""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၁၅🌺""ဘာ...လေးလေး..ဘာပြောလိုက်တယ်..သုန်သုန်တို့က..စင်္ကာပူကို သွားနေရမယ် ဟုတ်လား..""
သုန်သုန် မျက်နှာစူပုတ်ပုတ်နဲ့ သူ၏ဦးလေးဖြစ်သူကိုမေးလိုက်လေသည်။
""ဟုတ်တယ်....မင်းအဖေက...ငါ့ကို စင်္ကာပူမှာရှိနေတဲ့ ကုမ္ပဏီခွဲတစ်ခုမှာ သွားပြီး အလုပ်လုပ်ဖို့အတွက်..အမိန့်ပေးလိုက်လို့...ဒီလအတွင်း သွားရမယ်..""
""ဟာ..လေးလေးကို အလုပ်ကိစ္စနဲ့သွားခိုင်းတာထားတော့..ဘာဖြစ်လို့..သုန်သုန်ကိုပါ..လိုက်ခိုင်းရတာလဲ..""
""လေးလေးက.စင်္ကာပူကို တစ်ရက်..တစ်လလေးသွားတာမဟုတ်ဘူးလေ..အနည်းဆုံး...တစ်နှစ်လောက်တော့ ကြာမှာ..အဲ့တော့ သုန်သုန်ပါ မလိုက်လို့ မဖြစ်ဘူးလေကွယ်..""
""ဘာလို့မဖြစ်ရမှာလဲ..သုန်သုန်ကတော့ မလိုက်ဘူး..ဒီမှာဘဲနေခဲ့မှာ....""
""သုန်သုန်ကို အိမ်မှာ တစ်ယောက်တည်းထားခဲ့ရမှာ..လေးလေးစိတ်မချဘူး.နောက်ပြီး
.မင်းရဲ့ဖေဖေကလဲ..မင်းကို.လေးလေးနဲ့အတူ ခေါ်သွားခိုင်းထားတယ်..သုန်သုန် ..လူကြီးတွေပြောစကားကိုနားထောင်..""""ဟင့်အင်း...မလိုက်ဘူးဆို..မလိုက်ဘူးဘဲ..လေးလေးက အခုမြန်မာပြည်ထဲမှာတောင် သုန်သုန်ကို သေချာဂရုစိုက်ပေးလို့လား...မိုးလင်းထဲက မိုးချုပ်..အလုပ်ထဲမှာဘဲအချိန်ကုန်နေခဲ့တာ မဟုတ်ဘူးလား.. စင်္ကာပူလိုမျိုး..နိုင်ငံရပ်ခြားမှာဆိုရင်..ပိုဆိုးမှာမဟုတ်ဘူးလား..ဟိုရောက်တော့ရော..လေးလေးက သုန်သုန်ကို ဂရုစိုက်မှာမို့လား..အချိန်ပြည့် အလုပ်ထဲမှာဘဲ ခေါင်းနစ်နေမှာမဟုတ်ဘူးလား..အဲ့တော့ ဂရုမစိုက်တာခြင်းအတူတူ..သုန်သုန် ဒီမှာဘဲ နေခဲ့တာ ပိုမကောင်းဘူးလား...""
""လင်း၀သုန်..မင်းကို အလိုလိုက်ထားတာများလွန်းလို့..အရမ်းကြီးဆိုးမလာနဲ့ကွ....အေး..မင်းက ဒီမှာနေခဲ့မယ် ဆိုရင် ရတယ်...ဒါပေမယ့်..မင်းရဲ့အဖေအိမ်မှာ သွားနေရမယ်..အဲ့လိုဆိုရင်ရော..မင်းအဆင်ပြေမှာလား..""
""ဘာ....ဖေဖေအိမ်မှာ သွားနေရမယ်ဟုတ်လား..ဟာသဘဲ..ဖေဖေအိမ်မှာ မိထွေး နှိမ်တာခံမဲ့အစား...ဘုန်းကြီးကျောင်းမှာဘဲ..ကပ္ပိယသွားလုပ်တာကမှ..ကောင်းဦးမယ်..""
