အပိုင်း🦋၂၂🦋

1.6K 243 7
                                    


"ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၂၂🌺

          သုန်သုန် နွေဦးသခင်နှင့်အတူနေမည့် ကိစ္စကို သုန်သုန်အဖေ ဦးလင်းရှိန်က....အပြင်းထန်ကို ကန့်ကွက်ခဲ့လေသည်။ သို့ပေမယ့်..ဦးလင်းထင်၏..ဖြောင်းဖျမှုတွေရယ်..သုန်သုန်၏ ခေါင်းမာမှုတွေကြောင့် ဦးလင်း‌ရှိန် လက်လျော့လိုက်ရလေသည်။ သို့ပေမယ့်..လွယ်လွယ်ကူကူနှင့်တော့ လက်လျော့ခဲ့ခြင်းတော့မဟုတ်..။ သုန်သုန်အပေါ်..ဦးလင်းရှိန်တစ်ယောက် အရမ်းကို စိတ်တို ဒေါသထွက်ခဲ့ပြီးမှ လက်လျော့ခဲ့ခြင်းဖြစ်သည်။

""လင်း၀သုန်..မင်းက ငါ့သားမဟုတ်တော့ဘူး..ငါ့ရဲ့သားလင်း၀သုန်ဆိုတာ ..ဒီလောကကြီးထဲမှာမရှိတော့ဘူး..သေသွားပြီ.ဒီနေ့ကစပြီး ငါကမင်းရဲ့အဖေမဟုတ်တော့ဘူး..အဲ့တော့..မင်းဘာဖြစ်ဖြစ် ငါနဲ့မဆိုင်တော့ဘူး..မင်းနဲ့ငါ ဒီနေ့..ဒီနေရာမှာဘဲ..သေခန်းပြတ်ပြီ လင်း၀သုန်...""

ဒေါသတကြီးနှင့် ဦးလင်းရှိန်ပြောပြီး ထွက်သွားခဲ့လေသည်။
ကလေးငယ်လေးတစ်ယောက် ငိုရှိုက်ရင်းနှင့် သုန်သုန်ကျန်ရစ်ခဲ့သည်။

""သား..သုန်သုန်..ငိုမနေပါနဲ့တော့ကွာ..သားရဲ့အဖေက စိတ်တိုတုန်း ခဏမို့ .ပြောတာပါကွာ..နောက်စိတ်ပြေသွားရင်..သားကိုပြန်ခေါ်မှာပါ..""

ဦးလင်းထင်..သုန်သုန်ရဲ့ပုခုံးလေးကိုအသာပုတ်‌ပြီး နှစ်သိမ့်ပေးလိုက်သည်။

""လေးလေး..သုန်သုန်အရမ်း၀မ်းနည်းတာဘဲ..အီး..ဟီး..ဟီး..သုန်သုန်ကို..ဖေဖေ စိတ်နာသွားပြီထင်တယ်..""

""မငိုနဲ့..တိတ်တော့..ဒါက မင်းကိုယ်တိုင်ရွေးချယ်ခဲ့တဲ့..လမ်းဘဲလေ..လင်း၀သုန်..ဒါအစဘဲရှိသေးတယ်..မင်းကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရဦးမယ် ကလေး..""

သုန်သုန်ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း ဦးလင်းထင်က ဆိုလာလေသည်။

""သားသုန်သုန်..မင်းက..လိင်တူခြင်းစိတ်၀င်စားတဲ့ gay တစ်ယောက်ဆိုတာကို လေးလေးလက်ခံနိုင်ပေမယ့်..သားရဲ့အဖေကတော့ အခုချိန်ထိ မသိသေးဘူးလေ..သူသိသွားခဲ့ရင်ရော..လေးလေးလိုမျိုး သူလက်ခံနိုင်ပါ့မလား..လက်မခံနိုင်ဘဲ..သူဘက်က အပြင်းထန် ကန့်ကွက်တာမျိုးတွေ..ချုပ်ချယ်တာမျိုးတွေ လုပ်လာတော့မှာ သားရဲ့...နောက်ဆို..လေးလေးလဲ သားကိုအချိန်ပြည့်..ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး..အဲ့တော့..သားကိုယ်တိုင် ကိုယ့်ဘာသာ ကာကွယ်တတ်အောင်..ဖြစ်လာနိုင်တဲ့အကြောင်းတရားတွေကို ရင်ဆိုင်နိုင်မဲ့ သတ္တိရှိအောင် အခုကတည်းက ပြင်ဆင်ပြီး အားမွေးထားသင့်ပြီ သား.."""

ဦးချစ်သော.အမွှေစိန်လေးDonde viven las historias. Descúbrelo ahora