About of a Consoled Fairy Part-16
@@@@@@@@@@@@@@@@@@ငါ ဟင်ခနဲ ဖြစ်သွားပေမယ့် ပါးစပ်ကနေ ထုတ်မြှေပာမိတော့ဘူး။
“ဒီနေ့ လာတဲ့ အဓိက အကြောင်းရင်းက အဲ့ဒါပဲ”
အဓိက အကြောင်းအရင်းလား၊ နောက်ဆုံးမှ ပြောတဲ့ အကြောင်းအရင်းလား၊ ငါ ငြိမ်သက်သွားမိတယ်။ ငါ့အကြောင်း၊ ငါ့အကြောင်းက သိနေဖို့တောင်မှ မလိုဘူး။ ထူးခြားဆန်းကျယ်တာလည်း မရှိဘူး၊ ငါ့ကို နတ်သူငယ်သစ်ပင်မှာ မွေးတယ်။ ငါ ကြီးပြင်းလာတယ်။ ငါကျောင်းတက်ဖို့ အရွယ်ရောက်လာတဲ့ ကျောင်းတက်ပြီးတော့ အလုပ်ခွင်ကို ဝင်ရတယ်။ ထူးခြားဆန်းပြားတာ ဘာမှမရှိဘူး။ ရိုးလွန်းလို့ ဟိုဘက်ကမ်းတောင်မှ လွန်နေသေးတယ်။
“ငါ့မှာ နောက်ကြောင်းမှ မရှိတာ”
ငါပြောလိုက်တာကို ချန်းနတ်မင်းက ပြုံးလိုက်တယ်။ ပြီးမှ တိုးတိုးပြန်ဆိုတယ်။
“နောက်ကြောင်းမရှိတဲ့ နတ်ဆိုတာ မရှိပါဘူး”
“အို ငါဆိုလို ချင်တာက ငါ့မှာ ထူးခြားတဲ့ နောက်ကြောင်းမရှိတာကို ပြောတာပါ”
“ဒေါက် ဒေါက်”
တံခါးခေါက်သံ ကြားလို့ တံခါးကို လှမ်းကြည့်လိုက်ပြီး ချန်းနတ်ဘုရား ရှိရာကို ပြန်ကြည့်တော့ ချန်းနတ်ဘုရားက ထွက်သွားပြီ။ အနည်းဆုံးတော့ နှုတ်ဆက်သင့်သေးတာကို၊
“ဒေါက် ဒေါက်”
နောက်ထပ်တစ်ကြိမ် တံခါးခေါက်လာတော့ ငါ တံခါးကို ဖွင့်ပေးဖို့ ပြေးသွားလိုက်တယ်။ တံခါးအပြင်ဖက်မှာ အဲရစ်လူကာ၊ ပြီးတော့ သူ့ရဲ့ လက်ကောက်ဝတ်မှာ ကြိုးအနီလေးကို ငါမြင်နေရတယ်။ ငါ ဖြုတ်ချင်လိုက်တာ၊ ငါ ဒီကြိုးအနီလေးကို ဖြုတ်လိုက်နိုင်ရင်၊ အဲရစ်လူကာရဲ့ အရူးအမူး ဖြစ်နေတာတွေကို ရပ်တန့်နိုင်မယ် မဟုတ်လား။
“ညစာ စားမယ်၊ မင်း အရွယ်မြန်မြန်ရောက်အောင်”
“ငါ ထင်တာတော့ ငါ အရွယ်ရောက်တာ မမြန်သင့်ဘူးလို့ပဲ တွေးမိတယ်”
အဲရစ်လူကာက ချန်းနတ်ဘုရားကြောင့်မို့ ငါ့ကို အရူးအမူး ဖြစ်နေတယ် ဆိုတာကို နားလည်လိုက်ပြီး ကတည်းက ငါ့ရဲ့ ကြောက်စိတ်လေး နည်းနည်းတော့ လျော့သွားသလို ခံစားရတယ်။ ငါ ပြန်ပြောလိုက်တာကို အဲရစ်လူကာက ဘာမှမပြောတော့ပဲနဲ့ အိမ်အောက်ထပ်ကို ဆင်းတယ်။ ငါကလည်း သူ့အနောက်ကနေ ခပ်ကုတ်ကုတ်လေး လိုက်လာတယ်။