေသလိုက္ပါလားေနာ္။ ဒါႀကီးကို မင္း ကိုယ္တိုင္ ေပးခဲ့တာလို႔..။
"ခမည္းေတာ္ ဘယ္သြားလဲ ဆိုတာ ငါမသိဘူး။ ငါ လိုက္႐ွာဖို႔အထိလည္း ဆႏၵမ႐ွိဘူး။ သူ ပုန္းေနတယ္ ဆိုမွေတာ့ လုံေအာင္ ပုန္းေနပါေစ။ အခ်ိန္တန္ရင္ သူ ထြက္လာရမွာပဲ"
ဒီ ျမင့္ျမတ္ေတာ္ဝင္က ကိစၥေတြက ငါနဲ႔မွ မဆိုင္ပဲ။ ငါ့ကို ဘာလို႔မ်ား လာေျပာျပေနရတာလဲ။
"အနည္းဆုံးေတာ့ ငါ့မွာ ပုန္ကန္တတ္တဲ့ ညီမေလး တစ္ေယာက္ ႐ွိေသးတယ္။ အဲဒါ တကယ္ ေကာင္းတယ္"
မင္းကို ငါက ပုန္ကန္မယ္လို႔မ်ား ေတြးေနမိတာလား။ ဟင့္အင္းပါေနာ္။ ငါကေလ အားလုံးထက္ကို မင္းကို ေၾကာက္ပါတယ္။ သူမ်ားေတြက မင္းကို မၾကဳံဖူးလို႔ သိပ္မေၾကာက္တာ ျဖစ္ႏိုင္ရင္ေတာင္ ငါေလးကေတာ့ မင္းကို တစ္ႀကိမ္ ၾကဳံဖူးကတည္းက ေၾကာက္ၿပီးသားပါေနာ္။
"ဒါနဲ႔ မင္းအသက္က ႏွစ္ႏွစ္ရာေက်ာ္ေတာင္မွ ဘာလို႔ နတ္သူငယ္ အသြင္က မေျပာင္းေသးတာလဲ"
ငါမသိဘူး။ ငါလည္း ေျပာင္းခ်င္တာပဲ။ ဒါေပမဲ့ ေျပာင္းမွ မေျပာင္းတာ။
"ဒါေပမဲ့ မင္း မႀကီးထြားတာလည္း ေကာင္းပါတယ္။ မဟုတ္ရင္ ငါ့မွာ အလုပ္တစ္ခု ပိုလာေတာ့မွာ.."
"ဘာအလုပ္လဲ.."
"မင္းကို သင့္ေတာ္တဲ့ အမ်ိဳးသား ႐ွာေပးရမယ္ေလ"
အဟြတ္..။ ငါေလးက မင္းရဲ႕ညီမ လုပ္ဖို႔ေတာင္ သေဘာတူညီမႈ မလုပ္ရေသးဘူး။ ငါေလးကို ေယာက်္ားေပးစား ခ်င္ေနၿပီလား။ ျမန္လိုက္တာေနာ္။ အေတြးေတြက အလင္းနတ္ဘုရားမို႔ ထင္တယ္။ အလင္းရဲ႕အလ်င္လိုပဲ။
အာ..။ ဒါလည္း ေကာင္းသားပဲ။ ဒီလိုဆိုရင္ေတာ့ ငါေလးက ဒီအသက္မဲ့ေနတဲ့ နန္းေဆာင္ကေန အေၾကာင္းျပခ်က္ ေကာင္းေကာင္းနဲ႔ ထြက္ခြာသြားရေတာ့မွာေပါ့။ ၿပီးေတာ့ ျမင့္ျမတ္ေတာ္ဝင္က နတ္ဘုရားေခ်ာခ်ာေလး တစ္ပါးနဲ႔ အိမ္ေထာင္က်..။ ဒါက ေကာင္းတဲ့ အၾကံပဲ။ အဓိကက ဒီကေန ထြက္သြားႏိုင္ဖို႔ လိုတာပဲ။
"အစ္ကိုေတာ္.. ညီမေလးက အ႐ြယ္မေရာက္ေသးတဲ့ ပုံစံေလးေပမဲ့ ရင့္က်က္ေနၿပီေလ"
"မင္းက.."
ငါ အတတ္ႏိုင္ဆုံး အခ်ိဳသာဆုံး ျပဳံးထားၿပီးေတာ့ ေျပာလိုက္တယ္။ ငါေျပာလိုက္တာကို သူက ျပန္ေထာက္တယ္။ ၿပီးေနာက္ ငါ့နဖူးကို လက္ညိဳးနဲ႔ ေတာက္လိုက္တယ္။
"ဘယ္ေနရာကမွ မရင့္က်က္ဘူး။ သိသာတဲ့ ေနရာေရာ မသိသာတဲ့ ေနရာေရာ.."
ဘာ..။ မင္း ႏွာဘူးႀကီး။ ေျပာေတာ့ အစ္ကိုပါဆို ဘယ္လို ျဖစ္ၿပီး အားလုံးကို ေစ့ေစ့စပ္စပ္ လိုက္ၾကည့္ေနရတာလဲ။ ငါေလး အလိုအေလွ်ာက္ ရင္ဘတ္ကို လက္နဲ႔ ကာကြယ္လိုက္မိတယ္။ ဘာမွမ႐ွိေပမဲ့ အနည္းဆုံးေတာ့ ငါေလးက မိန္းကေလးပါေနာ္။ မ႐ွိလည္း ႐ွက္တတ္တာပဲ။
"ဘာကို ႐ွက္ေနတာလဲ။ ငါက မင္းအစ္ကိုပဲဟာ.."
မင္းက ညီမတစ္ေယာက္ ရသြားလို႔ ေပ်ာ္ေနတယ္လို႔ ခဏခဏ ေျပာေနရင္ေတာင္မွ မင္းပုံစံက ေဆာ့စရာ အ႐ုပ္ရသြားလို႔ ေပ်ာ္ေနတဲ့ ပုံစံနဲ႔ပဲ ပိုတူတယ္။ ငါေတာ့ မယုံဘူး။
သူက သူလဲေလ်ာင္းေနတဲ့ ေဘးနားက သလြန္ေနရာကို လက္နဲ႔ အသာေလး ပုတ္လိုက္တယ္။
"အိပ္လိုက္.."
သူနဲ႔ ကုတင္တစ္ခုတည္း..။ ေသလိုက္ေလ။ ေသရင္ေတာင္ မလဲဘူး။ ငါ အဆက္မျပတ္ ေခါင္းယမ္းလိုက္တယ္။
"ပုန္ကန္ျပန္ၿပီ.."
ငါေလး ေခါင္းယမ္းေနရင္းက ရပ္တန္႔သြားတယ္။ ငိုမဲ့မဲ့ေလးပါ ျဖစ္သြားရတယ္။
"ေမာင္ႏွမေတြက အတူတူ အိပ္ေလ့ မ႐ွိၾကဘူး.."
"မင္းက အ႐ြယ္မွ မေရာက္ေသးတာ။ ညက် အိပ္မက္ဆိုးမက္ရင္ ဘယ္လိုလုပ္မလဲ.."
မင္းကမွ အိပ္မက္ဆိုး..။ မင္းကမွ ငါ့ရဲ႕အိပ္မက္ဆိုးႀကီးပဲ သိလား။
"နတ္သူငယ္သစ္ပင္က နတ္သူငယ္ေတြက သစ္သားကုတင္ကို မသုံးဘူး.."
ငါ ေျပာလိုက္ေတာ့ သူက ေတြးဆသြားဟန္ တူတယ္။ ၿပီးေနာက္ေတာ့မွ သူက ေ႐ႊေရာင္ ေ႐ြသားနဲ႔ သလြန္ေပၚမွာ လဲေလ်ာင္းေနရာကေန ပ်င္းရိပ်င္းတြဲနဲ႔ ထရပ္လိုက္တယ္။
သူက လက္ကို ႏွစ္ခ်က္ ယမ္းလိုက္တယ္။ ပထမတစ္ခ်က္က ေ႐ႊသားအတိ သလြန္ကို ေပ်ာက္ကြယ္ေစတယ္။ ေနာက္ေတာ့ ေ႐ႊေရာင္ ပန္းပြင့္ခ်ပ္ေတြနဲ႔ ႏူးညံ့တဲ့ ပန္းပြင့္ႀကီးတစ္ပြင့္က ခန္းမထဲမွာ ေပၚလာတယ္။
"ဒါဆို မင္း အိပ္လို႔ ရၿပီလား.."
သူက အရင္ဆုံး ေမးလာတယ္။ ငါေလး ေခါင္းယမ္းလိုက္တယ္။ သူက ထပ္ၿပီးေတာ့ ေတြေဝသြားတယ္။
"ဘာေၾကာင့္လဲ.."
"ဒါက အနံ႔မ႐ွိတဲ့ ပန္းအတုေလ။ နတ္သူငယ္ေတြက ပန္းပြင့္ရနံ႔ရမွ အိပ္ေပ်ာ္တာ.."
လူးကပ္စ္က ဒီတစ္ႀကိမ္ေတာ့ ေတာ္ေတာ္ႀကီး ေတြေဝသြားတဲ့ပုံ ေပၚတယ္။ ငါေလး သိတာေပါ့။ သူက ပန္းရနံ႔ေတြကို မႀကိဳက္ဘူးေလ။ မဟုတ္လား။ ဒါဆို သူနဲ႔ငါက ကုတင္တစ္ခုတည္း အိပ္ဖို႔ မလိုေတာ့ဘူး။ ငါက ပန္းရနံ႔ကို အၿမဲတမ္း ႀကိဳက္ႏွစ္သက္ခဲ့တာ။
ငါ့ကို ေခၚထားခ်င္တာ ဟုတ္လား။ ပန္းရနံ႔ေတြကို လိုေသးတယ္ေလ။ ဟား ဟား ဟား..။
"ဇီဒန္ နတ္သူငယ္ေတာက မိခင္သစ္ပင္နားက ပန္းပြင့္ေတြကို ရႏိုင္သမွ် သြားယူလာခဲ့.. အျမန္ဆုံး.. ယူလာ"
အလင္းလုံးေလးနဲ႔ အမိန္႔ေပးလိုက္တယ္။ ၿပီးေတာ့ သူက ေ႐ႊသားအတိၿပီးတဲ့ သူ႕ပန္းပြင့္ႀကီးကို ေဖ်ာက္လိုက္ၿပီးေတာ့ ခန္းမထဲက တစ္ခုတည္းေသာ ပစၥည္းျဖစ္တဲ့ ခရမ္းေရာင္ျမဴေတြ မိႈင္းေနတဲ့ ထိုင္ခုံေပၚမွာ ထိုင္လိုက္ၿပီးေတာ့ သူ႕နားထင္ကို သူ ေထာက္ေနတယ္။
မ်က္လုံးေတြကို ေမွးမွိတ္ထားၿပီးေတာ့ နားထင္ကို ပြတ္သပ္ေနတယ္။ ေနာက္ေတာ့ ငါ့အနားကို ခပ္ျမန္ျမန္ ေရာက္လာတယ္။ ငါ့လက္ကို လွမ္းလိုက္ေတာ့ ငါေလး ေ႐ွာင္ပစ္လိုက္မိတယ္။
"မင္း နန္းေဆာင္ထဲမွာပဲ ေနႏိုင္လို႔လား.."
ငါေလး ေခါင္းကို ပလုတ္တုပ္ေလးလို ခါယမ္းလိုက္တယ္။ သူက ငါ့ညာလက္ကို ျပန္ဆြဲယူလိုက္ၿပီးေတာ့ သူ႕ဘယ္လက္တစ္ဖက္ကို ေအာက္မွာ ခံထားၿပီးေတာ့ ညာလက္ကို အေပၚကေန ပြတ္ဆြဲလိုက္တယ္။
သူ႕လက္ေတြ ဖယ္႐ွားသြားေတာ့ မတူညီတဲ့ အေတာင္ပံ တစ္စုံပုံစံက ငါ့လက္ေပၚမွာ ေပၚလာတယ္။ အေတာင္ပံတစ္ခုက အလင္းအေတာင္ပံေတြ ျဖစ္ၿပီးေတာ့ ေနာက္တစ္ဖက္က ခရမ္းရင့္ရင့္မွာ အနက္သန္းတဲ့ အေတာင္ပံ ျဖစ္တယ္။
ငါ့လက္ေတြကို ျဖန္႔ၾကည့္လိုက္တယ္။ လက္ဖဝါးမွာေရာ လက္ဖမိုးမွာပါ အမွတ္အသားက ထင္႐ွားၿပီးေတာ့ ေငြမွင္ေရာင္ေလး လဲ့ေနတယ္။ ငါ တအံ့တၾသ ျဖစ္သြားတယ္။
"ဒါက.."
"ဒါက လူးကပ္စ္ရဲ႕ အမွတ္အသားပဲ။ ဒါနဲ႔ဆိုရင္ သူမ်ားေတြ မင္းကို ဦးၫႊတ္ေစလို႔ မရဘူး။ မင္းကို အႏိုင္က်င့္လို႔ မရဘူး"
ငါ သူ႕ကို မ်က္လုံးအျပဴးသားနဲ႔ ေငးၾကည့္ေနမိတယ္။ လက္ဖမိုးကဟာကို ငါနားလည္တာေပါ့။ ဒါက အေစခံေတြကို အမွတ္အသားျပဳေလ့ ႐ွိတာမ်ိဳးေလ။ ဒါေပမဲ့ ငါနားမလည္တာက လက္ဖဝါးကဟာကို..။
ဒီလက္ဖဝါးကဟာေတြက သခင္ရဲ႕ စြမ္းရည္ကို မွ်ေဝ အသုံးျပဳႏိုင္တဲ့ အမွတ္အသားမဟုတ္လား။ ဒါက ကိုယ္လုပ္ေတာ္ ဒါမွမဟုတ္ ရင္းႏွီးလြန္းတဲ့ အေျခအေနမ်ိဳးမွာက်မွပဲ ေပးေလ့ ႐ွိတာ မဟုတ္လား။ သူက ဘာလို႔ ႏွစ္ဖက္လုံး ငါ့ကို ဆြဲေပးတာလဲ။
"မဟုတ္ဘူး.. ဒါက.."
ငါေလး လက္ဖဝါးက ဟာကို ျပလိုက္တယ္။ လူးကပ္စ္က ငါ့ကို စိုက္ၾကည့္လာတယ္။ ၿပီးေနာက္မွ ေျပာလာတယ္။
"အာ.. ဒါက မင္း ႐ိုက္ခ်င္တဲ့သူကို ႐ိုက္ပစ္လို႔ ရေအာင္ေလ.. မင္းစိတ္ခ်လိုက္ မင္း သူတို႔ကို ေသြးထြက္ေအာင္ ႐ိုက္ပစ္ရင္ေတာင္ သူတို႔မင္းကို ဘာမွ ျပန္မလုပ္ႏိုင္ေစရဘူး"
အဟင္းဟင္း..။ ဒါက မင္းရဲ႕ညီမကို ဆုံးမသြန္သင္တဲ့ နည္းလမ္းလား။ ဒါႀကီးက မွားေနတယ္လို႔ မထင္ဘူးလား။ ကေလးတစ္ေယာက္ကို အခုလိုမ်ိဳး ႐ိုက္ခ်င္တဲ့သူကို ႐ိုက္ပစ္လိုက္ ဆိုတဲ့ ျပဳစုပ်ိဳးေထာင္တဲ့ နည္းလမ္းႀကီးက ကေလးေတြကို ဆိုးသြမ္းေအာင္ လုပ္ေနတာနဲ႔ မတူဘူးလာ။
ငါေလး အခုလိုမ်ိဳး ျပဳစုပ်ိဳးေထာင္တာႀကီးကို ေၾကာက္တယ္။ ငါေလး အခုမွ ျမင့္ျမတ္ေတာ္ဝင္ကို ေရာက္တာ တစ္ပတ္နဲ႔ တစ္ပိုင္းပဲ ႐ွိေသးတာေလ။ မင္း ႐ိုက္ခ်င္တဲ့သူေတြကို ႐ိုက္လိုက္ ဆိုတာႀကီးက.. ငါေလးအတြက္ ေသာက္က်ိဳးနဲ႔ မွားယြင္းမႈႀကီးပဲ။
@@@@@@
ဆက္ရန္---
Unicode
About of Consoled Fairy S2
Part-4
ငါလေး ဒီသောက်ကျိုးနဲ လူးကပ်စ်နတ်မင်းရဲ့ ညီမလေး မဖြစ်ချင်ဘူး။ ငါထင်တာ အဲရစ်လူကာဘဝတုန်းကပဲ လူသားမို့ အသိဉာဏ်လိုအပ်ချက် ရှိတယ် ထင်နေတာ။ အခုက မဟုတ်ဘူးဘဲ။ သူက နဂိုကို ကျပ်မပြည့်တာပါလား။
"သခင် တစ်ခုခု မှားနေတယ် ထင်တယ်နော်.."
"အစ်ကိုတော်လို့ခေါ်.."
ဘာ..။ ဒီအကောင်..။
"သခင်.. ဒါက မသင့်တော်ပါဘူး.."
"အင်း.. ခမည်းတော်မှာ မင်းလို သမီးတစ်ယောက် မရှိခဲ့ဘူးလို့ ထင်ခဲ့တာပဲ။ ငါမင်းကို စောစော ရှာမတွေ့ခဲ့ဘူး"
"ကျွန်မက ဘယ်လိုလုပ်ပြီးတော့ မြင့်မြတ်တော်ဝင်က နတ်မင်းတစ်ပါးရဲ့ သမီးဖြစ်နိုင်မှာလဲ။ ဒါကြီးက စိတ်ကူးယဉ်ဆန်လွန်းတယ်"
ငါလေး ရှင်းပြဖို့အတွက် ကြိုးစားလိုက်မိတယ်။ ငါ့အထင် ဒါကြီးက ပြုတ်ကျလာတဲ့ ကိတ်မုန့်ကြီးမဟုတ်ဘူးနော်။ ဒါကြီးက အဆိပ်လူးထားတဲ့ ကိတ်မုန့်ကြီး။
"မြင့်မြတ်တော်ဝင်မှာက စိတ်ကူးယဉ်တာထက် ပိုဆန်းကျယ်တာတွေ ဖြစ်နေကျပဲလေ။ ဒါက မထူးဆန်းပါဘူး"
သူ့ဦးနှောက်ကို ဘယ်သူ ယူသွားတာလဲ!!။ ယူသွားရင်လည်း ပြန်လာပေးပါဟာ။ ငါလေး အရမ်းဒုက္ခရောက်လွန်းလို့ပါ။
"ကျွန်မက ဒီအတိုင်း မိခင်သစ်ပင်က သစ်သီးကနေ မွေးဖွားလာတဲ့ နတ်ငယ်လေး တစ်ပါးပါ သခင်.."
"ငါသိတယ်လေ။ ဒါပေမဲ့ မင်းက ဇော့ခ်နတ်မင်းရဲ့ သမီးပဲ"
ဒီ တစ်ယူသန်ကောင်ကတော့။ မဟုတ်ဘူး။ မဟုတ်ဘူး..။ မဟုတ်ပါဘူး ဆိုမှ..။
"ဇော့ခ်နတ်မင်းက ယူရေ့နတ်မင်းရဲ့ အကာအကွယ်အလွှာကို ဖန်တီးနိုင်တယ် ဆိုပေမဲ့ ယူရေ့နတ်မင်းရဲ့ အကာအကွယ်အလွှာတွေ ကျန်နေတာ ရှိနိုင်သေးတယ် မဟုတ်လား။ တစ်ယောက်ယောက်က အဲဒါကို သုံးပြီးတော့.."
ငါလေး သူ့ကို အရိပ်အမြွတ် ပြောပြလိုက်တယ်။ မဟုတ်ရင် မထွေးနိုင် မအန်နိုင် ဖြစ်နေမှာ စိုးရတယ်။ ဒါကို ဇီယုနတ်မင်းကနေ အသုံးပြုခဲ့တာလေ။ ဇောခ့်နတ်မင်းက ယူသုံးခဲ့တာမှ မဟုတ်ဘဲ။
လူးကပ်စ်က အတန်ကြာ ငြိမ်သက်သွားတယ်။ မျက်တောင်ဖျားတွေကို မှေးစင်းလိုက်ပြီးတော့ အတန်ကြာ တွေးတောနေတယ်။ နောက်တော့ မျက်လုံးတွေကို ဖြတ်ခနဲ ပွင့်လာတယ်။ ငါ့ကို တည့်တည့် ကြည့်လာတယ်။
သူ.. သူ အဖြေရသွားပြီ ထင်တယ်။ သူ သိသွားလောက်ပြီ။ သူက အနည်းဆုံးတော့ မြင့်မြတ်တော်ဝင်က နတ်ဘုရားတစ်ပါးပဲလေ။ အသေအချာကို အဖြေထုတ်နိုင်မှာပါ ဟုတ်တယ် မဟုတ်လား။
"အာ.. ငါ သတိရပြီ"
ငါလေး ခေါင်း တဆတ်ဆတ် ညိတ်လိုက်မိတယ်။ တွေ့လား။ သူ သိသွားပြီ။ သူ သိသွားပြီ။ ငါလေး သူ့ညီမ မလုပ်ရတော့ဘူး။ အဲဒါအပြင် ကံကောင်းရင်တောင်မှ မြင့်မြတ်တော်ဝင်က အသက်ရှိသူတွေ မနေနိုင်ဘူးလို့ ထင်ရတဲ့ ဒီနန်းဆောင်အစုတ်ကနေ ထွက်သွားလို့ ရနိုင်ရင် ရနိုင်မယ်။
"ဇီယုနတ်မင်းဆီမှာ ယူရေ့အကာအကွယ် အလွှာတစ်ခု ရှိတယ်.."
ငါ ထပ်ပြီးတော့ ခေါင်းညိတ်လိုက်တယ်။ ဆတ်ခါ ဆတ်ခါ ညိတ်နေချင်လိုက်တာ။ သူ သိသွားပြီ။
"ဒါပေမဲ့ သူက အဲဒါကို သုံးပြီးပြီလေ။ ပြီးတော့ သူက သုံးမယ် ဆိုရင်တောင်မှ မှတ်ဉာဏ်ရည်ကို ရဖို့ သုံးပါ့မလား။ သူက ရူးနေတာမှ မဟုတ်တာ.."
ဘာ!!..။ သုံးတယ်။ သုံးတယ်။ သူသုံးလိုက်တယ်လို့..။ ငါ့ ပါးစပ်ကနေ ထုတ်ပြောချင်လိုက်တာမှ တဲ့တဲ့လေး လိုတော့တယ်။ နတ်ဖြစ်ရတာ မလွယ်ဘူး။ လုံးဝ မလွယ်ဘူး။ ငါလေး မြေပြင်ပေါ်မှာ လူးလိမ့်ပြီး ငိုချင်လိုက်တာ။
"ဒါဆို သခင်က ဘာလို့ သူ့ကို ခေါ်မမေးတာလဲ"
လူးကပ်စ်က အေးဆေး တည်ငြိမ်နေဆဲ ဖြစ်မယ်။ ဒါပေမဲ့ ငါ့ဆီကို အကြည့် ပို့လိုက်တော့ ငါလေး တုန်သွားတယ်။ တော်ပြီ သူ့ကို မေးခွန်းတွေ မေးတာကို ဆင်ခြင်တော့မယ်။
"ငါက ဘာလို့ သူ့ကို ခေါ်မေးရမှာလဲ။ မမေးဘဲနဲ့ အဖြေရ ရှိနေပြီးသားကို။ ခမည်းတော်က အမြဲတမ်း ကိစ္စတွေကို လွဲချော်စေတယ်။ မင်းကို မွေးဖွားဖို့ ဆုတောင်းမှာ တစ်ခုခု လိုခဲ့တယ် ထင်တယ်။ မင်းက ဘာလို့ တုံးအနေတာလဲ။ ခမည်းတော်ရဲ့ ဉာဏ်ရည်တစ်စတောင် မင်းမရသလိုဘဲ"
မင်းအဖေက ငါ့အဖေမှ မဟုတ်တာ။ ငါက ဘယ်လိုလုပ် သူ့မှတ်ဉာဏ်ကို ရရမှာလဲ။ ပြီးတော့ တုံးအတာက ငါမဟုတ်ဘူး။ မင်း..။ မင်းကမှ တုံးအတာ။ ငါလေး ကူကယ်ရာမဲ့စွာ ရယ်ပြလိုက်မိတယ်။
"ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါမင်းကို ငါ့ညီမအဖြစ် အသိအမှတ်ပြုတယ်"
မင်းဟာ..။ မင်း ဘယ်ကတည်းက ညီမ လိုချင်နေတာလဲဟင်။ ငါလေးကို လူသားဘဝမှာတုန်းကလည်း အတင်းအကျပ် ညီမတော်ပြီးပြီလေ။ အခုကျတော့လည်း ထပ်ပြီးတော့ ညီမလို့ သတ်မှတ်ပြန်ပြီ။
"ငြင်းလို့ ရလား"
ဒါက နောက်ဆုံးမေးခွန်းပဲ။ ဒါပြီးရင် င့ါမှာ ပြောဖို့ ဘာမှမရှိတော့ဘူး။ ငါ မေးလိုက်တော့ လူးကပ်စ်ကြီးက ယောင်ယောင်လေး ပြုံးလိုက်တယ်။ ပြုံးလိုက်တယ် ဆိုတာကို သေချာသာ စိုက်မကြည့်နေရင် လုံးဝ မသိနိုင်အောင် နှုတ်ခမ်းသားတွေက အသာလေး လှုပ်ရှားသွားတာ ဖြစ်တယ်။
သူက သလွန်ကို မှီချလိုက်ပြီးတော့ သလွန်အစွန်းနားကို လက်ထောက်လိုက်ပြီးတော့ ထရပ်လိုက်တယ်။ ငါ့အနားကို တစ်လှမ်းချင်း တိုးလာတယ်။ သူ တစ်လှမ်းလှမ်းလိုက်တိုင်း သူ့ဝတ်ရုံအောက်အဖျားတွေက ဖြည်းဖြည်းလေး ရွေ့လျားနေတယ်။
သူက လှမ်းလာတော့ ငါက နောက်ဆုတ်ဖို့ ကြိုးစားမိတယ်။ ဒါပေမဲ့ ဖိအားတစ်ခုခုက ငါ့ကို တားဆီးထားတယ်။ အဲဒါနဲ့ပဲ မတတ်နိုင်ပဲ သူလာနေတာကို ကြည့်နေလိုက်ရတယ်။ ဝတ်ရုံအောက်ဖျားက အောက်ကြမ်းခင်းမှာ ပုံကျနေတာ ချော်လဲပါစေ။
ဒါပေမဲ့ ငါ့ဆန္ဒလေးက မပြည့်ပါဘူး။ သူက ငါ့အနားကို ရောက်လာတယ်။ သူက ခါးကို ဖြည်းဖြည်းလေး ကိုင်းညွှတ်လိုက်တယ်။ ငါ့မျက်နှာအနား နီးလာတဲ့အထိ ကိုင်းညွှတ်လာပြီးတော့ သူက တစ်လုံးချင်း အေးအေးဆေးဆေး မေးတယ်။
"မင်းက ငြင်းချင်လို့လား.."
အသံမှာ ချော့မြူနေသလို ပုံစံမျိုးနဲ့ တူတယ်။ ဒါပေမဲ့ ဖိအားတချို့တလေကတော့ ကပ်ပါလာပြီးသားပဲ။ ငါလေး ခေါင်းညိတ်လိုက်တယ်။ ခေါင်းညိတ်တာမှ မရပ်မအားကို ညိတ်လိုက်တာ ဖြစ်တယ်။
"မရဘူး"
အသံပြတ်နဲ့ ပြောတယ်။ ပြောပြီးတာနဲ့ ချာခနဲ လှည့်ထွက်သွားပြီးတော့ သလွန်ပေါ်မှာ လဲလျောင်းလိုက်ပြန်တယ်။ ဒီတစ်ကြိမ်ကတော့ သူ့လက်တွေကို သူက မှီထားပြီးတော့ ငါ့ကို လှောင်ချင်နေတဲ့ မျက်နှာနဲ့ ကြည့်နေတာ ဖြစ်တယ်။
မရတာကို ဘာလို့ အစတည်းက လာမေးနေသေးလဲ။ မရရင် အစတည်းက မရဘူးလို့ ငြင်းလိုက်ပါလား။ ဘာလို့ စိတ်ပျော်အောင်လို့ မေးခွန်းက မေးလာသေးတာလဲ။ ငါ စိတ်တိုသွားတဲ့ ပုံကို လူးကပ်စ်က သေသေချာချာ စိုက်ကြည့်နေတယ်။
"ငါ့မှာ ညီမလေး ရှိတာကို စောစောတည်းက သိသင့်တယ်။ ညီမလေး ရှိတာ ခံစားလို့ ကောင်းသားပဲ"
အဟင်း..။ ဘယ်နေရာမှာ ကောင်းလို့လဲ။ ဘာက ကောင်းနေလို့လဲ..။ ငါ့စိတ်ထဲမှာ မေးခွန်းတွေ တက်လာပြန်တယ်။ ဒါပေမဲ့ လည်ပင်းနားမှာပဲ ငါလေး မျိုချပစ်လိုက်တယ်။ မမေးတော့ဘူး။ ငါယုံတယ်။ မေးလိုက်လို့ ကောင်းတာ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး။
"အနိုင်ကျင့်လို့ ရတယ်.."
ဘာ..။ ဒီတော့ ငါ့ကို ဒီအသက်မဲ့နေတဲ့ နန်းဆောင်ကြီးထဲ ခေါ်လာတာက အနိုင်ကျင့်ချင်လို့ပေ့ါ ဟုတ်လား။ သေလိုက်လေ သေလိုက်..။ ငါ ပြန်မယ်။ အခုချက်ချင်း ပြန်မယ်။ ဒီမှာ မနေဘူး။
ငါ တွေးလိုက်တာနဲ့ ချက်ချင်းပဲ လှုပ်ရှားလိုက်တယ်။ ချက်ချင်းပဲ နန်းဆောင်တံခါးဆီကို ပြေးသွားတာ ဖြစ်တယ်။ ဒါပေမဲ့ နန်းဆောင်ပတ်ပတ်လည်မှာ ရစ်သိုင်းနေတဲ့ တိမ်တိုက်ဖြူဖြူ တွေနဲ့ တွေ့တော့ ငါ့ကိုယ်လေးက အထဲကို တွန်းပစ်ခြင်းကို ခံလိုက်ရတယ်။
ငါလေး အညှာအတာမဲ့စွာနဲ့ သူ့အရှေ့မှာ ပက်လက်လှန် ကျသွားတယ်။ သူက သလွန်ပေါ်မှာ မျက်လုံးမှိတ်ထားရာကနေ ငါလေး လဲကျသွားတာကို ကြည့်တယ်။
ပြီးတော့ မထိန်းနိုင်ဟန်နဲ့ ရယ်မောလိုက်တယ်။ အလွန်အမင်း သဘောကျနေတဲ့ သူ့မျက်နှာက အေးစက်ခြင်းတွေ လွင့်ပါးသွားတယ်။
"ဟား ဟား ဟား.. ငါ့ညီမက တကယ်ကို တုံးအတာလဲ။ ဒီနေရာကို ပိတ်လှောင်ခြင်း နန်းဆောင်လို့ ခေါ်တယ်။ ပိတ်လှောင်ခြင်း နန်းဆောင်.. ဘယ်သူကမှ ဝင်လို့ မရသလို ဘယ်သူကမှလည်း ထွက်လို့ မရဘူး.."
"အဲဒါကို မင်းကရော!.."
ငါ သည်းမခံနိုင်တော့ပဲနဲ့ အော်ပြောလိုက်တယ်။ သူက အနည်းငယ် အံ့အားသင့်သွားပေမဲ့ ပြုံးနေဆဲ ဖြစ်တယ်။
"ညီမတွေက ပုန်ကန်တတ်တယ်ဆိုတာ ငါကြားဖူးတယ်။ ကြည့်ရတာ အဲဒါက မှန်တဲ့ပုံပဲ။ ငါ့ကို ဘယ်သူကမှ အခုလို မအော်ဖူးဘူး။ ငါ့ဦးလေးကတောင် ငါ့ကို အဲလို မအော်ဘူး"
အခုမှ ငါလေးလည်း လူးကပ်စ်နတ်မင်း ဆိုတာကို သတိတရ ဖြစ်သွားတယ်။ ငါ ဘာလို့ သူ့ကို အော်လိုက်မိတာလဲ။ ဒါက သိပ်ပြီးတော့ အသက်ဘေးနဲ့ နီးလွန်းတယ်။ နေးလ်နတ်မင်းနဲ့ လူးကပ်စ်နတ်မင်း မတည့်ကြတာကို နတ်တွေတိုင်း သိတယ်။ ဒါပေမဲ့ နေးလ်နတ်မင်းကတောင်မှ လူးကပ်စ်နတ်မင်းကို သိသိသာသာကြီး ကလန်ကဆန် လုပ်လေ့ မရှိဘူး။
"ဇီဒန် ငါ့ကို ညီမတွေကို ပြုစုပျိုးထောင်တဲ့ နည်းလမ်း စာအုပ်တွေ ရှာပေးပါ။ ငါ့ညီမက တော်လှန်ပုန်ကန်တတ်တယ်။ ပျော်စရာပဲ။ သူငါ့ကို ကြောက်မနေဘူး။ ငါ့မှာ သူ့ကို ပြုစု ပျိုးထောင်ဖို့ အလုပ်ရှိသွားပြီ"
သူက သူ့လက်ပေါ်မှာ အလင်းလုံးလေးကို ဖြစ်စေပြီး အမိန့်တစ်ခုကို အလင်းလုံးလေးနဲ့ နန်းဆောင်အပြင်ကို ပို့ပေးလိုက်တယ်။ သူက သလွန်ထက်မှာ ထိုင်နေရင်းက ငါ့ကို အနားကို ရောက်လာအောင် အလင်းမှုန်တွေနဲ့ သိုင်းရစ်ပြီး ဆွဲခေါ်လိုက်တယ်။
သူက သလွန်ပေါ်မှာ ငါက သလွန်အောက်မှာ။ အနေအထားက သူ့ကို မော့ကြည့်နေရတဲ့ အနေအထားမျိုးနဲ့။ သူကတော့ ငါ့ကို အသေအချာကို အကဲခတ် ကြည့်နေတယ်။ သူ့အရှိန်အဝါ ဖိအားအောက်မှာ ငါလေးက အသက်တောင် မနည်းရှုနေတယ်။
"မင်း အသက် ဘယ်လောက် ရှိပြီလဲ"
ထပ်ပြီးတော့ အသက်ကို မေးနေတာလဲ။ သူက ဘာလို့ ဒီလိုမျိုး တစ်ဖက်သားရဲ့ အသက်ကို မေးရတာ ကြိုက်နေရတာလဲ။
"နှစ်ရာခုနှစ်ဆယ့်ခြောက်နှစ် ရှိပါပြီ။ ရှေ့နှစ်လ ဆိုရင် နှစ်ရာခုနှစ်ဆယ့်ခုနှစ်နှစ် ရှိပါပြီ"
လူးကပ်စ်က ခေါင်းညိတ်တယ်။ ပြီးနောက်တော့ သူက သူ့ဖာသာ တွေးရင်းကနေ အနေအထားကို သတိထားမိသွားတဲ့ ပုံပေါ်တယ်။
သလွန်ကို လက်နဲ့ ဝှေ့ယမ်းလိုက်တယ်။ သလွန်က နေရာကျယ်ပြန့်သွားတယ်။ လူးကပ်စ်က ငါလေးကို ထူမတ်လိုက်ပြီးတော့ သလွန်ပေါ်မှာ ထိုင်စေတယ်။ အခုကျတော့ ငါလေးက သလွန်ဘေးမှာ ထိုင်လျက်သားလေး ဖြစ်နေတယ်။
"အလင်းနှင်တံက ခမည်းတော် မသွားလိုက်ခင် ညက ငါ့ဆီကို လာပေးခဲ့တာ။ ငါ တစ်ကြိမ်ပဲ ထုတ်ကြည့်ခဲ့တယ်။ နောက်ထပ်တစ်ကြိမ်တောင်မှ မထုတ်ကြည့်ခဲ့ဘူး။ အခုကျတော့ မင်းဆီကို ရောက်နေတယ်။ ဒါက ခမည်းတော်ရဲ့အစီအမံ ဖြစ်မယ်.."
သေလိုက်ပါလားနော်။ ဒါကြီးကို မင်း ကိုယ်တိုင် ပေးခဲ့တာလို့..။
"ခမည်းတော် ဘယ်သွားလဲ ဆိုတာ ငါမသိဘူး။ ငါ လိုက်ရှာဖို့အထိလည်း ဆန္ဒမရှိဘူး။ သူ ပုန်းနေတယ် ဆိုမှတော့ လုံအောင် ပုန်းနေပါစေ။ အချိန်တန်ရင် သူ ထွက်လာရမှာပဲ"
ဒီ မြင့်မြတ်တော်ဝင်က ကိစ္စတွေက ငါနဲ့မှ မဆိုင်ပဲ။ ငါ့ကို ဘာလို့များ လာပြောပြနေရတာလဲ။
"အနည်းဆုံးတော့ ငါ့မှာ ပုန်ကန်တတ်တဲ့ ညီမလေး တစ်ယောက် ရှိသေးတယ်။ အဲဒါ တကယ် ကောင်းတယ်"
မင်းကို ငါက ပုန်ကန်မယ်လို့များ တွေးနေမိတာလား။ ဟင့်အင်းပါနော်။ ငါကလေ အားလုံးထက်ကို မင်းကို ကြောက်ပါတယ်။ သူများတွေက မင်းကို မကြုံဖူးလို့ သိပ်မကြောက်တာ ဖြစ်နိုင်ရင်တောင် ငါလေးကတော့ မင်းကို တစ်ကြိမ် ကြုံဖူးကတည်းက ကြောက်ပြီးသားပါနော်။
"ဒါနဲ့ မင်းအသက်က နှစ်နှစ်ရာကျော်တောင်မှ ဘာလို့ နတ်သူငယ် အသွင်က မပြောင်းသေးတာလဲ"
ငါမသိဘူး။ ငါလည်း ပြောင်းချင်တာပဲ။ ဒါပေမဲ့ ပြောင်းမှ မပြောင်းတာ။
"ဒါပေမဲ့ မင်း မကြီးထွားတာလည်း ကောင်းပါတယ်။ မဟုတ်ရင် ငါ့မှာ အလုပ်တစ်ခု ပိုလာတော့မှာ.."
"ဘာအလုပ်လဲ.."
"မင်းကို သင့်တော်တဲ့ အမျိုးသား ရှာပေးရမယ်လေ"
အဟွတ်..။ ငါလေးက မင်းရဲ့ညီမ လုပ်ဖို့တောင် သဘောတူညီမှု မလုပ်ရသေးဘူး။ ငါလေးကို ယောက်ျားပေးစား ချင်နေပြီလား။ မြန်လိုက်တာနော်။ အတွေးတွေက အလင်းနတ်ဘုရားမို့ ထင်တယ်။ အလင်းရဲ့အလျင်လိုပဲ။
အာ..။ ဒါလည်း ကောင်းသားပဲ။ ဒီလိုဆိုရင်တော့ ငါလေးက ဒီအသက်မဲ့နေတဲ့ နန်းဆောင်ကနေ အကြောင်းပြချက် ကောင်းကောင်းနဲ့ ထွက်ခွာသွားရတော့မှာပေါ့။ ပြီးတော့ မြင့်မြတ်တော်ဝင်က နတ်ဘုရားချောချာလေး တစ်ပါးနဲ့ အိမ်ထောင်ကျ..။ ဒါက ကောင်းတဲ့ အကြံပဲ။ အဓိကက ဒီကနေ ထွက်သွားနိုင်ဖို့ လိုတာပဲ။
"အစ်ကိုတော်.. ညီမလေးက အရွယ်မရောက်သေးတဲ့ ပုံစံလေးပေမဲ့ ရင့်ကျက်နေပြီလေ"
"မင်းက.."
ငါ အတတ်နိုင်ဆုံး အချိုသာဆုံး ပြုံးထားပြီးတော့ ပြောလိုက်တယ်။ ငါပြောလိုက်တာကို သူက ပြန်ထောက်တယ်။ ပြီးနောက် ငါ့နဖူးကို လက်ညိုးနဲ့ တောက်လိုက်တယ်။
"ဘယ်နေရာကမှ မရင့်ကျက်ဘူး။ သိသာတဲ့ နေရာရော မသိသာတဲ့ နေရာရော.."
ဘာ..။ မင်း နှာဘူးကြီး။ ပြောတော့ အစ်ကိုပါဆို ဘယ်လို ဖြစ်ပြီး အားလုံးကို စေ့စေ့စပ်စပ် လိုက်ကြည့်နေရတာလဲ။ ငါလေး အလိုအလျှောက် ရင်ဘတ်ကို လက်နဲ့ ကာကွယ်လိုက်မိတယ်။ ဘာမှမရှိပေမဲ့ အနည်းဆုံးတော့ ငါလေးက မိန်းကလေးပါနော်။ မရှိလည်း ရှက်တတ်တာပဲ။
"ဘာကို ရှက်နေတာလဲ။ ငါက မင်းအစ်ကိုပဲဟာ.."
မင်းက ညီမတစ်ယောက် ရသွားလို့ ပျော်နေတယ်လို့ ခဏခဏ ပြောနေရင်တောင်မှ မင်းပုံစံက ဆော့စရာ အရုပ်ရသွားလို့ ပျော်နေတဲ့ ပုံစံနဲ့ပဲ ပိုတူတယ်။ ငါတော့ မယုံဘူး။
သူက သူလဲလျောင်းနေတဲ့ ဘေးနားက သလွန်နေရာကို လက်နဲ့ အသာလေး ပုတ်လိုက်တယ်။
"အိပ်လိုက်.."
သူနဲ့ ကုတင်တစ်ခုတည်း..။ သေလိုက်လေ။ သေရင်တောင် မလဲဘူး။ ငါ အဆက်မပြတ် ခေါင်းယမ်းလိုက်တယ်။
"ပုန်ကန်ပြန်ပြီ.."
ငါလေး ခေါင်းယမ်းနေရင်းက ရပ်တန့်သွားတယ်။ ငိုမဲ့မဲ့လေးပါ ဖြစ်သွားရတယ်။
"မောင်နှမတွေက အတူတူ အိပ်လေ့ မရှိကြဘူး.."
"မင်းက အရွယ်မှ မရောက်သေးတာ။ ညကျ အိပ်မက်ဆိုးမက်ရင် ဘယ်လိုလုပ်မလဲ.."
မင်းကမှ အိပ်မက်ဆိုး..။ မင်းကမှ ငါ့ရဲ့အိပ်မက်ဆိုးကြီးပဲ သိလား။
"နတ်သူငယ်သစ်ပင်က နတ်သူငယ်တွေက သစ်သားကုတင်ကို မသုံးဘူး.."
ငါ ပြောလိုက်တော့ သူက တွေးဆသွားဟန် တူတယ်။ ပြီးနောက်တော့မှ သူက ရွှေရောင် ရွေသားနဲ့ သလွန်ပေါ်မှာ လဲလျောင်းနေရာကနေ ပျင်းရိပျင်းတွဲနဲ့ ထရပ်လိုက်တယ်။
သူက လက်ကို နှစ်ချက် ယမ်းလိုက်တယ်။ ပထမတစ်ချက်က ရွှေသားအတိ သလွန်ကို ပျောက်ကွယ်စေတယ်။ နောက်တော့ ရွှေရောင် ပန်းပွင့်ချပ်တွေနဲ့ နူးညံ့တဲ့ ပန်းပွင့်ကြီးတစ်ပွင့်က ခန်းမထဲမှာ ပေါ်လာတယ်။
"ဒါဆို မင်း အိပ်လို့ ရပြီလား.."
သူက အရင်ဆုံး မေးလာတယ်။ ငါလေး ခေါင်းယမ်းလိုက်တယ်။ သူက ထပ်ပြီးတော့ တွေဝေသွားတယ်။
"ဘာကြောင့်လဲ.."
"ဒါက အနံ့မရှိတဲ့ ပန်းအတုလေ။ နတ်သူငယ်တွေက ပန်းပွင့်ရနံ့ရမှ အိပ်ပျော်တာ.."
လူးကပ်စ်က ဒီတစ်ကြိမ်တော့ တော်တော်ကြီး တွေဝေသွားတဲ့ပုံ ပေါ်တယ်။ ငါလေး သိတာပေါ့။ သူက ပန်းရနံ့တွေကို မကြိုက်ဘူးလေ။ မဟုတ်လား။ ဒါဆို သူနဲ့ငါက ကုတင်တစ်ခုတည်း အိပ်ဖို့ မလိုတော့ဘူး။ ငါက ပန်းရနံ့ကို အမြဲတမ်း ကြိုက်နှစ်သက်ခဲ့တာ။
ငါ့ကို ခေါ်ထားချင်တာ ဟုတ်လား။ ပန်းရနံ့တွေကို လိုသေးတယ်လေ။ ဟား ဟား ဟား..။
"ဇီဒန် နတ်သူငယ်တောက မိခင်သစ်ပင်နားက ပန်းပွင့်တွေကို ရနိုင်သမျှ သွားယူလာခဲ့.. အမြန်ဆုံး.. ယူလာ"
အလင်းလုံးလေးနဲ့ အမိန့်ပေးလိုက်တယ်။ ပြီးတော့ သူက ရွှေသားအတိပြီးတဲ့ သူ့ပန်းပွင့်ကြီးကို ဖျောက်လိုက်ပြီးတော့ ခန်းမထဲက တစ်ခုတည်းသော ပစ္စည်းဖြစ်တဲ့ ခရမ်းရောင်မြူတွေ မှိုင်းနေတဲ့ ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီးတော့ သူ့နားထင်ကို သူ ထောက်နေတယ်။
မျက်လုံးတွေကို မှေးမှိတ်ထားပြီးတော့ နားထင်ကို ပွတ်သပ်နေတယ်။ နောက်တော့ ငါ့အနားကို ခပ်မြန်မြန် ရောက်လာတယ်။ ငါ့လက်ကို လှမ်းလိုက်တော့ ငါလေး ရှောင်ပစ်လိုက်မိတယ်။
"မင်း နန်းဆောင်ထဲမှာပဲ နေနိုင်လို့လား.."
ငါလေး ခေါင်းကို ပလုတ်တုပ်လေးလို ခါယမ်းလိုက်တယ်။ သူက ငါ့ညာလက်ကို ပြန်ဆွဲယူလိုက်ပြီးတော့ သူ့ဘယ်လက်တစ်ဖက်ကို အောက်မှာ ခံထားပြီးတော့ ညာလက်ကို အပေါ်ကနေ ပွတ်ဆွဲလိုက်တယ်။
သူ့လက်တွေ ဖယ်ရှားသွားတော့ မတူညီတဲ့ အတောင်ပံ တစ်စုံပုံစံက ငါ့လက်ပေါ်မှာ ပေါ်လာတယ်။ အတောင်ပံတစ်ခုက အလင်းအတောင်ပံတွေ ဖြစ်ပြီးတော့ နောက်တစ်ဖက်က ခရမ်းရင့်ရင့်မှာ အနက်သန်းတဲ့ အတောင်ပံ ဖြစ်တယ်။
ငါ့လက်တွေကို ဖြန့်ကြည့်လိုက်တယ်။ လက်ဖဝါးမှာရော လက်ဖမိုးမှာပါ အမှတ်အသားက ထင်ရှားပြီးတော့ ငွေမှင်ရောင်လေး လဲ့နေတယ်။ ငါ တအံ့တသြ ဖြစ်သွားတယ်။
"ဒါက.."
"ဒါက လူးကပ်စ်ရဲ့ အမှတ်အသားပဲ။ ဒါနဲ့ဆိုရင် သူများတွေ မင်းကို ဦးညွှတ်စေလို့ မရဘူး။ မင်းကို အနိုင်ကျင့်လို့ မရဘူး"
ငါ သူ့ကို မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေမိတယ်။ လက်ဖမိုးကဟာကို ငါနားလည်တာပေါ့။ ဒါက အစေခံတွေကို အမှတ်အသားပြုလေ့ ရှိတာမျိုးလေ။ ဒါပေမဲ့ ငါနားမလည်တာက လက်ဖဝါးကဟာကို..။
ဒီလက်ဖဝါးကဟာတွေက သခင်ရဲ့ စွမ်းရည်ကို မျှဝေ အသုံးပြုနိုင်တဲ့ အမှတ်အသားမဟုတ်လား။ ဒါက ကိုယ်လုပ်တော် ဒါမှမဟုတ် ရင်းနှီးလွန်းတဲ့ အခြေအနေမျိုးမှာကျမှပဲ ပေးလေ့ ရှိတာ မဟုတ်လား။ သူက ဘာလို့ နှစ်ဖက်လုံး ငါ့ကို ဆွဲပေးတာလဲ။
"မဟုတ်ဘူး.. ဒါက.."
ငါလေး လက်ဖဝါးက ဟာကို ပြလိုက်တယ်။ လူးကပ်စ်က ငါ့ကို စိုက်ကြည့်လာတယ်။ ပြီးနောက်မှ ပြောလာတယ်။
"အာ.. ဒါက မင်း ရိုက်ချင်တဲ့သူကို ရိုက်ပစ်လို့ ရအောင်လေ.. မင်းစိတ်ချလိုက် မင်း သူတို့ကို သွေးထွက်အောင် ရိုက်ပစ်ရင်တောင် သူတို့မင်းကို ဘာမှ ပြန်မလုပ်နိုင်စေရဘူး"
အဟင်းဟင်း..။ ဒါက မင်းရဲ့ညီမကို ဆုံးမသွန်သင်တဲ့ နည်းလမ်းလား။ ဒါကြီးက မှားနေတယ်လို့ မထင်ဘူးလား။ ကလေးတစ်ယောက်ကို အခုလိုမျိုး ရိုက်ချင်တဲ့သူကို ရိုက်ပစ်လိုက် ဆိုတဲ့ ပြုစုပျိုးထောင်တဲ့ နည်းလမ်းကြီးက ကလေးတွေကို ဆိုးသွမ်းအောင် လုပ်နေတာနဲ့ မတူဘူးလာ။
ငါလေး အခုလိုမျိုး ပြုစုပျိုးထောင်တာကြီးကို ကြောက်တယ်။ ငါလေး အခုမှ မြင့်မြတ်တော်ဝင်ကို ရောက်တာ တစ်ပတ်နဲ့ တစ်ပိုင်းပဲ ရှိသေးတာလေ။ မင်း ရိုက်ချင်တဲ့သူတွေကို ရိုက်လိုက် ဆိုတာကြီးက.. ငါလေးအတွက် သောက်ကျိုးနဲ့ မှားယွင်းမှုကြီးပဲ။
@@@@@@
ဆက်ရန်---

About of a Consoled FairyDonde viven las historias. Descúbrelo ahora