အပိုင်း🌺၃🌺

4.1K 472 24
                                    


""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၃🌺

🌺ဆုံစည်းခြင်းအစ ငံပြာရည်က🌺

""အတာရေ...အတာ..... ""
မီးဖိုချောင်ထဲကနေ အန်တီတူးမာတစ်ယောက် အတာကို အသည်းသန်ခေါ်နေလေသည်.။

""အန်တီတူးမာ...အတာမရှိဘူးဗျ...""
သုန်သုန် မီးဖိုးချောင်ထဲ ဝင်သွားပြီးပြောလိုက်၏။

""အိမ်မှာမရှိဘူးဆိုတော့...အဲ့အကောင်က..ဘယ်သွားနေလို့တုန်း..သခင်လေးရဲ့...""

""ဟိုလေ..သုန်သုန် ပီဇာစားချင်လို့..ပီဇာသွားဝယ်ခိုင်းလိုက်လို့ပါ..""

""ဟေ...အဲ့ဒါမှ..ဒုက္ခပါဘဲ..""

""ဟင်..အန်တီတူးမာ ဘာဒုက္ခဖြစ်လို့လဲ.ဟင်..""

""ဒီနေ့..သခင်လေးစားချင်တဲ့..မုန့်ဟင်းခါးချက်မလို့လေ..အဲ့ဒါ.ငံပြာရည်ကုန်နေလို့..မိချိုသဲတို့ဆီမှာ သွားဝယ်ခိုင်းမလို့ဟာ..အခု ဘယ်လိုလုပ်ရမလဲ...ဟင်းအိုးက တန်းလန်းကြီး.ဦးမိုးကိုသွားဝယ်ခိုင်းရအောင်ကလဲ..ဦးမိုးက မိချိုသဲတို့အိမ်က ခွေးကိုကြောက်တော့ သွားဝယ်ပေးမှာမဟုတ်ဘူး..သခင်လေးရဲ့.""

""သြော်...အန်တီတူးမာရယ်..ဘာများလဲလို့..သုန်သုန်ဘဲ သွားဝယ်ပေးပါ့မယ်..ဂျက်ကီကြီးကိုလဲ..မတွေ့ရတာကို..ကြာပြီ..ဦးမိုးကြီးက အလကားနေရင်း ဂျက်ကီကြီးကို ကြောက်နေတာ..ဂျက်ကီကြီးကဖြင့် အရမ်းကိုလိမ္မာပါ့...""
သုန်သုန် ပြောရင်းနှင့် လမ်းထိပ်က အန်တီချိုသဲတို့အိမ်ဆီကို ထွက်လာခဲ့လိုက်၏။
🚶🚶🚶
""ဟာ..သားသုန်သုန်...အန်တီတို့ဆီ..မျက်စိလည်ပြီးရောက်လာတာလား...""

""မဟုတ်ပါဘူး..အန်တီချိုသဲရဲ့..ဒီကိုဘဲ..လာတာ..အန်တီတူးမာက..ငံပြာရည်ဝယ်ခိုင်းလိုက်လို့ပါ..""

""တူးမာတို့များနော်..ကိုယ့်သခင်လေးကို..ပြန်ပြီးခိုင်းစားနေပါ့လား..""

""အဲ့လိုလဲ မဟုတ်ပါဘူး..အန်တီချိုသဲရယ်...""

""ဝုတ်...ဝုတ်..ဝုတ်.. ""

""ဟော..ဂျက်ကီကြီးတို့များနော်..သုန်သုန်အသံကိုကြားလို့ ထွက်လာပါပြီတော်..""

""ဟီး..ဂျက်ကီရေ...နေကောင်းရဲ့လားကွ..မတွေ့ရတာတောင်ကြာပြီကွာ..ငါလဲမင်းကို အရမ်းလွမ်းပါတယ်ကွ..""

ဦးချစ်သော.အမွှေစိန်လေးWhere stories live. Discover now