အပိုင်း🌺၃၈🌺🚨ချစ်နယ်မြေကျူးကြခြင်း🚨🔞🔞🔞

2.6K 162 8
                                    


""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

🙈ချစ်နယ်မြေကျူးကြခြင်း🙈
🔞🔞🔞🔞🔞🔞🔞🔞🔞🔞
ဒီအပိုင်းလေးက Wpနဲ့ gpမှာဘဲ သီးသန့်တင်တာမို့..အပိုင်းမတပ်တော့ဘူးနော်။ 🚨🚨🚨 🔞🔞18+နော်..။

ကလေးပေါက်စလေးကို..ရင်ခွင်ထဲ..ဆွဲသွင်းပြီး ဖက်ထားလိုက်တော့သည်။ နှစ်‌ယောက်စလုံး အတွေးကိုယ်စီနှင့်....နုတ်ဆိတ်နေမိတော့သည်။ တိတ်ဆိတ်ခြင်းတွေကို စတင်ပြီး ဖြိုခွင်းလိုက်သူကတော့ သုန်သုန်ပါ.။.

""ဦး..သုန်သုန်ရေချိုးမလို့.""

""အင်း.သွားချိုးလေ..""

""ဟုတ်..ဦးလဲ.ဦးအခန်းကို ပြန်တော့လေ.""

""အင်း..""

နွေဦး ခေါင်းညိတ်ပြလိုက်ပြီး..ကလေးငယ်အခန်းထဲကနေ ထွက်သွားလေတော့သည်။ ထိုအခါမှ သုန်သုန်တစ်ယောက် ဟင်းခနဲ့ သက်ပြင်းကိုချနိုင်တော့သည်။

""အမယ်လေး..ရှက်လိုက်တာ.ငါနှယ့် ရှက်လိုက်တာနော်...""

မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ရင်း သုန်သုန် ကိုယ့်ဘာသာ အော်ပြောနေမိသည်။ မိမိကိုယ်ပေါ်မှာ လောင်နေသည့် ရမ္မက်မီးများ ငြိမ်းဖို့ရန်အတွက် သုန်သုန် ရေချိုးဖို့ရန် ရေချိုးခန်းထဲသို့..၀င်ရောက်သွားတော့လေသည် ။
ရေချိုးကန်ထဲမှာ ရေစိမ်ရင်း သုန်သုန် အတွေးနယ်ချဲ့နေမိပြန်၏။
သုန်သုန်လဲ လူဘဲလေ..။ သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့ လူ..။ အဲ့တော့..သွေးသားဆန္ဒက တောင်းဆိုလာသည့် အရာကို..ငြင်းပယ်ဖို့ရန် ခွန်အား သုန်သုန်ဆီမှာမရှိတော့..။

လိုချင်သည်။ ချစ်ရသူရဲ့ အထိတွေ့..အပြုစု .အယုယတွေ..။ သုန်သုန် ဦးနဲ့အတူ နေချင်တယ်..။
ဦးဆီမှာရော..သုန်သုန်လိုမျိုး ခံစားချက်တွေ ရှိနေမလား..။ သုန်သုန် အရမ်းဘဲ သိချင်နေမိတယ်..ဦး..။

သုန်သုန် ဘာမှတွေးမနေတော့ဘဲ..ရေချိုးကန်ထဲကနေ ထလိုက်လေသည်။ တဘက်တစ်ထည်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို မလုံတလုံပတ်လိုက်ပြီး..သုန်သုန် ဦးအခန်းရှိရာကို ထွက်လာခဲ့လိုက်တော့တယ်.။ သုန်သုန် အခန်းတံခါးကို မခေါက်တော့ဘဲ..ဒီအတိုင်း..ဖွင့်၀င်သွားလိုက်တော့သည်။ အခန်းထဲမှာ ဦးကို မတွေ့ရဘူး.။. ဒါပေမယ့်..ရေချိုးခန်းထဲက ။ရေကျနေသည့် အသံသဲ့သဲ့ကို ကြားနေရတာကြောင့်..ဦးရေချိုးနေမှန်း သုန်သုန် သိလိုက်ရတယ်..။

ဦးချစ်သော.အမွှေစိန်လေးDonde viven las historias. Descúbrelo ahora